အမေရိကန်နိုင်ငံမှာ ဆေးလိပ်သောက်သူဦးရေ သိသိသာသာ လျော့ကျလာသည့် အချိန်




အမေရိကန်နိုင်ငံမှာ အရွယ်ရောက်ပြီး စီးကရက်သောက်သူလူဦးရေ ရာခိုင်နှုန်း သိသိသာသာ လျော့နည်းလာပါသတဲ့။

၂၀၀၅ ခုနှစ်က ၂၀.၉ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၄ခုနှစ်မှာတော့ ၁၆.၈ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ အမေရိကန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူတွေရဲ့ ဆေးရွက်ကြီးသုံးစွဲမှုဟာ မီဒီယာကမ်ပိန်းတွေ၊ ဥပဒေအသစ်တွေထွက်ပေါ်လာတာနဲ့ ဆက်စပ်မှုရှိနိုင်ပြီး ဆေးလိပ်ဖြတ်လိုက်ကြတာဖြစ်နိုင်တယ်လို့ the Centers for Disease Control and Prevention က ပြီးခဲ့တဲ့သောကြာနေ့က အစီရင်ခံစာ ထုတ်ပြန်ရေးသားထားပါတယ်။

စီးကရက်သောက်သုံးမှုဟာ အသက် ၁၈နှစ်နဲ့ ၂၄ နှစ်ကြား လူငယ်တွေမှာ သိသိသာသာ လျော့နည်းလာတာဖြစ်တယ်လို့ CDC ကဆိုပါတယ်။

အစီရင်ခံစာအရ e-cigarette နဲ့ ဆေးတံရှုမှုတွေကလည်း လူငယ်တွေရဲ့ ဆေးလိပ်သောက်တဲ့ အကျင့်တွေအပေါ် သက်ရောက်မှုရှိတယ်လို့ သိရပါတယ်။

 “ ဆေးလိပ်သောက်ခြင်းကြောင့် နှစ်စဉ် အမေရိကန်နိုင်ငံသား သန်းတစ်ဝက်ခန့် သေဆုံးနေကြပြီး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ကုန်ကျပါတယ်။ ဒီအစီရင်ခံစာက အမေရိကန်နိုင်ငံသားတွေ ဆေးလိပ်ဖြတ်ဖို့အတွက် တကယ့် အကူအညီဖြစ်တဲ့ တိုးတက်ပြောင်းလဲမှုဖြစ်ပြီး ပိုပြီးလည်း အကျိုးသက်ရောက်လာပါလိမ့်မယ်” လို့ CDC ဒါရိုက်တာ Tom Frieden က ပြောကြားသွားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ