ကိုယ်ဝန်ဆောင်စဉ် သင့်တင့်မျှတတဲ့ ကဖိန်းဓါတ် မှီဝဲမှုဟာ ကလေးငယ်ရဲ့ ကျန်းမာရေးကို မထိခိုက်နိုင်




ကော်ဖီကြိုက်တဲ့ မိခင်လောင်းတွေအတွက် စိတ်ပျက်အားလျော့စရာမရှိတော့ပါဘူး။ လေ့လာတွေ့ရှိချက်အသစ်အရ သင့်တင့်မျှတတဲ့ ကဖိန်းဓါတ်စားသုံးမှုဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း ကလေးငယ်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အပြုအမူဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကို မထိခိုက်နိုင်ဘူးလို့ သိရှိရပါတယ်။

ဒီတစ်ပတ်ထုတ် American Journal of Epidemiology ဂျာနယ်မှာ ဖော်ပြချက်အရ Nationwide Children's Hospital က သုတေသီတွေက ကြေညာခဲ့တာဖြစ်ပါတယ် - တစ်နေ့ကို ကော်ဖီ တစ်ခွက် သို့ နှစ်ခွက်သောက်သုံးခြင်းဟာ ကလေးငယ်တွေ အပြုအမူပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ သို့ အ၀လွန်ခြင်းတွေ ဆက်စပ်နေတဲ့ ထင်ရှားတဲ့အချက်အလက်တွေ မရှိဘူးလို့ဆိုပါတယ်။

“တစ်နေ့မှာ ကော်ဖီ တစ်ခွက်ဒါမှမဟုတ် နှစ်ခွက်သောက်လေ့ရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သင့်တင့်မျှတတဲ့ ကဖိန်းဓါတ်စားသုံးမှုရှိတဲ့အတွက် အန္တရာမဖြစ်နိုင်ဘူးဆိုတာ သေချာတဲ့ရလဒ်တွေကို တွေ့ရှိခဲ့ပါတယ် “ လို့ Center for Biobehavioral Health at the Research Institute at Nationwide Children's Hospital မှ သုတေသနမှူး Dr. Sarah Kleim က ထုတ်ဖော်ရှင်းလင်းထားတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ