အင်တာနက်မှာ ညစ်ညမ်းပုံ အလွယ်ရခြင်းက ကာမကိစ္စ အာသာပြင်းပြစေ



အသက် ၂၅နှစ် ဝန်းကျင် အရွယ်ရောက်လူငယ်တော်တော်များများဟာ ကာမကိစ္စ အာသားပြင်းပြနေကြတယ်လို့ ယုံကြည်ထားကြပါတယ်။ အင်တာနက်ပေါ်မှာ ညစ်ညမ်းဓာတ်ပုံ၊ ညစ်ညမ်းရုပ်ရှင်တွေကို အဆုံးအစမရှိ ရနေခြင်းက ကာမကိစ္စကို အာသာပြင်းပြစေတာဖြစ်ကြောင်း လေ့လာမှုတစ်ရပ်က ထုတ်ဖော်ပြသခဲ့ပါတယ်။

လူတစ်ယောက်ဟာ သူ့ရဲ့ ကာမဆိုင်ရာ အတွေးအမြင်၊ ခံစားမှု ဒါမှမဟုတ် အပြုအမူတွေကို ထိန်းချုပ်ဖို့ ခက်ခဲလာတဲ့အခါ ကာမကိစ္စ အာသာပြင်းပြတာပဲဖြစ်ပါတယ်။ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စရပ်ပါပဲ။ ၂၅နှစ်ဝန်းကျင် အရွယ်ရောက်လူငယ် တော်တော်များများမှာ သက်ရောက်မှု ရှိပါတယ်။

ဒီလိုဖြစ်ရတာဟာ အင်တာနက်ပေါ်မှာ ကာမဆိုင်ရာရုပ်ပုံတွေကို အလွယ်တကူ ရယူသုံးစွဲနေနိုင်တဲ့အတွက် ဖြစ်ရတာဖြစ်ကြောင်း Cambridge တက္ကသိုလ်မှ သုတေသီတွေက အခိုင်အမာဆိုထားပါတယ်။

သိပ္ပံပညာရှင်တွေဟာ ကာမကိစ္စစွဲလန်းသူတွေနဲ့ ကျန်းမာတဲ့အမျိုးသားတွေကို ကာမဆိုင်ရာ ရုပ်ပုံတွေပြပြီး သူတို့ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို စမ်းသပ်ခဲ့ပါတယ်။ ကာမကိစ္စစွဲလန်းသူတွေဟာ ကာမဆိုင်ရာရုပ်ပုံ တစ်ပုံတည်းကို ထပ်ကာပြတဲ့အခါ သူ့ရဲ့ ကာမစွဲလန်းမှုက နည်းလာတယ်လို့ ဦးနှောက်ဓာတ်မှန်တွေက ဖော်ပြပါတယ်။ ထိုနည်းလည်းကောင်းပဲ ကျန်းမာတဲ့သူတွေကို ကာမဆိုင်ရာ ရုပ်ပုံ တစ်ပုံတည်း ထပ်တလဲလဲပြတဲ့အခါမှာလည်း ကာမကို စိတ်ဝင်စားမှုက လျော့သည်ထက်လျော့လာပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ