ပရိုဂျက်စတုန်း ထိုးပေးခြင်းဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုယ်ဝန် ပျက်ကျ ခြင်းအား အကူအညီမဖြစ်




တစ်ကြိမ်မက ကိုယ်ဝန်ပျက်ကျဖူးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ပရိုဂျက်စတုန်းထိုးသွင်းပေးခြင်းဟာ နောက်ထပ်ကိုယ်ဝန်ပျက်ကျနိုင်ခြင်းကို အကာအကွယ်မပေးနိုင်တာကို University of Birmingham က လေ့လာချက်အသစ်အရ သိရှိပါတယ်။

ကိုယ်ဝန်ပျက်ကျဖူးသည့် အမျိုးသမီးပေါင်း ၈၂၆ ဦးကို ငါးနှစ်ကြာလေ့လာမှုများ ပြုလုပ်ပီးတဲ့နောက် ပရိုဂျက်စတုန်း ထိုးသွင်းပေးခြင်းဟာ အကူအညီမပေးနိုင်တာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။The New England Journal of Medicine ဂျာနယ်မှာ ဒီတွေ့ရှိချက်အသစ်ဟာ ကိုယ်ဝန်ဆောင် ဆေးမှတ်တမ်း၊ အသက်အရွယ်တွေပေါ်မှာ မူတည်နေတာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ပရိုဂျက်စတုန်း ကို နှစ်ပေါင်း ၆၀ကျော်တိုင် ကိုယ်ဝန်ပျက်ကျခြင်းတွေကို အကာအကွယ်ပေးနိုင်ဖို့ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ဒီတွေ့ရှိချက်အရ ပရိုဂျက်စတုန်း ထိုးသွင်းထားတဲ့ ကိုယ်ဝန်ဆောင်များ ကလေးမွေးနိုင်မှုဟာ ၆၅.၈ ရာခိုင်နှုန်းဖြစ်ပြီး  ပရိုဂျက်စတုန်းအသုံးမပြုတဲ့ ကိုယ်ဝန်ဆောင်များ ကလေးမွေးဖွားနှုန်းဟာလည်း ၆၃.၃ ရာခိုင်နှုန်းရှိနေတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ