e-စီးကရက် ပေါက်ကွဲပြီး အမျိုးသားတစ်ဦး လည်ပင်းရိုးကျိုးကာ ကြောက်မက်ဖွယ်ဒဏ်ရာတွေ ရရှိ




အီလက်ထရောနစ်စီးကရက်သောက်နေတုန်း မျက်နှာမှာပေါက်ကွဲမှုဖြစ်ကာ အမျိုးသားတစ်ဦးဟာ လည်ပင်းရိုး ကျိုးခြင်းနဲ့ အခြားဆိုးရွားတဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်၊ Cordero Caples ဆိုသူဟာ အလုပ်နားချိန်မှာ E- စီးကရက်သောက်နေတုန်း စီးကရက်က ထပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ကျောင်းသားဖြစ်သူ Cordero Caples ကို နီးစပ်ရာဆေးရုံဆီ ပို့ ဆောင်ခဲ့ရပြီး အရေးပေါ်နာ့ဗ်ကြောခွဲစိတ်မှုပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

"ဒီ E-စီးကရက်ကြောင့် လက်ပြတ်ရသူတွေလည်းရှိပါတယ်။ လူတွေဒီလောက်ဆိုးဆိုးရွားရွားခံစားနေရတာ ကျွန်မတို့ လက်မခံနိုင်ပါဘူး” လို့  Cordero Caples ရဲ့ အစ်မဖြစ်သူ Colessia Porter က ပြောပါတယ်။

“ ဒေါင်ဒေါင်မြည်ယောင်္ကျားကြီးတစ်ယောက်က E - စီးကရက်ကြောင့် အကြောသေရတော့မယ့် အခြေအနေ မှာ ရှိနေတာကို တွေ့ ရတာ စိတ်ထဲယူကျုံးမရဖြစ်မိတယ်” လို့ သူမက ၀မ်းနည်းစွာပြောကြားပါတယ်။

ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ E- စီးကရက်ကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Kangertech က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဒါဟာ ပထမဆုံးအကြိမ် E- စီးကရက်ထပေါက်ကွဲတာမဟုတ်ဘဲ လွန်ခဲ့တဲ့လတုန်းကလည်း လူတစ်ယောက် e- စီးကရက်သောက်နေတုန်း မျက်နှာမှာ ထပေါက်ခဲ့မှုကြောင့် လည်ပင်းရိုးကျိုးခဲ့သလို၊ သြဂတ်စ်လတုန်းကလည်း e-cig ကနေ မီးထတောက်လောင်မှုကြောင့် လူတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Metro

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ