ဖရဲသီး စားခြင်းရဲ့ ကောင်းကျိုးများ



အခုလို ပူအိုက်တဲ့ ရာသီဥတုမျိုးမှာ အားလုံး အတွက် ဆွဲဆောင်မှုရှိနေတဲ့ အစားအစာက ကြံရည်နဲ့ ဖရဲသီးပဲ ဖြစ်ပါလိမ့်မယ်။ ဖရဲသီးတွေဟာ ရေဓါတ်ပြည့်ဝစွာ ပေးနိုင်တဲ့အတွက် နွေရာသီမှာ လူတိုင်း မငြင်းတဲ့ အစားအစာ တစ်ခုဖြစ်နေတာပါ။ ဒါဆိုရင် ဖရဲသီး စားခြင်းအားဖြင့် ကျန်းမာရေးအတွက် ကောင်းလာနိုင်တဲ့ အချက်တွေကိုလည်း သိထားဖို့လိုပါလိမ့်မယ်။ ဖရဲသီးဟာ လူသားတွေအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေပါတယ်။ အဲဒါတွေကတော့

၁။ အရိုးကျန်းမာရေး

ဖရဲသီးတွေဟာ ပိုတက်ဆီယံ ပြည့်ဝစွာပါဝင်နေတဲ့အတွက် သင့်ရဲ့ အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့ ကယ်ဆီယမ် ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

၂။ အဆီကျစေခြင်း

ဖရဲသီးတွေမှာ Citrullin ပါဝင်တဲ့အတွက် သင့်ရဲ့ ခန္ဓာကိုယ်အတွင်းမှာ သိုလှောင်ထားတဲ့ အဆီတွေကို လျော့နည်းသွားစေနိုင်ပါတယ်။

၃။ မျက်လုံးနဲ့ အသားအရည်အတွက်ကောင်းမွန်စေခြင်း

ဖရဲသီးမှာ ဗီတာမင်ပေါင်းမြောက်များစွာပါဝင်သလို ဖရဲသီးမှာပါဝင်တဲ့ Beta Carotene ဟာ ဗီတာမင် အေ ကို ဖန်တီးပေးပြီး အမြင် အာရုံ ၊ အရေပြား နဲ့ သွားတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။

၎။ ခုခံအားကောင်းစေခြင်း

ဖရဲသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ခုခံအား စနစ်ကို ကောင်းမွန်စေပြီး တစ်သျှူး အသစ်တွေ ပြန်လည် ဖန်တီး ပေးနိုင်မှာ ဖြစ်ပါတယ်။

၅။ ကျောက်ကပ်ကျန်းမာရေး

အားလုံးသိတဲ့အတိုင်းပဲ ဖရဲသီးဟာ ရေဓါတ်ပြည့်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ဆီးနဲ့ ပတ်သက်ပြီး ကျောက်ကပ်ကို ထိခိုက်မှုမရှိပဲ ဆီးရွှင်စေနိုင်ပါတယ်။ ဆီးရွှင်ခြင်းဟာ သင့်ရဲ့ ကျောက်ကပ် ကျန်းမာရေး ပိုမိုကောင်းမွန်နေတာကို ဆိုလိုပါတယ်။

၆။ အာရုံကြောနဲ့ ကြွက်သားတွေကို ထိန်းချုပ်ပေးခြင်း

ဖရဲသီးဟာ သင့်ရဲ့ အာရုံကြောတွေနဲ့ ကြွက်သားတွေကို ပုံမှန်အတိုင်းလုပ်ဆောင်စေမယ့် လျှပ်စီး တစ်မျိုးပဲဖြစ်ပါတယ်။ အဓိကပါဝင်တဲ့ ပိုတက်ဆီယံ ဟာ ကြွက်သားတွေနဲ့ အာရုံကြော ရဲ့ ပုံမှန် လည်ပတ်နိုင်မှု ကို အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။


Ref : Menxp

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ