အိပ်ပျော်နေချိန်မှာ ဟောက်တာတွေသက်သာပျောက်ကင်းသွားစေမယ့် နည်းလမ်းအသစ်



သင်ဟာ ခိုင်လုံတဲ့အကြောင်းအရင်းမရှိဘဲ အမြဲတမ်း ပင်ပမ်းနွမ်းနယ်နေပြီး ခေါင်းကိုက်တာတွေ ခံစားနေရပြီး သွေးပေါင်ချိန်တွေတက်နေမယ်ဆိုရင် ဒါဟာ ဟောက်တာကြောင့်ဖြစ်ပါတယ်။

ဟောက်တာဟာ သာမာန် စိတ်အနှောက်အယှက်ဖြစ်ရတာထက်ပိုတဲ့ စိုးရိမ်ရတဲ့ကျန်းမာရေးပြနာတစ်ခုပါပဲ - Obstructive sleep apnea (OSA) လို့ ဆေးပညာအရခေါ်ဆိုပါတယ်။

အမေရိကန်လူမျိုး ၁၈သန်းကျော်ဟာ ဒီလိုဟောက်တာဖြစ်ပြီး OSA နဲ့ပတ်သက်နေပါတယ်။

OSA ခံစားနေရတဲ့သူတွေဟာ ညဘက်အိပ်ချိန်မှာ လေ၀င်ရာ အသက်ရှုလမ်းကြောင်းတစ်လျှောက် လုံးဝပိတ်ဆို့သွားတာ ဒါမှမဟုတ် တစ်ဝက်တစ်ပြက်ပိတ်ဆို့သွားတဲ့အခါ မသိလိုက်ဘဲ အသက်ရှုရပ်သွားကြတာ ဖြစ်ပါတယ်။ ေ

မးရိုး၊ လည်ချောင်းနဲ့ လျှာမှာရှိတဲ့ ကြွက်သားတွေ ဖြေလျော့သွားချိန်မှာ အသက်ရှုလမ်းကြောင်းမှာ ပိတ်ဆို့သွားတာဖြစ်တယ်။ အောက်စီဂျင်ပြတ်သွားတဲ့အချိန်က တစ်မိနစ် သို့မဟုတ် တစ်မိနစ်ထက်ကျော်သွားပြီး ညအိပ်ချိန်မှာ ဒီလိုမျိုးအကြိမ်တစ်ရာနီးပါးဖြစ်တဲ့အခါ ဟောက်တာဖြစ်ပါတယ်။

Eastern Virginia Medical School က အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး မေးသိုင်းကြိုးဝတ်ဆင်ပြီး အိပ်တာဟာ အိပ်တဲ့အချိန်မှာ ဟောက်တဲ့ OSA ရောဂါဝေဒနာကို ကုသရာမှာ အကျိုးသက်ရောက်မှုရှိတယ်လို့ ကြေညာခဲ့ပါတယ်။


ဒီမေးသိုင်းကြိုး (Chin Strap)ကို MySnoringSoultion လို့ခေါ်တဲ့ ကုမ္ပဏီက ရောင်းချပေးနေပါတယ်တဲ့။ 

အဆင့်မြင့်နည်းပညာသုံးထားပြီး ပေါ့ပါးကာ သက်တောင့်သက်သာရှိတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။ လူတော်တော်များများကလည်း ဒီ(Chin Strap) ပစ္စည်းကိုအသုံးပြုပြီး အိပ်စက်တဲ့အခါ ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်တယ်လို့လည်း ဆိုပါတယ်။

Ref : howlifeworks

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ