ဂေါက်ရောဂါအတွက် ဆောင်ရန်ရှောင်ရန်

အစားရှောင်ပါ

အသား၊ ကလီစာ၊ ပင်လယ်စာ၊ အဆီအနှစ်နှင့် တစေး (yeast) ပါဝင်သည့်အစားအစာများတွင် purine ဓါတ်ပေါများမှုကြောင့် ဂေါက်ရောဂါရှိသူများအတွက် အဓိ ကရန်သူဖြစ်သည့် ယူရစ်အက်ဆစ် ဖြစ်ပေါ်စေသည်။ အသီးအရွက်များများစားပါ။ ဆန်နှင့်ဂျုံမုန့်များ ဦးစား ပေးစားသုံးပါ။

အသောက်ရှောင်ပါ

အရက်နှင့်ယမကာများသည် purine ဓါတ်ကို ခန္ဓာကိုယ်မှ စွန့်ထုတ်ရာ၌ အခက်အခဲဖြစ်စေသည်။ အချို ရည်များသည်လည်း ဂေါက်ရောဂါထစေသည့် အန္တရာယ် ရှိသည်။

အလေးချိန်လျှော့ပါ

ကိုယ်အလေးချိန်များလျှင် ဂေါက်ရောဂါ မကြာခဏ ထတတ်သည်။ ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ရန် အပျော့စား လေ့ကျင့်ခန်းများနေ့စဉ်လုပ်ပါ။

အချဉ်စားပါ

လိမ္မော်သီး၊ ပန်းဂေါ်ဖီစိမ်းနှင့် ဗိုက်တာမင်စီ ပါဝင် သော အသီးအနှံများများစားပါ။ ဗိုက်တာမင်စီသည် ယူရစ်အက်ဆစ်ကိုလျော့ကျစေသည့် အာနိသင်ရှိသည်။

နာနတ်သီး

နာနတ်သီးမှရသည့် brome lain အင်ဇိုင်းသည် ဂေါက်ရောဂါ ကြောင့်ဖြစ်သည့် ရောင်ရမ်းခြင်း၊ နာကျင် ခြင်းများကို သက်သာစေသည်။

သီဟ
Source:RD
Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ