ကျန်းမာရေးအတွက် ထိခိုက်စေမယ့် အပြုအမူတစ်ချို့
ကျန်းမာရေးဆိုတာ ဆေးဝါးသောက်သုံးပြီး ဂရုစိုက်ပါမှ ကောင်းမွန်လာမှာ မဟုတ်ပါဘူး။ မိမိဘာသာ နေ့စဉ် ဂရုစိုက်နေရုံနဲ့ တင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း လူတစ်ချို့ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တယ် ၊ ကျန်းမာရေး လိုက်စားတယ်ဆိုပေမယ့်လည်း ကျန်းမာရေးအတွက် ထိခိုက်စေမယ့် မရည်ရွယ်တဲ့ အပြုအမူတစ်ချို့ကိုတော့ မလုပ်မိအောင် သတိထားသင့်ပါတယ်။ အဲဒီ အမူအကျင့်လေးတွေကတော့
၁။ မျက်စိကိုပွတ်ခြင်း
လေထုညစ်ညမ်းမှု ကတော့ အဓိက တရားခံပါ။ မျက်စိထဲကို ဖုန်မှုန့်ဖြစ်စေ ၊ ဘက်တီးရီးယားတွေဖြစ်စေ ၀င်ရောက်လို့ ယားလာတဲ့အခါမှာ ကျွန်ုပါတို့ဟာ ပြင်းထန်စွာ ပွတ်ကြပါတယ်။ အဲဒီလို ပြင်းထန်စွာပွတ်ခြင်းအားဖြင့် အာရုံကြောတွေကို ထိခိုင်နိုင်ပြီး မျက်ရည်ထွက်ကာ မျက်ကြည်လွှာတွေကိုပါ ပျက်စီးစေနိုင်ပါတယ်။
၂။ အပေါ့သွားဖို့ ထိန်းချုပ်ထားခြင်း
တစ်ခါတစ်လေမှာတော့ အောင့်ထားဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိတဲ့အနေအထား တစ်ခုကို ရောက်လာတတ်ပါတယ်။ အဲဒီလို ဆီးသွားချင်စိတ်ကို ထိန်းချုပ်ထားခြင်းဟာ ဆီးအိတ် ၊ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ကို ပြင်းထန်စွာ ထိခိုက်စေပြီး ကူးစက်ရောဂါတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
၃။ နှာခေါင်းပွတ်ခြင်း
မရည်ရွယ်ပေမယ့်လည်း ပတ်ဝန်းကျင်ကို ဒိုင်လျှိုလေးအကဲခတ် ဖို့ ကြိုးစားတဲ့အခါမှာ နှာခေါင်းလေးကို မသိမသာ ပွတ်တတ်တာ နိုင်ငံ အသီးသီးက လူသားတွေရဲ့ သဘာဝပါ။ အဲဒီလိုနှာခေါင်းကို ပွတ်တာများလာတဲ့အခါမှာတော့ ကူးစက်ရောဂါတွေ အလွယ်တကူ ဖြစ်စေနိုင်ပါတယ်။
၎။ လေမလည်ပဲအောင့်ထားခြင်း
လေလည်ရမှာ ရှက်တဲ့အတွက် အောင့်အီးထားခြင်းဟာ သင့်ရဲ့ အစာအိမ်က တစ်ဆင့် အူလမ်းကြောင်းအားလုံးကို ထိခိုက်စေနိုင်ပါတယ်။
၅။ ၀က်ခြံတွေကို ကုတ်ခြင်း
ဝက်ခြံရှိလာတဲ့အခါမှာ ထိုဝက်ခြံကို အတတ်နိုင်ဆုံး မထိမကိုင်ပဲ လိုအပ်တဲ့ ဆေးတွေသာ လိမ်းပေးသင့်ပါတယ်။ လက်နဲ့ ကိုင်ပါများတဲ့အခါမှာ ၀က်ခြံ ဟာ ပေါက်ပြဲသွားပြီး လေထုထဲ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယား တွေကို အရေပြားထဲ ရောက်ရှိသွားစေပြီး ကူးစက်ရောဂါတွေဖြစ်ပွားစေနိုင်ပါတယ်။
Ref : Menxp
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin