အလုပ်ခွင်မှာ တစ်နေကုန် ထိုင်နေရသူတွေ ကျန်းမာရေးအတွက် လမ်းမလျှောက်ပေးရင် အသေစောနိုင်


တစ်နေ့ကိုခြေလှမ်းပေါင်း ၄၀၀၀ လောက်တော့ လမ်းလျှောက်ပေးဖို့ လိုပါတယ်

ထိုင်နေခြင်းဟာ ဆေးလိပ်သောက်ခြင်း အသစ်တစ်မျိုးပဲဖြစ်ပါတယ်။

ဒါဟာ ခိုင်မာတဲ့ ထုတ်ပြန်ချက်ပါ။ ဒါပေမယ့်လည်း သက်သေပေါင်းမြောက်များစွာက အထိုင်များခြင်းဟာ သင့်ရဲ့ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကိုသာ သက်သေပြနေပါတယ်။

လှုပ်ရှားမှု များတဲ့ လူတွေနဲ့နှိုင်းယှဉ်ကြည့်ပါက တစ်နေ့ကို ၈ နာရီထက်ပိုထိုင်တဲ့ လူတွေဟာ စောစော သေဆုံးဖို့ ၁၅ ရာခိုင်နှုန်း ပိုများနေပါတယ်။ တစ်နေ့ကို ၁၁ နာရီထက်ပိုထိုင်တဲ့ လူတွေအတွက်တော့ ၄၀ ရာခိုင်နှုန်း စောစော သေဖို့ ဖြစ်နိုင်နေပါတယ်။

တစ်ကယ်တော့ လူသားတွေဟာ နေ့စဉ် အချိန်ကြာရှည်စွာ အလုပ်စားပွဲမှာ အလုပ်ထိုင်လုပ်ဖို့နဲ့ ကွန်ပျုတာ မျက်နှာပြင်တွေကို တစ်နေကုန် ကြည့်နေဖို့ ဖန်တီးထားတာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျွန်ုပ်တို့ရဲ့ လူမှု ဘ၀ မှာလည်း ထိုင်နေရတာသာ များပါတယ်။ သူငယ်ချင်းတွေနဲ့ ကော်ဖီသောက်မယ်။ ညစာစားမယ်။ ထိုင်နေရဦးမှာပါပဲ။

အဲဒီလို အထိုင်များနေတဲ့ ကျွန်ုပ်တို့ဟာ လေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်မရကြပါဘူး။ ကျွန်ုပ်တို့ရဲ့ အလုပ် ၊ အိပ်ချိန်နဲ့ လူမှု ဘ၀ကြားမှာ အားကစား ခန်းမ သွားဖို့ လောက်အထိ အချိန် မလုံလောက်ပါဘူး။

ဒါဆိုရင်တော့ အကောင်းဆုံးလုပ်နိုင်တာတစ်ခု က လမ်းလျှောက်ဖို့ပါ။ ကျွန်ုပ်တို့လို အလုပ်ခွင်သွား ရတဲ့လူတွေဟာ တစ်နေ့မှာ ခြေလှမ်းပေါင်း ၄၀၀၀ ပြည့် အောင် လမ်းမလျှောက်ဖြစ်ကြပါဘူး။ အဲဒီလို နေ့စဉ် လျှောက်လှမ်းနေတဲ့ ခြေလှမ်းအရေအတွက် ကို တစ်ထောင် လောက်ထပ်တိုး လိုက်နိုင်မယ် ဆိုရင်တော့ ကျန်းမာရေး အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်နိုင်မှာပါ။

ထိုင်တဲ့အခါမှလည်း မိနစ် ၃၀ မှာ တစ်ခါလောက်တော့ ထိုင်ပုံထိုင်နည်းပြောင်းတာမျိုးလည်း လုပ်သင့်ပါတယ်။ ကျောက်ချထားသလို ထိုင်နေတာမျိုးကတော့ ကျန်းမာရေးအတွက် ပိုဆိုးနိုင်ပါတယ်။

မတ်တပ်ရပ်ခြင်းနဲ့ လမ်းလျှောက်ခြင်းတို့သာလျှင်  ခြေထောက်မှာရှိတဲ့ သွေးလည်ပတ်မှုနှုန်းကို ပိုမို အားကောင်း စေပြီး ကယ်လိုရီတွေကို တိုက်ဖျက်ပေးနိုင်မှာ ဖြစ်ပါတယ်။

(Mario)

Ref : Dailymail


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ