ဒေါက်ဖိနပ်နှင့် နောက်ဆက်တွဲ ပြဿနာများ

အနာမခံဘဲ အသာမစံရ နိုင်ပေ။

ဒေါက်မြင့်ဖိနပ်နှင့် နာကျင်မှုမှာ ဒင်္ဂါးပြားမှ ခေါင်းနှင့် ပန်းကဲ့သို့ ခွဲခြား၍ မရပေ။ လေ့လာမှု အချို့အရ ဒေါက်ဖိနပ်စီးခြင်းက ဆေးလိပ် သောက်ခြင်းထက် ကျန်းမာရေးကို ပိုမိုဆိုးဝါး စေသည်ဟု အကြံပြု ခဲ့သည်။ ဒေါက်မြင့် ဖိနပ်များကို အချိန် ပမာဏ တစ်ခုအထိ ဝတ်ဆင်ပြီးပါက ကျန်းမာရေး၌ ဆိုးဝါးသော နောက်ဆက်တွဲ ပြဿနာ များကို ဖြစ်ပေါ်စေသည်။ ဒေါက်မြင့် ဖိနပ်တစ်ကြိမ် စီးတိုင်း ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ခြေချောင်းတွေကို ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အလေးချိန်ကို သယ်ခိုင်း ထားသလို ဖိအား အများကြီး ဖြစ်ပေါ် စေပါတယ်။

အဲဒီအခါ ကျန်တဲ့ ခန္ဓာကိုယ် တစ်ခုလုံးက ခန္ဓာကိုယ်ကို ထိန်းညှိပေးရန် ကြိုးစားရပါတယ်။ အဲဒီခန္ဓာကိုယ် အောက်ပိုင်း တစ်ဝက်က ရှေ့ကိုငိုက်ပြီး၊ အပေါ်တစ်ဝက်က နောက်ကို လှန်ထားရပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်ရဲ့ သဘာဝ ''ပုံစံ ကောက်ကြောင်းကို ပျက်စေပြီးလည် ပင်းရိုးများနဲ့ ခါးရိုးများကို ဟသွားစေ ပါတယ်။ ဒါ့အပြင် ဒေါက်မြင့် ဖိနပ်စီးပြီး လမ်းလျှောက် ပုံကြည့်ရတာ တကယ်ကို ထူးဆန်းပြီး၊ မသက်မသာ ဖြစ်ရပါတယ်။ အကယ်၍ အမျိုးသမီး တစ်ဦးက နေ့စဉ် ဒေါက်မြင့်ဖိနပ် ဝတ်ပါက သူမ၏ ခြေချောင်းများသည် အမြဲတမ်း ကွေးနေရသည့် အတွက် ပုံပျက်ယွင်းမှုများ ဖြစ်ပေါ် စေပါသည်။

ဒေါက်မြင့်စီးသူများ လမ်းလျှောက်ချိန် ကြာလာတာနဲ့ အမျှ သူမတို့ ခြေသလုံးရှိ ကြွက်သားများ တဖြည်းဖြည်းတို လာကြပြီး နာကျင်မှုကို ခံစားလာရကာ၊ ဟန်ချက် ထိန်းသိမ်းနိုင်မှု လျော့နည်းလာပြီး၊ ချော်လဲခြင်း၊ ထိခိုက် ဒဏ်ရာ ရခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထို့ပြင် ဒေါက်မြင့်စီး၍ လမ်းလျှောက်ချိန်တွင် ပေါင်ရှေ့ခြမ်းရှိ ကြွက်သား များမှာ နားချိန်မရဘဲ တောက်လျှောက် အလုပ်လုပ်ရသည့်အတွက် တဖြည်းဖြည်း တိုလာကြပြီး ရလဒ်အနေဖြင့် အရိုးအဆစ် ရောင်ခြင်းများ ဖြစ်ပွားနိုင်သည်။ ဥပမာ ခြေမနာခြင်း၊ ဖနောင့်နာခြင်း၊ ခြေကျင်းဝတ် နာခြင်း၊ ပေါင်ရိုးနာခြင်း၊ ခါးနာခြင်း၊ ကျောနာခြင်း၊ ခေါင်းကိုက် ခြင်းတို့ ဖြစ်စေနိုင်သည်။ ဒေါက်မြင့် စီးခြင်းက ကျောရှိ ကြွက်သားများကို တောင့်တင်း သွားစေပြီး ယင်းကတစ်ဖန် ပြန်၍အာရုံကြောများကို ဖိစေသည့် အတွက်နာတာရှည် ခေါင်းကိုက်ရောဂါ ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးများက လှပပြီး စတိုင်ကျဖို့ အတွက်ဆိုရင်၊ နာတာရှည် ဖြစ်နိုင်သည့် ပြဿနာများကို လျစ်လျူရှုပြီး ဒေါက်မြင့် စီးလေ့ရှိသည့် အတွက်မိမိနှင့် သင့်လျော်သော ဖိနပ်သာ စီးသင့်ကြောင်း အကြံပေးလိုက် ရပါသည်။

မိုင်ကိ

Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ