မနက်စာမစားပဲကျောင်းသွားတဲ့ ကလေးတွေ စာမလိုက်နိုင်ဖြစ်




သြစတြေးလျနိုင်ငံ က ကလေးငယ်အများစုဟာ ဗိုက်ဆာစွာနဲ့ ကျောင်းသွားနေရတယ်လို့ သုတေသန အသစ်တစ်ခု အရ သိရပါတယ်။

အဲဒီလို မနက်စာ မစား ပဲ ကျောင်းသွားတဲ့ ကလေးတွေဟာ နေ့စဉ် စာသင်ကြားမှုမှာ ၂ နာရီ စာလောက် ဆုံးရှုံးလိုက်ရတယ်လို့ လေ့လာမှု တစ်ခုက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

တစ်ပတ်မှာ တစ်ရက်လောက်ပဲ မနက်စာ မစားပဲ ကျောင်းသွားတဲ့ ကလေးတွေဟာ တစ်နှစ်စာမှာ သင်ကြားနိုင်မှု နှုန်းလျော့ကြနိုင်ပါသေးတယ်။ အကြောင်းအရင်းကတော့ ဗိုက်ဆာနေတဲ့ ကလေးငယ်တွေဟာ ဗိုက်ဆာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အာရုံစူးစိုက်မှု နည်းလာခြင်း ၊ မောပန်းနွမ်းနယ်ခြင်း နဲ့ အမူအကျင့်ဆိုင်ရာ ပြသနာတွေကို ကြုံတွေ့လာရနိုင်ပါတယ်။

ကျောင်းဆရာ ၅၃၂ ယောက်ကို စစ်တမ်းကောက်ယူပြီး မေးမြန်းခဲ့ရာမှာတော့ စာသင်ခန်းတစ်ခုမှာ ကျောင်းသား ၃ ယောက်ခန့်ဟာ အမြဲတမ်း မနက်စာ မစားပဲ ကျောင်းကိုရောက်လာတတ်ပါတယ်။ ဒါ့အပြင် အစိုးရ စာသင်ကျောင်းတွေ ဟာ အစိုးရ မဟုတ်တဲ့ စာသင်ကျောင်းတွေထက် မနက်စာ မစားပဲ ကျောင်းရောက်လာတဲ့ ကျောင်းသား အရေအတွက် ၃ ဆ ပိုများနေပါတယ်။

အဲဒီလို မနက်စာ မစားပဲ ကျောင်းရောက်လာတတ်တဲ့ ကလေးငယ်တွေရဲက ၇၃ ရာခိုင်နှုန်းခန့်ဟာ အာရုံစူးစိုက်ရာမှာ အခက်အခဲရှိတတ်ကြပြီး ၆၆ ရာခိုင်နှုန်းဟာ သင်ကြားရေးမှာ စိတ်မပါလက်မပါ ဖြစ်တတ်ကြသလို ၅၄ ရာခိုင်နှုန်းက တော့ စာမလိုက်နိုင်ကြပဲ ၅၂ ရာခိုင်နှုန်းကတော့ အပြုအမူနဲ့ ဆိုင်တဲ့ ပြသနာတွေကို ကြုံတွေ့နေရတယ်လို့ လေ့လာမှု အရသိရပါတယ်။

ဆရာ ၊ ဆရာမ တွေရဲ့ ပြောကြားချက်အရ အဲဒီလို ဗိုက်ဆာနေတတ်တဲ့ ကျောင်းသားတွေဟာ အမြဲတမ်း ကျောင်းနောက်ကျတတ်တဲ့ ကျောင်းသားတွေဖြစ်ကြပြီး သူတို့ဟာ ပျက်ကွက် စာရင်းမှာ ထိပ်ဆုံးက ရှိနေတတ်တယ်လို့လည်း ဆိုပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ ကျောင်းသားတွေကို မနက်စာကျွေးတဲ့ ကျောင်းတွေမှာတော့ ကောင်းမွန်တဲ့ ရလဒ်တွေထွက်ပေါ်လာပါတယ်။။ ကျောင်းမှာ မနက်စာစားတဲ့ ကျောင်းသားတွေရဲ့ ၉၇ ရာခိုင်နှုန်းဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်ကြပြီး ၉၁ ရာခိုင်နှုန်းကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ ကောင်းမွန်နေတာကို တွေ့ခဲ့ရပါတယ်။

ကျန်းမာရေးတင်မပဲ အဲဒီလို မနက်စာစား ပြီးမှ ကျောင်းစာသင်ကြားတဲ့ ကလေးငယ် ၈၃ ရာခိုင်နှုန်းဟာ ကျောင်း က ၀န်ထမ်းအားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးရှိကြပြီး ၇၀ ရာခိုင်နှုန်းကတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေတတ်လာကြပါတယ်။

( Mario )

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ