နာတာရှည်သောဒဏ်ရာများကို အာလထရာဆောင်းရိုက်ခြင်းဖြင့် သက်သာစေနိုင်


 ဇူလိုင် ၁၃၊ ကျန်းမာရေး

 လူတို့ တွင် ဖြစ်ပွားသော ဒဏ်ရာ၊အနာများသည် သက်သာပျောက်ကင်းရန် ရံဖန်ရံခါ လနှင့်ချီ ကြာမြင့်လေ့ရှိရာဝယ် အာလ်ထရာဆောင်းလှိုင်းများ ဆက်တိုက်လွှတ်ပေးခြင်းဖြင့် အနာကျက်သည့်နှုန်းမြန်ဆန်လာသည်ကို တိရိစ္ဆာန်များ တွင် စမ်းသပ်အောင်မြင်ပြီဖြစ်သည့်အတွက် လူတို့ တွင်လည်း ဆက်လက်စမ်းသပ်သွားတော့မည်ဖြစ်ကာ စမ်းသပ်မှု အောင်မြင်သွားလျင် လူတို့ ၌ဖြစ်ပွားသော ဒဏ်ရာ၊အနာများကို အကျက်မြန်စေရန် အာလထရာဆောင်းကုထုံးကို အသုံးပြုသွားတော့မည်ဖြစ်ကြောင်း ယူကေသိပ္ပံပညာရှင်များက ပြောသည်။

ကြွက်တွေမှာ စမ်းသပ်ကြည့်တဲ့အခါ ရထားတဲ့ဒဏ်ရာတစ်ခုကို အာလ်ထရာဆောင်းလှိုင်းတွေ လွှင့်ပေးလိုက်ရုံနဲ့  ဒဏ်ရာအနာကျင်တဲ့နှုန်းက သုံးပုံတစ်ပုံလောက် ပိုပြီးမြန်လာတာကို တွေ့ ရပါတယ်။ ယူကေမှာ တစ်ရက် တစ်ရက် ကို ဒဏ်ရာရရှိသေူ လူပေါင်း ၂ သိန်း လောက် ရှိနိုင်ပါတယ်။ အခန့် မသင့်ရင် အဲဒီအနာသက်သာဖို့  ရက်သတ္တပတ် ပေါင်းများစွာ ကြာမြင့်တတ်တဲ့အတွက် လူ့ စွမ်းအားအရင်းအမြစ် ဆုံးရှုံးသလို ဝေဒနာခံစားရတဲ့ကာလလည်း ကြာမြင့်တဲ့အတွက် အဆင်မပြေလှပါဘူး။ ဒဏ်ရာတွေကို အာလ်ထရာဆောင်းမှန်မှန်ရိုက်ပေးလိုက်ရုံနဲ့  ဒဏ်ရာ သက်သာတဲ့နှုန်းလည်း မြန်ဆန်လာတာကို တွေ့ ရတဲ့အတွက် ဒဏ်ရာအနာရပြီး ချက်ခြင်းမကျက်တဲ့ပြဿနာရဲ့  အဖြေဟာ တပိုင်းတစတော့ ပေါ်လာပြီလို့  ပြောနိုင်ပါတယ်ဟု သုတေသီတစ်ဦးက ပြောသည်။

အာလထရာဆောင်းကို အရိုးဒဏ်ရာတွေကုသဖို့ သုံးခဲ့တာ ကြာပါပြီ။ ဒဏ်ရာတွေအကျက်မြန်ဖို့ ကတော့ အခုမှ စပြီး စမ်းသပ်ကြည့်နေတာပါ။ တိရိစ္ဆာန်တွေမှာ စမ်းသပ်အောင်မြင်ပြီးဖြစ်တဲ့အတွက် လူတွေမှာလည်း အသုံးတည့် မှာပါ။ ဒါဆိုရင်တော့ အရင်လို အနာကျက်ဖို့  အချိန်အကြာကြီးမစောင့်ရတော့ဘူးပေါ့ ဟု ၄င်းက ဆက်လက်ပြောပြ သည်။

ရှယ်ဖီးတက္ကသိုလ်နှင့် ဘရစ်စတောတက္ကသိုလ်တို့ မှ ပူးပေါင်းသုတေသီအဖွဲ့ က အာလ်ထရာဆောင်းလှိုင်းများဖြင့် အနာဒဏ်ရာများကို လှုံ့ ဆော်ပေးခြင်းအား ကြွက်များတွင် စမ်းသပ်အောင်မြင်ခဲ့ပြီဖြစ်သည့်အတွက် ဆီးချိုသမား များတွင် ဖြစ်ပွားသော ခြေထောက်အရေပြား ရေကြည်ဖုထ၊ အသားမာတက် နာကျင်ခြင်း၊ နှင်းကိုက်ခြင်း၊ ဆီးချို သမားများတွင်ပင် ဒဏ်ရာမကျက်နိုင်ဘဲ ကိုယ်လက်အင်္ဂါ ဖြတ်ထုတ်ပစ်ရမည့် အဆင့်သို့ ရောက်ရှိခြင်း အစရှိသည် တို့ ကို ကာကွယ်သွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သမန်းကျား
Lashio News Diary
https://www.facebook.com/lashio.news.city

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ