အထိုင်များလွန်းခြင်းက အမျိုးသမီးများတွင် ကင်ဆာအန္တရာယ်နှင့် ဆက်စပ်





အချိန်များစွာကြာအောင် အထိုင်များခြင်းဟာ ရောဂါအမျိုးမျိုးနဲ့ ဆက်စပ်မှုရှိပါတယ်။ အမျိုးအစား ၂ ဆီးချိုရောဂါနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါအန္တရာယ် တိုးလာခြင်း တို့လည်းအပါအ၀င်ပါပဲ။

အခုလည်း အထိုင်များခြင်းဟာ အမျိုးသမီးတွေအတွက် ကင်ဆာရောဂါ အချို့ဖြစ်ပွားနိုင်နှုန်း တိုးလာကြောင်းကို လေ့လာမှုသစ်တစ်ရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လေ့လာမှုတွင်ပါဝင်ခဲ့တဲ့ တစ်နေ့ကို ၆နာရီထက်ပိုထိုင်ခဲ့ကြတဲ့ အမျိုးသမီးတွေဟာ တစ်နေ့ ၃နာရီအောက်နည်းပြီး ထိုင်ခဲ့တဲ့ အမျိုးသမီးတွေထက် ရင်သားကင်ဆာ၊ သားမျိုးဥအိမ်ကင်ဆာ နဲ့ သွေးကင်ဆာ ဖြစ်ပွားနိုင်နှုန်း ပိုမြင့်နေတာကို တွေ့ရှိခဲ့ရတာပါ။

 “ထိုင်ပြီး သက်တောင့်သက်သာ ရှိနေချိန်ပိုများတာဟာ အမျိုးသမီးတွေမှာ ကင်ဆာရောဂါအန္တရာယ်  မြင့်တက်မှုနဲ့ ဆက်စပ်နေပါတယ်။” လို့ သုတေသီတွေက ၄င်းတို့ရဲ့ သုတေသနစာတမ်းထဲမှာ ရေးခဲ့ကြပါတယ်။

တစ်နေ့ကို ၆နာရီထက်ပိုပြီး ထိုင်တဲ့အမျိုးသမီတွေမှာ မည်သည့်ကင်ဆာရောဂါကိုမဆို ဖြစ်ပွားနိုင်ခြေ ၁၀ရာခိုင်နှုန်း တက်လာကြောင်း Cancer Epidemiology, Biomakers & Prevention ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ လေ့လာတွေ့ရှိချက်များအရ သိရပါတယ်။

အထိုင်များတာကြောင့် ကင်ဆာအန္တရာယ်မြင့်တက်မှုဟာ အမျိုးသားတွေအပေါ်တော့ ထိရောက်မှုသိပ်မရှိဘူး။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Live Science

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ