ကမ္ဘာ့လူဦးရေတစ်ဝက်ခန့်အား ကူးစက်လျက်ရှိသော H.pylori ရောဂါကာကွယ်ဆေး ထွက်ပေါ်


ံHelicobacter Pylori မှာ အစာအိမ်ရောဂါ အဖြစ်အများဆုံး ပိုးမွှားဖြစ်ပြီး ၎င်းင်းက ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ခန့်အား ကူးစက်သက် ရောက်လျက်ရှိလေသည်။ ထို့ပြင် ၎င်းင်းက အစာအိမ်ရောင်ခြင်း၊ အနာ ဖြစ်ခြင်း၊ ကင်ဆာနှင့် ပြန်ရည်ကြိတ် ကင်ဆာ Lymphoma တို့ဖြင့်လည်း ဆက်စပ်နေသည်။

 ထို့ကြောင့် လေ့ လာသူများက သုံးကြိမ်သောက်ံH. pylori ကာကွယ်ဆေးသောက်ဆေး ၏ သက်ရောက်ပုံ၊ စိတ်ချရမှုနှင့် ခုခံ အားစနစ် တုန့်ပြန်ပုံတို့အား လေ့လာ ခဲ့သည်။ ယခု Phase 3 လေ့လာမှု၌ တရုတ်ပြည် Jiangsu က စီရင်စု Ganyu ပြည်နယ်ရှိ ကျန်းမာရေး ဗဟိုဌာနတစ်ခု၌ လုပ်ဆောင်ခဲ့သည်။

 လေ့လာမှုတွင် အသက် ၆ နှစ်မှ ၁၅ နှစ်ကြား ယခင်ကရော ယခုပါံH.pylori ကူးစက်ခံရမှုမရှိသည့် ကလေးများ ပါဝင်ခဲ့သည်။ ကလေး များအား ကျပန်းနှစ်ဖွဲ့ခွဲ၍ တစ်ဖွဲ့ အားံ.H.pylori ကာကွယ်ဆေးတိုက် ၍ တစ်ဖွဲ့အား အာနိသင်မဲ့ဆေး တိုက်၍ ရလဒ်အားနှိုင်းယှဉ်ခဲ့သည်။

ကနဦးရလဒ်အနေဖြင့် ကာကွယ်ဆေးသောက်ပြီး၊ နှစ်အတွင်းH.pyloriကူးစက်ခံရမှု ရှိ၊မရှိ စောင့် ကြည့်ခြင်း ဖြစ်သည်။ ရလဒ်များအရံH.pylori ကာကွယ်ဆေး သောက် ဆေးက အကျိုးသက်ရောက်မှု ကောင်းပြီး စိတ်ချရကြောင်း တွေ့ခဲ့ရ သည်။ သို့သော်လည်း ကာကွယ်ဆေး ၏ ကာကွယ်နိုင်စွမ်းအား နောက်ထပ် နှစ်များစွာ စောင့်ကြည့်ရန် လိုသေး ကြောင်း သိရသည်။

ဖိုးသောကြာ
Ref; Lancet
Health Updates Journal No. 177
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ