ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ယာဉ်နှစ်စီး တိုက်မိ၍ တစ်ဦးသေ ၊ တစ်ဦး ဒဏ်ရာရ

ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါး မြို့နယ် မြို့ချောင်း အမြန်လမ်း ရဲစခန်းတွင် ရဲအုပ် ဌေးအောင် တာဝန်ကျ တာဝန်မှူး ဆောင်ရွက်နေစဉ် ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၇၈/၁ မိုင်အနီးတွင် ယာဉ်နှစ်စီး တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ သွားရောက် စုံစမ်းခဲ့ရာ ယမန်နေ့ နံနက် ၃ နာရီခန့်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၇၈/၁ မိုင်အနီး နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း အောင်နိုင်ဦး ၃၆နှစ် (ဘ)ဦးမောင်အေး အမှတ်-၂၅၊ ဝါးဦး-၂ လမ်း ဖော့ကန်ရပ်ကွက် အင်းစိန်မြို့ နေသူ မောင်းနှင်သည့် ယာဉ် ၈ဈ/....(ရွှေစင်စင်္ကြာ) ခရီးသည်တင် မှန်လုံယာဉ်သည် ၎င်း၏ရှေ့မှ BP/....ပရိုဘောက်အဖြူရောင်(ကိုယ်ပိုင်ယာဉ်) ယာဉ်မောင်း ကိုမောင်မောင်အေး ၄၉ နှစ် (ဘ) ဦးသောင်းညွန့် မြောက်ဒဂုံမြို့ နယ် နေသူနှင့် ၎င်းယာဉ်ပေါ်တွင် လိုက်ပါလာသူ ဝင်းနိုင် ၄၅ နှစ် (ဘ) ဦးတင်ဝင်း ဖော့ကန်ရပ်ကွက် အင်းစိန်မြို့နယ် နေသူ တို့၏ ယာဉ်အား နောက်မှ ဝင်တိုက်မိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် BP/....ပရိုဘောက် ယာဉ်မောင်း ကိုမောင်မောင်အေးမှာ နဖူးကွဲ၊ နှာခေါင်းရိုးကျိုး ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ပြီး ဝင်းနိုင်မှာ ပွန်းပဲ့ ဒဏ်ရာများ ရရှိ၍ ဖဒိုတိုက်နယ် ဆေးရုံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း အောင်နိုင်ဦးအား မြို့ချောင်း အမြန်လမ်း ရဲစခန်း (ပ)၃၈/ ၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ

https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ