တရုတ်နိုင်ငံတွင် အမျိုးသား တစ်ဦး၏ ခြေထောက်မှ ၁၇ စတုန်အလေးချိန်ရှိ အကျိတ်ကြီးကို ဆရာဝန်များ ဖယ်ရှား

 တရုတ်နိုင်ငံ ရှန်စီပြည်နယ်မှ ယန်ကျန်းပင် အမည်ရှိ အသက် ၃၇ နှစ်အရွယ် အမျိုးသား တစ်ဦး၏ ညာဘက် ခြေထောက်မှ ၁၁ဝ ကီလိုဂရမ် (၁၇ စတုန်)အလေးချိန်ရှိ အကျိတ်ကြီး တစ်ခုကို ဆရာဝန်များက အောင်မြင်စွာ ဖယ်ရှား ပေးနိုင်ခဲ့ကြောင်း ခွဲစိတ် အထူးကု ဆရာဝန်တစ်ဦး ဖြစ်သူ ချန်မင်းလျန်က ပြောကြားခဲ့သည်။

ယန်၏ ညာဘက်ခြေထောက်တွင် မွေးရာပါ အမှတ်တစ်ခုပါပြီး ယင်းအမှတ်သည် တဖြည်းဖြည်း ကြီးထွား လာသည်ကို အသက်ကိုးနှစ် အရွယ်တွင် သတိ ထားမိခဲ့ကြောင်း၊ အသက် ၁၂ နှစ်အရွယ် တွင် ယင်းအမှတ်၏ အရွယ်အစားသည် ပိုမို ကြီးထွား လာခဲ့ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် တစ်နေ့လုံး အိပ်ရာပေါ်တွင် လဲလျောင်း၍ သာနေရကြောင်း၊ ထို့ကြောင့် ယင်းအကျိတ်ကြီးကို ခွဲစိတ်ရန် ပေကျင်းမြို့ရှိ ဆေးရုံသို့ သွားရောက်ခဲ့ကြောင်း ယန်က ပြောကြားခဲ့သည်။

ယန်သည် ဆဲလ်တစ်သျှူးများ ကြီးထွား ဖွံ့ဖြိုးလာသည့် မျိုးရိုးဗီဇဆိုင်ရာ ရောဂါ ဝေဒနာ တစ်ခု ဖြစ်သော Neurofi bromatosis ရောဂါ ဝေဒနာကို ခံစားနေရသူ တစ်ဦး ဖြစ်ပြီး အဆိုပါ ရောဂါ ဝေဒနာ ခံစားနေရသူများကို ယခင်က မြင်တွေ့ဖူးသော်လည်း ယခုကဲ့သို့ ကြီးမားသည့် အကျိတ်ကြီး ကို တွေ့ဖူးခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် ၄င်းအကျိတ်ကြီးကို ဆရာဝန်ကိုးဦး ပါဝင်သော အဖွဲ့ တစ်ဖွဲ့က ၁၆ နာရီကြာ အချိန်ယူ၍ ခွဲစိတ်ခဲ့ရကြောင်း၊ ခွဲစိတ်နေစဉ် အတောအတွင်း ၅ဝဝဝ မီလီလီတာ ပမာဏရှိသည့် သွေးများကို သွင်းခဲ့ရကြောင်း မင်းလျန်က ပြောကြားခဲ့သည်။

သို့ရာတွင် ယန်သည် ယခုအခါတွင် ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ပြီး ယခုလ နှောင်းပိုင်းတွင် ဆေးရုံမှ ဆင်းခွင့် ရတော့မည်ဟု မျှော်မှန်းထားကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ