ဒုတိယအကြိမ် Miss Universe Myanmar 2014 ပြိုင်ပွဲကြီး ဇူလိုင် ၂၆ ရက်တွင် ကျင်းပမည်

 ရန်ကုန် ဇူလိုင် ၂၂

 ကမ္ဘာ့အလှမယ်များ နှစ်စဉ်ဝင် ရောက်ယှဉ်ပြိုင်လျက်ရှိသည့် Miss Universe 2014 ပြိုင်ပွဲကြီး တွင်  မြန်မာနိုင်ငံအနေဖြင့် ကိုယ်စားပြု ယှဉ်ပြိုင်ရန်ရွေးချယ်မည့် Miss Universe Myanmar 2014 ပြိုင်ပွဲ ကြီးကို ရန်ကုန်မြို့ အမျိုးသားကဇာတ် ရုံကြီး၌ ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီခွဲမှ ည ၈ နာရီအထိ ကျင်းပသွား မည်ဖြစ်ကြောင်း Miss Universe Myanmar Organization မှ သိရ သည်။

ကမ္ဘာ့အလှမယ်များ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Miss Universe ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ်တွင် ဒုတိယအကြိမ် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ် သည်။ အခုရွေးချယ်မည့် Miss Universe Myanmar 2014 ပြိုင်ပွဲ ကြီးတွင် ဆန်ခါတင်ရွေးချယ်ခံထားရ သည့် အလှမယ် ၂၀ ထဲမှ ဆန်ခါ တင်တစ်ဦးကို ရွေးချယ်ပြီး အမေရိ ကန်၌ ကျင်းပမည့် Miss Universe 2014 ပြိုင်ပွဲကြီးသို့ နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။

Miss Universe Myanmar 2014 ပြိုင်ပွဲကြီးတွင် ဆု ၁၁ ဆု ရွေးချယ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး Miss Universe Myanmar ဆုအတွက် ငွေကျပ်သိန်း ၁၀၀၊ st Runner Up ဆုအတွက် ငွေကျပ် သိန်း ၅၀၊ nd Runner Up ဆု အတွက် ငွေကျပ် ၂၅ သိန်း၊ Miss HUAWEI ဆုအတွက် အမေရိကန် ဒေါ်လာ ၂၀၀၀၊ Miss Body Perfect ဆုအတွက် ငွေကျပ် ၁၀ သိန်း၊ Miss Healthy Skin ဆုအတွက် ငွေကျပ် ၁၀ သိန်း၊ Miss Congeniality ဆုအတွက် ငွေကျပ်ငါးသိန်း၊ Miss Beautiful Hair by Palmolive ဆုအတွက် အမေရိကန်ဒေါ်လာ ၁၀၀၊ Miss Attractive ဆုအတွက် အမေရိ ကန်ဒေါ်လာ ၁၀၀၊ Miss Myanmar Thailand Friendship ဆု အတွက် အမေရိကန်ဒေါ်လာ ၁၀၀ တို့ကို ချီးမြှင့်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ Miss Universe Myanmar 2014 ပြိုင်ပွဲကြီးကို ဝတ်စုံပြည့် လေ့ကျင့်မှုအနေဖြင့် ဇူလိုင် ၂၅ ရက်တွင် ညနေ ၅ နာရီ ခွဲမှ ၈ နာရီအထိ အမျိုးသားကဇာတ် ရုံကြီး၌ ကျင်းပသွားမည်ဖြစ်ပြီး ဖိုင်နယ်ပွဲကြီးကို ဇူလိုင် ၂၆ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ Miss Universe Myanmar 2014 ပြိုင်ပွဲကြီးအတွက် လက်မှတ်များကို အထူးတန်း ငွေကျပ် ၃၀၀၀၀၊ အလတ်တန်း ငွေကျပ် ၂၀၀၀၀ နှင့် ငွေကျပ် ၁၅၀၀၀၊ ရိုးရိုးတန်းကို ငွေကျပ် ၁၀၀၀၀ နှုန်း သတ်မှတ်ထား ပြီး ရရှိသည့် ငွေများကို ကချင် ပြည်နယ်ဒေသတွင်းရှိ စစ်ဘေးရှောင် ယာယီစခန်းများနှင့် လူမှုရေးအသင်း အဖွဲ့များသို့ လှူဒါန်းသွားမည် ဖြစ် ကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ