Google Glass ကို စိတ်ဖြင့် ခိုင်းစေနိုင်

 Google Glass စမတ်မျက်မှန်ကို အသံ၊ လက်ချောင်း ထိတွေ့မှုတို့ဖြင့် ခိုင်းစေနိုင်ပါသည်။ ယခုအခါ ဗြိတိန်အခြေစိုက် This Place စတူဒီယိုက စမတ်မျက်မှန်ကို စိတ်ဖြင့် ခိုင်းစေရန် App တစ်ခုကို ပြုလုပ်ပေးလိုက်ပါသည်။ App ကို MindRDR ဟု ခေါ်ပြီး Google Glass တွင် အင်စတော လုပ်ရမည် ဖြစ်သည်။ ထို့အပြင် Neurosky EEG Biosensor ကို ဦးခေါင်းတွင် တပ်ဆင်ထားရမည် ဖြစ်သည်။

Neurosky Biosensor က ဦးနှောက်လှိုင်းများကို အာရုံခံစောင့်ကြည့်မည် ဖြစ်သည်။ ဦးနှောက်က ဓါတ်ပုံရိုက်ရန် အမိန့်ပေးသည်ကို Biosensor က သိရှိပြီး အမိန့်များကို App သို့ ပို့ဆောင်ပေးမည် ဖြစ်သည်။ App က အမိန့်များကို ဘာသာပြန်ပေးပြီး စမတ်မျက်မှန်ကို ဓါတ်ပုံရိုက်ရန် ခိုင်းစေမည် ဖြစ်သည်။ ရိုက်ကူးလိုက်သည့် ဓါတ်ပုံများကို Facebook တွင် မျှဝေရန်လည်း စိတ်ဖြင့် ခိုင်းစေနိုင်ပါသည်။

App ကို အခမဲ့ အသုံးပြုနိုင်သော်လည်း Neurosky ကို စတာလင်ပေါင် ၇၁ ဖြင့် ၀ယ်ယူရမည် ဖြစ်သည်။

“ Google Glass ဟာ နာမည်အကြီးဆုံး ချပ်ဝတ်တန်ဆာ ကွန်ပြူတာ တစ်ခုပါ။ ကျွန်တော့်လက်ထဲ Google Glass ရောက်လာတာနဲ့ ဦးနှောက်နဲ့ ချိတ်ဆက်အလုပ်လုပ် နိုင်အောင် တီထွင်ဖို့ အလွန် စိတ်အားထက်သန်ခဲ့တာပါ။ “ ဟု This Place ကို တည်ထောင်သူနှင့် CEO ဖြစ်သူ Dusan Hamlin က ပြောပါသည်။

Myanmar Digital Life Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ