7DAY DAILY

တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပနေသည့်
Miss Asia Pacific World 2014 ပြိုင်ပွဲတွင် မြန်မာ အလှမယ် မေမြတ်နိုးသည်
ပြိုင်ပွဲ၏ပထမဆုဖြစ်သည့်Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူး
သွားခဲ့သည်။
ပြိုင်ပွဲ၏အစောပိုင်းတွင်လူကြိုက်အများဆုံးဆုကိုလည်းဆွတ်ခူးထားခဲ့သည့်
အသက်၁၈နှစ်အရွယ်
မေမြတ်နိုးသည်နောက်ဆုံးအဆင့်ပြိုင်ပွဲတွင်အိမ်ရှင်ကိုရီးယားအလှမယ်ကိုအနိုင်ယူကာဆုတံဆိပ်
ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာမှအလှမယ်၄၀နီးပါးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ယင်းပြိုင်ပွဲတွင်ဆန်ကာတင်အလှမယ်ခုနှစ် ဦးကိုဦးစွာရွေးချယ်ခဲ့ပြီးနောက်နောက်ဆုံးအဆင့်ကိုယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးယှဉ်ပြိုင်ခဲ့သူခုနှစ်ဦးတွင်မေမြတ်နိုးကပထမ၊တောင်ကိုရီးယားမှ Kim Eea ကဒုတိယ၊မကာအိုမှ Hio Man Cha ကတတိယနှင့်ဖိလစ်ပိုင်မှ Hillarie Danielle Parungao စတုတ္ထဆုများအသီးသီးရခဲ့သည်။

Miss Asia Pacific World 2014 ပြိုင်ပွဲရလဒ်ဇယားတွင် ထိပ်ဆုံးမှ ဖော်ပြခံရသည့် မြန်မာနိုင်ငံတော်အလံ