ကိုယ်ဘယ်လောက်အကောင်းဆုံး လုပ်နိုင်သလဲဆိုတဲ့ စိတ်နဲ့ယှဉ်ပြိုင်သွားမယ်ဆိုတဲ့ ဂုဏ်ရည်အေးကျော်

Miss International ပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက်နေ့မှာ သွားရောက်ယှဉ်ပြိုင်တော့မယ့် ဂုဏ်ရည်အေးကျော်က သူမဘာတွေ ပြင်ဆင်ထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ခုလို ဆိုပါတယ်။ ‘ဂုဏ်ရည် အခုလာမဲ့ ဒီဇင်ဘာ၂ ရက်နေ့မှာ ဒီကနေစထွက်မယ်။ ပြိုင်ပွဲက ၁၇ ရက်နေ့မှာပါ။ ပြိုင်ပွဲက ဂျပန်နိုင်ငံ တိုကျို ရှီနာကာဝါ ပရင့်စ် ဟိုတယ်မှာ လုပ်မှာပါ။ အဲဒီပွဲလေးအတွက် ဂုဏ်ရည်က ဖေဖော်ဝါရီလမှာ ကတည်းက Miss Myanmar အနေနဲ့ သရဖူဆောင်းခဲ့တာဆိုတော့ ဂုဏ်ရည်အနေနဲ့ ခန္ဓာကိုယ်ကစားတယ်။ အင်္ဂလိပ်စာလေ့ကျင့်ခန်းတွေ လုပ်တယ်။ ပြီးရင်Culture Show ပါတယ်ဆိုတော့ စောင်းတီးပြဖို့အတွက် လေ့ကျင့်နေပါတယ်။’လို့ သူမက ပြောပါတယ်။

ပွဲမှာဝတ်ဆင်ယှဉ်ပြိုင်မယ့် အ၀တ်အစား၊ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ‘ဒီဇိုင်နာတွေရဲ့  အကျီင်္ိက ၃၀ ရက်နေ့မှ ရမှာဆိုတော့ အဲဒီနေ့မှ သေချာဝတ်ကြည့်ရမယ်။ ကိုယ့်ကိုယ်ကိုယ်တော့ အကောင်းဆုံးကြိုးစားသွားမယ်ဆိုတဲ့ စိတ်တစ်ခုတော့ထည့်ထားတယ်။ ဒီဇိုင်နာတွေကတော့ National costume အတွက် ဂုဏ်ရည် ၀တ်မဲ့ဝတ်စုံကို ကချင်ရိုးရာဝတ်စုံကို ရွေးချယ်ပေးထားပါတယ်။ မြန်မာပြည်မှာ တိုင်းရင်းသားအများကြီးရှိပါတယ်။ အဲဒီထဲမှာမှ ကချင်ကို ဂုဏ်ရည် ကိုယ်စားပြုထားပါတယ်။ မြန်မာပြည်မှာ မပြီးဆုံးသေးသော အရှည်ဆုံးသောပြည်တွင်းစစ်က ကချင်ပါ။ အဲဒီအတွက် ဂုဏ်ရည် ကချင်နဲ့ မြန်မာတွေကို ငြိမ်းချမ်းစေချင်တဲ့အတွက် ကချင်ရိုးရာဝတ်စုံကို ရွေးချယ်ထားတာပါ။ အဲဒီဝတ်စုံအတွက် ဒီဇိုင်နာ ဆန်းဘောက်ရာက ချုပ်လုပ်ပေးထားပါတယ်။ Talent Show, Culture Showမှာ ၀တ်မဲ့ဝတ်စုံအတွက်က ဒီဇိုင်နာ ပြည်စိုးအောင်က စီစဉ်ပေးပါတယ်။ မြန်မာအကျီင်္တွေကတော့ ဂုဏ်ရည်အများကြီးသယ်သွားပါမယ်။ သံရုံးမှာညစာစားတာတွေ၊ အများကြီးရှိတော့ အဲဒီအတွက်ဒ်ီဇိုင်နာကောင်းမြတ်၊ ဒီဇိုင်နာမျိုးမင်းစိုး၊ ဒီဇိုင်နာဖြိုးပြည့်တို့က စီစဉ်ချုပ်လုပ်ပေးပါတယ်။ Evening Gown အတွက်က အန်တီပေါက်က စီစဉ်ပေးပါတယ်။ ပြီးတော့ ဂုဏ်ရည်တို့ဂျပန်က စီးပွားရေးလုပ်ငန်းရှင် တော်တော်များများ နဲ့တွေ့ဆုံရမှာဖြစ်တဲ့အတွက် ရုံးဝတ်စုံတွေအတွက် အန်တီပေါက်ကပဲစီစဉ်ပေးးပါ တယ်’လို့ သူမကပြောပါတယ်။

ဆုရခဲ့မယ်ဆိုရင် ကြိုးစားမှုအတွက် ကျေနပ်မိမလားလို့မေးကြည့်လိုက်တော့ သူမက ‘ထုံးစံအတိုင်း ပဲPeople Choice အတွက်ကတော့ မြန်မာကပဲတစ်ပြေးနေတာပါ။ အဲဒီအတွက် မြန်မာပြည်သူပြည်သားတွေ အကုန်လုံးကို ကျေးဇူးအရမ်းတင်ပါတယ်။ ဂုဏ်ရည် အကောင်းဆုံးကြိုးစားသွားမှာပါ။ Miss Myanmar ပြိုင်ပွဲ ပြိုင်ခဲ့ကတည်းက ဆုရချင်တဲ့ စိတ်ထက် ငါဘယ်လောက်လုပ်နိုင်သလဲဆိုတဲ့ စိတ်နဲ့ပဲပြိုင်ခဲ့တာဖြစ်တဲ့အတွက် အခုလဲပဲ ဘယ်လောက်အကောင်း ဆုံးလုပ်နိုင်မလဲဆိုတဲ့ စိတ်နဲ့ပဲ သွားမှာပါ။ ဆုတွေကိုမမှန်းပဲနဲ့ အကောင်းဆုံး လုပ်နိုင်အောင်လို့ပဲ ကြိုးစားသွားမှာပါ။ သွားမှာက ၂ရက်နေ့ ပါ။ campသွင်းရမှာက၇ ရက်နေ့ကနေ ၁၇ရက်နေ့ထိပဲ။ ပြိုင်ပွဲက ၁၇ ရက်နေ့ ညနေ၆နာရီ စမယ်။ မြန်မာနိုင်ငံအချိန် ၈ ခွဲမှာစပါလိမ့်မယ်။ အဲဒီတော့  ပရိသတ်ကြီးအားပေးကြပါ။ ပြိုင်ပွဲအတွင်းမှာလဲမြန်မာပြည်ကိုကိုယ်စားပြုပြီး မြန်မာရိုးရာဓလေ့တွေကို အကောင်းဆုံးဖော်ထုတ်သွားမှာပါ။ မြန်မာကိုအကောင်းဆုံးကိုယ်စားပြုသွားမှာပါ။’လို့ ပြောပြခဲ့ပါတယ်။

Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ