ချယ်လ်ဆီးက တိုက်စစ်အင်အားဖြည့်တင်းရန် ကစားသမားအချို့ ရောင်းထုတ်ရန် ပြင်ဆင်

ချယ်လ်ဆီးအသင်းသည် လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် တိုက်စစ်အင်အား ဖြည့်တင်းရန်အတွက် အသင်း၏ကစားသမားအချို့အား ရောင်းထုတ်သွားရန် ပြင်ဆင်နေကြောင်း Le10Sport သတင်းစာက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် မိုနာကိုအသင်းမှ ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုအား ခေါ်ယူလိုနေခြင်းဖြစ်ပြီး အသင်း၏ကွင်းလယ်ကစားသမား မာတာအား ရောင်းထုတ် လိုနေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် ဖယ်လ်ကာအို အားခေါ်ယူရန်အတွက် အသင်းမှ ပြောင်းရွှေ့ကြေးကို အပြည့်အ၀ထုတ်သုံးပါက ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်းအရ အရေးယူမှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည့်အတွက် ကွင်းလယ်လူ မာတာအား ပေါင်သန်း ၄၀ ဖြင့် ရောင်း ထုတ်လိုနေခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အက်သလက် တီကိုတိုက်စစ်မှူးဟောင်း ဖယ်လ်ကာအိုအား ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလကတည်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသော်လည်း မိုနာကိုအသင်းက ပြောင်းရွှေ့ ကြေး ပိုပေးပြီး ကြားဖြတ်ခေါ်ယူသွားခြင်း ကြောင့် လက်လွတ်ခဲ့ရသည်။ သို့သော် ချယ်လ်ဆီးအသင်း နည်းပြ မော်ရင်ဟိုအနေဖြင့် အားနည်းနေသော အသင်း၏ တိုက်စစ်နေရာအတွက် ဖယ်လ်ကာအိုအား ခေါ်ယူလိုနေပြီး လိုအပ်သော ပြောင်းရွှေ့ကြေးရရှိရန် အသင်းတွင် ပုံမှန်နေရာမရသည့် စပိန်ကွင်းလယ် ကစားသမား မာတာအား ရောင်းထုတ်လိုနေခြင်း ဖြစ်သည်။

မော်ရင်ဟိုသည် တောရက်စ် ခြေစွမ်းမပြနိုင်သည့် တိုက်စစ်နေရာတွင် ကင်မရွန်းတိုက်စစ်မှူး အီတူးအား ခေါ်ယူအားဖြည့်ခဲ့သော်လည်း တိုက်စစ် အင်အားမှာ ကျဆင်းနေသောကြောင့် လာမည့်အပြောင်းအရွှေ့ရာသီတွင် ထပ်မံ အားဖြည့်လိုနေခြင်းလည်း ဖြစ်သည်။

အသက် ၂၅ နှစ်အရွယ် မာတာသည် ယမန်နှစ်ရာသီက ချယ်လ်ဆီးအသင်းတွင် အဓိကနေရာမှ ပါဝင်ခြေစွမ်းပြ ကစား နိုင်ခဲ့သော်လည်းအသင်းသို့ မော်ရင်ဟို ရောက်ရှိလာပြီးနောက်ပိုင်း ပုံမှန်နေရာ ရရှိရန် ရုန်းကန်နေခဲ့ရပြီး ယခုနှစ်ရာသီတွင် ငါးပွဲသာ ပွဲထွက်ကစားခွင့် ရရှိထားသည်။ မာတာ အနေဖြင့်လည်း အသင်းတွင် ပုံမှန်ပွဲထွက်ခွင့် မရသည့်အတွက် လက်ရှိအနေအထားကို စိတ်ပျက်နေပြီး အသင်းနည်းပြမော်ရင်ဟိုနှင့် နည်းစနစ်ဒါရိုက်တာ အီမန်နာလိုတို့ကို တွေ့ဆုံကာ ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ တွေ့ဆုံစကားပြောလိုနေကြောင်း သိရသည်။

မာတာက ၎င်းအနေဖြင့် လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်း နှင့်အတူ ပါဝင်ကစားလို ခြင်းကြောင့် ပုံမှန်ပွဲထွက်ခွင့်ရမည့်အသင်းကို ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။

အောင်သုတ
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ