မုဒိမ်းကျင့်ရန်ကြံသူအား ဖမ်းဆီးအရေးယူထား

နေပြည်တော်၊ နိုဝင်ဘာ ၂၆

၂၅-၁၁-၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်နေ မxxxx (၁၆)နှစ်သည် နေအိမ်အိပ်ခန်းအတွင်းအိပ်ပျော်နေစဉ် အိမ်ခန်းခြင်းကပ်လျက်နေထိုင်သူ မင်းဇော်ထွေး(ခ)ဘေတာ(၂၈)နှစ်မှ ခြင်ထောင်အတွင်းသို့ဝင်ရောက်လာကာ မxxxx၏အပေါ်တက်၍ လက်တစ်ဖက်ဖြင့်ထမီကိုလှန်ပြီး ကျန်လက်တစ်ဖက်မှကိုင်ဆောင်ထားသောကတ်ကြေးဖြင့် လည်ပင်းအား ထောက်လျှက်“မအော်နဲ့”ဟုပြောစဉ် မxxxxမှအော်ခဲ့သောကြောင့် မိသားစုများလန့်နိုးလာပြီး မင်းဇော်ထွေး(ခ)ဘေတာမှာထွက်ပြေးသွားခဲ့သည်။

ထိုသို့ကတ်ကြေးဖြင့်ထောက်သဖြင့် မxxxxတွင် ၀ဲဘက်လည်ပင်းအရေပြား(၂)စင်တီမီတာခန့်ပွန်းခြစ် ဒဏ်ရာ(၁)ချက်ရရှိခဲ့သောကြောင့် ဘားအံပြည်သူ့ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဘားအံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက မင်းဇော်ထွေး(ခ)ဘေတာအား လိုက်လံ ဖမ်းဆီးခဲ့ရာ ၀၅၃၀ အချိန်တွင် အမှတ်(၅)ရပ်ကွက်၊ ရော်ဘာခြံ(၁)လမ်းအတွင်း၌ ဖမ်းဆီးမိခဲ့၍ ဘားအံမြို့မရဲစခန်း(ပ)၂၅၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၅၆/၃၂၄/၃၇၆/၅၁၁ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ