ကျောက်ကပ်ရောဂါရဲ့ ဆေးကုသစရိတ်တစ်ဝက်အထိ လျှော့ချပေးနိုင်မယ့် သစ်သီးနဲ့ဟင်းသီးဟင်းရွက်စားသုံးခြင်း


သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် ပိုမိုစားသုံးတာက ကျောက်ကပ် ရောဂါ ခံစားနေရတဲ့ လူတွေရဲ့ သောက်နေကျဆေးတွေရဲ့ တစ်ဝက်ခန့် လျော့သောက်လို့ ရတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

စားသောက်မှုပုံစံပြောင်းလဲလိုက်တာက သွေးဖိအား ထိန်းညှိမှုမှာ ပိုကောင်းလာပြီး ရောဂါပျံ့နှံ့မှုကိုလည်း လျော့ကျစေပါတယ်။

ကျောက်ကပ်ရောဂါဟာ အက်ဆစ်ဖယ်ရှားနိုင်မှုစွမ်းရည်ကို လျော့ကျစေပြီး သွေးတွင်း အက်ဆစ်နှုန်းကို မြင့်မားစေပါတယ်။

ကျောက်ကပ်ရောဂါကုသဖို့ ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် ကိုပေးထားတဲ့ ဝေဒနာရှင် ၁၀၈ ယောက် ထဲက တစ်ချို့ကို သစ်သီးဝလံ နဲ့ ဟင်းသီးဟင်းရွက် ပိုမိုစားသုံးစေပြီး ၊ တစ်ချို့ကို အက်ဆစ်နှုန်းလွန်ကဲမှုအတွက် ဘာကုသမှုမှ မပေးပဲ လေ့လာခဲ့ကြပါတယ်။

၅နှစ်ကြာပြီးတဲ့နောက်မှာတော့ သစ်သီးဝလံ နဲ့ ဟင်းသီးဟင်းရွက် ပိုစားတဲ့ ဝေဒနာရှင် တွေက ဆိုဒီယမ် ကာဗွန်နိတ် သုံးပြီး ကုသတဲ့သူတွေရော မကုသတဲ့ လူတွေထက်ပါ သွေးဖိအား ပိုမိုကောင်းမွန်တာကို တွေ့ရပါတယ်။

ဝေဒနာရှင်တွေ အနေနဲ့ သူတို့ရဲ့ စားသောက်မှုပုံစံတွေကို ပြောင်းလဲလိုက်ခြင်းအားဖြင့် သွေးဖိအားထိန်းသိမ်းဖို့ သောက်ရတဲ့ ဆေးတွေရဲ့ ကုန်ကျရိတ် တစ်ဝက်နီးပါး လျော့ချနိုင်ပါတယ်။ ဆေးတစ်ချို့ကိုလည်းသောက်ပြီး နေ့စဉ်စားသောက်မှုပုံစံကို လုံးဝပြောင်းပစ်ဖို့မလိုပဲ သွေးဖိအားကို ထိန်းချုပ်နိုင်ဖို့ အတွက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ကို ပိုမိုစားသုံးပေးတာဟာ အကျိုးရှိတဲ့ နည်းလမ်းကောင်း တစ်ခုပါပဲ။


( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ