ကောင်းမွန်တဲ့ လိင်ဆက်ဆံခြင်းက အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးတွေမဟုတ်ဘဲ အမျိုးသားများအတွက် နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ပိုများ


စိတ်ကျေနပ်ဖွယ်ရာကောင်းတဲ့ လိင်ဆက်ဆံခြင်းက အမျိုးသမီးတွေအတွက် ကျန်းမာရေး ကောင်ကျိုးတွေ ခံစားရပေမယ့် အမျိုးသားများအတွက် အလွန်အကျွံ့ပြုလုပ်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်တာတွေဖြစ်နိုင်ပါတယ်။

ပုံမှန်ဆိုရင်တော့ အသက်အရွယ်ရအမျိုးသားများအတွက် လိင်ဆက်ဆံမှု အကြိမ်ရေ နည်းတာက ပိုမိုကောင်းမွန်တယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။

အမျိုးသမီးတွေက ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုကနေ အကျိုးကျေးဇူးတွေ ခံစားရပေမယ့် အလွန်အကျွံ့ ပြုလုပ်တတ်တဲ့ အမျိုးသားတွေအတွက်ကတော့ နှလုံးခုန်မြန်တဲ့ရောဂါ ဒါမှမဟုတ် နှလုံးနဲ့ဆိုင်တဲ့ထိခိုက်မှုတွေကို ပုံမှန်ထက် နှစ်ဆ ပိုမို ဖြစ်ပွားစေနိုင်ပါတယ်။

လေ့လာတွေ့ရှိချက်ဟာ သက်ကြီးပိုင်းတွေကို အဓိကထားလေ့လာထားတာဖြစ်ပါတယ်။

တစ်ပါတ်မှာ တစ်ခါ ဒါမှမဟုတ် တစ်ခါထက် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ သက်ကြီးပိုင်းအမျိုးသားတွေက တခြား စိတ်ပါလက်ပါမရှိတဲ့ ဆက်ဆံမှု နဲ့ စိတ်ကျေနပ်မှုအပြည့်အ၀ ရရှိတဲ့ ဆက်ဆံမှုမျိုးကို မကြာခဏ ပြုလုပ်တတ်သူတွေထက် နှလုံးဆိုင်ရာရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်မားတာကို တွေ့ရပါတယ်။

အမျိုးသမီးတွေအတွက်တော့ အသက်ရလာတဲ့နောက်ပိုင်းမှာ စိတ်ကျေနပ်မှု မပြည့်ရရှိတဲ့သူတွေထက် စိတ်ကျေနပ်မှုရရှိတဲ့ သူတွေက သွေးတိုးရောဂါဖြစ်ပွားမှုနှုန်း နည်းတာကို တွေ့ရပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ