အရက်ကြော်ငြာတွေက ဆယ်ကျော်သက်တွေကို အရက်သောက်လိုစေ


အရက်တံဆိပ်တွေရဲ့ ကြော်ငြာအမျိုးမျိုးဟာ ဆယ်ကျော်သက်တွေကို အရက်နဲ့ ပတ်သက်တဲ့အရာတွေ သောက်သုံးလိုမှုကို လွှမ်းမိုးမှုဖြစ်ပေါ်စေတယ်လို့သိရပါတယ်။

ဒီတွေ့ရှိချက်ဟာ အရက်သောက်သုံးမှုပမာဏနဲ့ အရက်ကြော်ငြာတွေရဲ့ ဆက်စပ်မှုကို ထပ်မံ ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။ အဲ့ဒီအပြင် အရက်တွေကို TV မှာကြော်ငြာတာတွေဟာ အသက်မပြည့်သေးတဲ့ လူငယ်တွေကို အရက်သောက်သုံးချင်အောင် လွှမ်းမိုးစေနိုင်တာပါ။

လေ့လာချက်ဟာ အသက်၁၃နှစ်ကနေ ၂၀နှစ်ကြားရှိတဲ့ ကလေး ၁၀၀၀ကို လေ့လာခဲ့တာဖြစ်ပြီး လူငယ်လေးတွေအနေနဲ့ သူတို့ဟာ လပိုင်းလောက်တုန်းက အရက်သောက်သုံးခဲ့ကြောင်း ဆိုခဲ့ကြပါတယ်။ ဒီဆယိကျော်သက်တွေဟာ သူတို့အနေနဲ့ TV Show တွေမှာလာတဲ့ အကျော်ကြားဆုံး အရက်ကြော်ငြာ ၂၀ကိုလည်း ကြည့်ရှုခဲ့ကြောင်းဆိုခဲ့တာပါ။

သူတို့ဟာ အရက်နဲ့ပတ်သက်တဲ့ Brand ပေါင်း ၆၁ခုရဲ့ ကြော်ငြာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုလည်း မှန်ကန်အောင်ဖြေဆိုနိုင်ခဲ့ကြတာကိုလည်း တွေ့ရှိခဲ့ရတာပါ။ ဒါကြောင့်လေ့လာချက်က မိဘတွေအနေနဲ့ ကလေးတွေကို TV ကြည့်တဲ့အချိန်ကို အကန့်အသတ်လုပ်ထားသင့်တယ်လို့လည်း ဆိုခဲ့တာပါ။

( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref: UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ