သွေးကင်ဆာရောဂါ ခံစားနေရတဲ့ ဆယ်ကျော်သက်တွေက ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးမှုကို အလေးမထား


လေ့လာတွေ့ရှိချက်တွေအရ သွေးကင်ဆာရောဂါရှင် ဆယ်ကျော်သက်တွေက ကင်ဆာဆေးတွေ သောက်ရတဲ့အတွက် ကိုယ်ဝန်ပျက်ကျတဲ့ အချိန်မတိုင်ခင်မှာ ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးတာမျိုး မလုပ်ကြတာကို တွေ့ရပါတယ်။

ကင်ဆာဆေးတွကြောင့် ကိုယ်ဝန်ပျက်ကျမှုနှုန်းတွေ မြင့်တတ်လာပေမယ့် ဆယ်ကျော်သက် ကင်ဆာဝေဒနာရှင် ကိုယ်ဝန်ဆောင်တွေအတွက် စံလမ်းညွှန်ချက်ကတော့ မရှိပါဘူး။

 ‘သွေးကင်ဆာခံစားရတဲ့အတွက် ကင်ဆာဆေးအားလုံးနီးပါး သောက်သုံးရတာတွေကြောင့် သန္ဓေသားဖွံဖြိုးရာမှာ ထိခိုက်စေနိုင်ပါတယ်။ကင်ဆာကုထုံးတွေ ခံယူနေတဲ့ အရွယ်ရောက်ပြီးတဲ့ ဝေဒနာရှင်တွေအတွက် ကိုယ်ဝန်မထိခိုက်စေဖို့ လေ့ကျင်မှုတွေ သတ်မှတ်ပေးဖို့ လိုအပ်ပါတယ်’ လို့ ဒေါက်တာ Pooja Rao က ပြောပါတယ်။

အရွယ်ရောက်ပြီးသား မိန်းကလေးတွေက ကင်ဆာကုထုံးတွေအတွက် သန္ဓေသားကို ထိခိုက်စေနိုင်တဲ့ ဆေးတွေမသောက်သုံးခင်မှာ ကိုယ်ဝန်ရှိ၊ မရှိ ဓါတ်မှန်ရိုက်တာမျိုး စစ်ဆေးတာကိုမတွေ့ရပါဘူး။ ဝေဒနာရှင်တွေထဲကမှ ငယ်စဉ်ကတည်းက သွေးကင်ဆာ ခံစားနေရတဲ့သူတွေမှာ စစ်ဆေးတဲ့နှုန်းက အနှိမ့်ဆုံးမှာ ရှိနေပါတယ်။

တွေ့ရှိချက်တွေအရဆိုရင် ငယ်စဉ်ကတည်းက ဝေဒနာခံစားနေရတဲ့ ဆယ်ကျော်သက်တွေကို လိင်ဆက်ဆံမှုနဲ့ ပက်သက်တဲ့ ကျန်းမာရေး အကြောင်းအရာတွေကို ဆွေးနွေးပေးဖို့ကလည်း လိုအပ်တာကိုတွေ့ရပါတယ်။

( Michelle )


#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ