သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ကျောက်ကပ်ရောဂါအတွက် ဆေးတစ်လက်ဖြစ်နိုင်


ကျောက်ကပ်ရောဂါကို ခံစားနေရတဲ့ လူတွေအနေနဲ့ သစ်သီးနဲ့ ဟင်းသီဟင်းရွက်တွေကို ပိုမိုစားသုံးပေးတာဟာ ဆေးတွေမှီဝဲရတာကို ထက်ဝက်ခန့် လျော့ကျစေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

အမေရိကန်ပြည်ထောင်စု၊ တက်ခ်ဆက်စ်နည်းပညာတက္ကသိုလ်က သုတေသီတွေဟာ ပိုမိုကောင်းမွန်တဲ့ သွေးခုန်နှုန်းရရှိစေတဲ့ ဆေးတွေကို သတ်မှတ်ချက်တစ်ခုသတ်မှတ်ခဲ့တယ်လို့ လေ့လာချက်က ဆိုပါတယ်။
ကျောက်ကပ်ရောဂါအနေနဲ့ Eliminate အက်စစ်ဓာတ်ကို လျှော့ချပေးပြီး Metabolic အက်စစ်ကို ဖြစ်ပေါ်စေတာ ဒါမှမဟုတ် သွေးထဲမှာ အက်စစ်ဓာတ်ပမာဏကို များပြားလာစေတာကို ဖြစ်ပေါ်စေပါတယ်။ ဒီအရာကို Sodium Carbonate နဲ့ ပြန်လည် ကုသနိုင်ပါတယ်။

လေ့လာချက်အရ သုတေသီတွေအနေနဲ့ လူနာ ၁၀၈ယောက်ကို Sodium Carbonate ဓာတ်ပေးပြီး ကုသတာနဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားစေတာ ကိုပြုလုပ်ပြီး ကုသခဲ့ပါတယ်။ ငါးနှစ်ကြာတဲ့အခါမှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးသူတွေဟာ Sodium Carbonate ဓာတ်ကိုလျှော့ချပြီး ရောဂါကုသနိုင်ခဲ့တာကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။


( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref: UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ