အချိုရည်တွေမှာပါဝင်တဲ့ ကျန်းမာရေး သတိပေးမှုများကြောင့် ဆယ်ကော်ျသက်များအချိုရည် သောက်သုံးမှုလျော့ကျ


ကျန်းမာရေးသတိပေးစာညွှန်းတွေက ဆယ်ကျော်သက်တွေ အချိုရည် သောက်သုံးမှု လျော့ကျအောင် လမ်းပြပေးနိုင်ပါတယ်။

အမေရိကန်က ဆယ်ကျော်သက်တွေက တစ်နေ့လုံးမှာ စားသုံးရမယ့် သကြားပါဝင်မှုနှစ်ဆထက်ပိုတဲ့ သကြားအချိုဓါတ်ပါဝင်တဲ့ ဖျော်ရည်ယာမကာ တွေကို  တစ်နေ့ အနည်းဆုံး တစ်ခါ သောက်သုံးတာကိုတွေ့ရပါတယ်။

အမေရိကန်မှာ သကြားစားသုံးမှုနှုန်းဟာ အ၀လွန်တာတွေ ၊ ဆီးချို ရောဂါနဲ့ တခြား အန္တရာယ်များပြီး အကုန်အကျများတဲ့ ရောဂါတွေမှာ အံ့သြစရာကောင်းလောက်အောင် သိသာထင်ရှားတဲ့ အချက်အလက်ဖြစ်နေပါတယ်။

အွန်လိုင်းစစ်တမ်းကောက်ကြည့်တဲ့အခါ အသက် ၁၂ ကနေ ၁၈ နှစ်အတွင်း ဆယ်ကျော်သက် ၂ထောင်ကျော်ဟာ သတိပေးစာညွှန်းတစ်ခုတစ်လေ ဒါမှမဟုတ် တစ်ခုမှ မပါဝင်တဲ့ အဖျောယာမကာ တွေကို သောက်သုံးတာကိုတွေ့ရပါတယ်။ ကယ်လိုရီ ပါဝင်နှုန်း နဲ့ ကျန်တဲ့အညွှန်း လေးခုလောက်ရေးထားတဲ့ အချိုရည်တွေက အ၀လွန်တာ ၊ ဆီးချိုရောဂါ နဲ့ သွားရောဂါတွေကို ဖြစ်ပွားစေပါတယ်။

စစ်တမ်းအရ ၇၇ ရာခိုင်နှုန်းကတော့ အညွှန်းမပါဝင်တဲ့ အချိုရည်တွေကို ရွေးချယ်ကြတယ်လို့ ဆိုပြီး ၈ ကနေ ၁၆ ရာခိုင်နှုန်းကတော့ စာတွေပါဝင်တဲ့ အချိုရည်မျိုးကို သိပ်မကြိုက်ဘူးလို့ ဆိုကြပါတယ်။

သတိပေအညွှန်းစာပါဝင်တာက ဆယ်ကျော်သက်တွေအတွက် အချိုရည်သောက်သုံးရာမှာ ကျန်းမာရေးထိခိုက်မှုနှုန်း မြင့်တက်မလာအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ စစ်တမ်းအရ ၆၂ ရာခိုင်နှုန်းက အညွှန်းစာပါဝင်တဲ့ အချိုရည်တွေကို သောက်သုံးလိုကြပါတယ်။

ဒီလေ့လာတွေ့ရှိမှုအရ အညွှန်းစာတွေက ဆယ်ကျော်သက်တွေရဲ့ အဖျော်ယာမကာ ရွေးချယ်မှု နဲ့ ဘယ်အညွှန်းအရ ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာမျိုး သတ်မှတ်နိုင်ဖို့ အနာဂါတ်လေ့လာမှုတွေ အတွက် များစွာ အထောက်အကူဖြစ်ပါတယ်လို့ ဦးဆောင်လေ့လာသူ Christina Roberto က ပြောပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)
Ref :

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ