တပ်ဆင်ဖြုတ်သိမ်းနိုင်တဲ့ လူလုပ်ကျောက်ကပ် မကြာခင် ပေါ်ပေါက်လာတော့မည်


သိပ်မကြာတော့တဲ့ နေ့တွေမှာ ကျောက်ကပ်ဝေဒနာရှင်တွေအနေနဲ့ လေးလံအလုပ်ရှုပ်တဲ့ စက်တွေနဲ့ မဟုတ်တော့ဘဲ တပ်ဆင်ဖြုတ်သိမ်းနိုင်တဲ့ လူလုပ်ကျောက်ကပ်တွေနဲ့ သွားလာလှုပ်ရှားနိုင်တော့မှာ ဖြစ်ပါတယ်

 “ ဒါကတော့ ကစားပွဲရဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာမှာပါ။ လူနာတွေအတွက် လိုအပ်ချက်ကို ဂရုပြုဖို့အတွက် ထင်ရှားတဲ့တိုးတက်ပြောင်းလဲမှုဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ New York City ရှိ Lenox Hill Hospital မှ တွဲဖက်ညွှန်ကြားရေးမှူးလည်းဖြစ် ကျောက်ကပ်အထူးကုလည်းဖြစ်သူ Dr. Maria DeVita က ဆိုပါတယ်။

ကျောက်ကပ်ရောဂါ ခံစားနေရသူတွေဟာ တစ်နေ့ကို နာရီပေါင်းများစွာကြာအောင် ကျောက်ကပ်ဌာနမှာ သွေးနဲ့ကျောက်ကပ်ဆေးကြောဖို့အတွက် လာရောက်ကုသနေကြရတာဖြစ်ပါတယ်။

ဒါကြောင့် ဒီစိတ်ကူးကတော့ ဒီလိုကျောက်ကပ်ဆေးကြရမယ့် လူနာတွေအတွက် ပုံမှန်နေ့ရက်တစ်ရက်လိုပဲ သွားလာလှုပ်ရှားနိုင်အောင် သယ်ဆောင်ရလွယ်ကူတဲ့ သေးငယ်တဲ့ ကျောက်ကပ်ဆေးစက်ကို ဖန်တီးဖို့ဖြစ်ပါတယ်။

ဒီလို အိပ်မက်စိတ်ကူးဟာ ပုံပေါ်လာဖို့ တဖြည်းဖြည်းနီးစပ်လာနေပါပြီ။ Seattle ရှိ University of Washington Medical Center မှာ ဒီလိုစက်ပုံစံတူတစ်ခုကို မကြာခင်ကပဲ လူနာ ၇ ဦးနဲ့ စမ်းသပ်လေ့လာခဲ့ပြီးဖြစ်ပါတယ်။ ဒီစမ်းသပ်လေ့လာမှုကို California ရှိ  Blood Purifications Technologies ရဲ့ ဆေးဝါးပညာရှင်ခေါင်းဆောင်နဲ့  စက်တီထွင်ဖန်တီးသူ Los Angeles ရှိ Cedars-Sinai Medical Center မှ ဒေါက်တာ Victor Gura တို့က ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ