နောက်ကျမှ မွေးဖွားခြင်းက ကလေးငယ်အတွက် ဦးနှောက်စွမ်းရည် ပိုတိုးတက်စေနိုင်


နောက်ကျမှ မွေးဖွားတဲ့ ကလေးငယ်တွေဟာ ဦးနှောက်စွမ်းရည် ပိုမိုတိုးတက်စေနိုင်ကြောင်း လေ့လာချက် အသစ်တစ်ခုအရ သိရှိရပါတယ်။

 “ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ခန့်မှန်းထားချိန်ထက် နောက်ကျမှ မွေးဖွားခြင်းဟာ ဘယ်လိုအကျိုးများစေနိုင်လည်းဆိုပြီး ဒီလေ့လာချက်ကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ “ လို့ Evanston, Ill ရှိ Northwestern University's Institute for Policy Research မှ သုတေသနခေါင်းဆောင် David Figlio က ရှင်းလင်းပြောပြသွားပါတယ်။

လေ့လာမှုအတွက် Florida မှ မူလတန်းနဲ့ အလယ်တန်းကျောင်းသား ၁.၄ သန်းရဲ့ မွေးဖွားမှုနဲ့ ပညာရေးမှတ်တမ်းတွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။

နောက်ကျမှ(၄၁ ပတ်အကြာမှ) မွေးဖွားတဲ့ ကလေးငယ်တွေရဲ့ စာမေးပွဲရမှတ်တွေဟာ ပျမ်းမျှအားဖြင့် ပုံမှန်( ၃၉ - ၄၀ ပတ်အတွင်း) မွေးဖွားတဲ့ ကလေးငယ်တွေရဲ့ ရမှတ်တွေထက် မြင့်မားပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနှုန်း ၃ ရာခိုင်နှုန်း ပိုမိုနည်းပါးတာကို တွေ့ရပါသတဲ့။

ဒါပေမယ့် နောက်ကျမှ မွေးဖွားတဲ့ ကလေးငယ်တွေဟာ ပုံမှန်မဟုတ်ဘဲ မွေးဖွားခြင်း၊ ရုပ်ပိုင်းဆိုင်ရာ မသန်မစွမ်းဖြစ်ခြင်းနှုန်းတွေမှာတော့ ပုံမှန်ကလေးငယ်တွေထက် ၂.၁ ရာခိုင်နှုန်း ပိုများတာကို တွေ့ရှိရကြောင်း လေ့လာချက်အရ သိရှိရပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ