အလုပ်မရှိသူတွေမှာ နှလုံးတိုက်ခိုက် သေဆုံးနိုင်ခြေ ပိုမိုမြင့်မား


အလုပ်အကိုင် မရှိသူတွေကတော့ သူတို့၏ ပိုက်ဆံအိတ်တွေ ပြားချပ်နေရုံတင်မကပဲ နှလုံးတိုက်ခိုက်ခံရမှုလည်း မြင့်မားနေတယ်လို့ လေ့လာမှု တစ်ရပ်က ဖော်ပြလိုက်ပါတယ်။

အလုပ်လက်မဲ့ ဖြစ်ခြင်းကြောင့် ဆေးလိပ်စွဲသည့် အကျင့်ဖြစ်လာတာ ၊ သွေးဖိအား မြင့်မားလာခြင်းနှင့် အခြားသော နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အချက်အလက်များ များပြားခြင်းတို့ ဖြစ်စေလာနိုင်တယ်လို့ သိရပါတယ်။

အသက် ၅၁ နှစ် ကနေ ၇၅ နှစ်ထိ အမျိုးသား၊ အမျိုးသမီး ၁၃၀ဝ၀ ကျော်ကို လေ့လာခဲ့တာဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်ကတည်းက ထိုလေ့လာခံ ပုဂ္ဂိုလ်များအား ၂နှစ်လျှင် တစ်ကြိမ် နှလုံးတိုက်ခိုက်မှု စတင်ပေးတဲ့ မောင်း ခလုတ်ဖြစ်နိုင်ကြောင်း သိရသည်။ ထိုလေ့လာခံ ပုဂ္ဂိုလ်များ၏ ၇၀ ရာခိုင်နှုန်းနီးပါး ခန့်မှာ အနည်းဆုံး တစ်ခါလောက်တော့ တိုက်ခိုက်မှုကို အမှန်တကယ်ခံခဲ့ဖူးသူတွေဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှာ ၄ ကြိမ်နှင့်အထက် အလုပ်လက်မဲ့ ဖြစ်ခဲ့သူများလည်းဖြစ်ပါတယ်။ လေ့လာတဲ့ကာလအတွင်းမှာတော့ နှလုံးတိုက်ခိုက်ခံရသည့် အကြိမ် ၁၀၆၁ ကြိမ်ဖြစ်ခဲ့ပါတယ်။  အနည်းဆုံး အလုပ်လက်မဲ့ ၄ ကြိမ် ဖြစ်ခဲ့သူများတွင် ပုံမှန်လူများထက် နှလုံးတိုက်ခိုက်ခံ ရသည့်နှုန်း ၆၀ ရာခိုင်နှုန်း ပိုများနေတာကိုလည်း တစ်ဆက်တည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref : Good Health

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ