မမျိုးပွားလမ်းကြောင်းကြောင့် မျိုးမအောင်ဘဲသန္ဓေမြုံနိုင်တဲ့အခြေအနေမရှိကြောင်း လေ့လာတွေ့ရှိ


သုတေသီတွေဟာ ယခင်က မျိုးမအောင်ဘဲ သန္ဓေမြုံခြင်းဖြစ်ပေါ်စေနိုင်တယ်လို့ ယုံကြည်ထားကြတဲ့ အမျိုးသမီးတွေရဲ့ မျိုးဥနဲ့ သားဥအိမ်ပြွန်တွေထဲမှာ ဘက်တီးရီးတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဒါ့အပြင် သုတေသီတွေဟာ သားဥအိမ်ကင်ဆာဖြစ်ပွားနေတဲ့ အမျိုးသမီးတွေမှာ ဘက်တီးရီးယားအရေအတွက်ဟာ ကင်ဆာမရှိသူ အမျိုးသမီးတွေထက် ပိုမိုများပြားနေတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ ဒီတွေ့ရှိမှုဟာ မမျိုးပွားလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားတွေဟာ သားဥအိမ်ကင်ဆာ ဖြစ်ပွားခြင်း သို့ ဖြစ်ပွားနိုင်ချေ ပိုမိုမြင့်မားလာခြင်းအတွက် အရေးကြီးတဲ့ ကဏ္ဍကနေပါဝင်နေသလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။

သုတေသီတွေဟာ အမျိုးသမီး ၂၅ ဦးရဲ့ မျိုးပွားလမ်းကြောင်းမှ နမူနာစမ်းသပ်မှုများ ရယူခဲ့ကြပါတယ်။ ဒီအမျိုးသမီးတွေဟာ သားအိမ်၊ သားဥအိမ်ပြွန် သို့ မမျိုးဥတွေကို ဖယ်ရှားဖို့အတွက် ခွဲစိတ်ကုသမှုခံယူပြီး သူများဖြစ်ကြပြီး တစ်ချို့ကတော့ ကင်ဆာရောဂါဖြစ်နေကြသူများ ဖြစ်ပါသတဲ့။

မျိုးရိုးဗီဇစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဘက်တီးရီးယားမျိုးစိတ် နမူနာတွေကို ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ မတူညီတဲ့ ဘက်တီးရီးယားမျိုးစိတ်တွေကို မမျိုးဥတွေမှာထက် သားဥအိမ်ပြွန်အတွင်းမှာ ပိုမိုတွေ့ရှိခဲ့ရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ကြပါသတဲ့။

သားဥအိမ်ကင်ဆာဖြစ်ပွားနေတဲ့ အမျိုးသမီးတွေမှာ အန္တရာယ်များတဲ့ ဘက်တီးရီးယားပိုးမွှားတွေ ပိုမိုများပြားနေတာကိုလည်း သုတေသီတွေက စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဘက်တီးရီးယားတွေဟာ ကင်ဆာဖြစ်ပွားမှု ပိုမိုတိုးတက်စေနိုင်ဖို့ အရေးပါသလားဆိုတာကိုတော့ မကြာခင် သိရှိနိုင်တော့မှာဖြစ်ပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ