အရေပြားကင်ဆာကိုမ်းသပ်စစ်ဆေးခြင်းဖြင့် ကင်ဆာအသေးစားလေးတွေကို စောစီးစွာ သိရှိကုသနိုင်



အရေပြားကင်ဆာကို ပုံမှန်စမ်းသပ်စစ်ဆေးခြင်းဖြင့် လွယ်ကူစွာ ကုသပျောက်ကင်းစေနိုင်တဲ့ ကင်ဆာအသေးစားလေးတွေကို စောစီးစွာရှာဖွေတွေ့ရှိစေနိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။

ဒီလေ့လာမှုမှာ စမ်းသပ်စစ်ဆေးခြင်းအားဖြင့် အထွေထွေရောဂါကုဆရာဝန်တွေအနေနဲ့ အထူးသဖြင့် ကင်ဆာရောဂါဖြစ်ပွားပြီး သေဆုံးနိုင်ချေများတဲ့ အမျိုးသား လူနာတွေရဲ့ အသေးစား အရေပြားအဖုအကျိတ်တွေကို စမ်းသပ်ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ အရေပြား ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာပြီး ကုသရခက်ခဲလာတာကြောင့် ဒီလေ့လာမှုကို ဂျာမနီမှာလည်း ပြုလုပ်ခဲ့ပြီး သုတေသနပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

 “PCP စမ်းသပ်စစ်ဆေးခြင်းဟာ လူတော်တော်များများကို ပိုမိုပြင်းထန်တဲ့ ကုသမှုတွေပြုလုပ်စရာမလိုအောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင်  အရေပြားကင်ဆာမဟုတ်တဲ့ မှားယွင်းစစ်ဆေးချက်အဖြေတွေလည်း နည်းပါးသွားးစေပြီး မလိုအပ်တဲ့ အရေပြားခွဲစိတ်ကုသမှုတွေကိုလည်း လျော့ပါးသွားစေပါတယ်။ ပြီးတော့ ဒီလိုပုံမှန်စစ်ဆေးခြင်းဟာ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်” လို့ University of Pittsburgh School of Medicine မှ တွဲဖက်ပါမောက္ခ Dr. Laura Ferris က ရှင်းလင်းပြောကြားသွားပါတယ်။

 “  ကျွန်တော်တို့ရဲ့ ရှာဖွေတွေ့ရှိချက်အရ PCP စမ်းသပ်စစ်ဆေးခြင်းဟာ အရေပြားအဖုအကျိတ်တွေကို စောစီးလျင်မြန်စွာ ရှာဖွေတွေ့ရှိစေဖို့ အကျိုးသက်ရောက်မှုရှိပြီး လူ့အသက်တွေကိုလည်း ကယ်တင်နိုင်မှာဖြစ်ပါတယ် “ လို့ Ferris က ပြောကြားသွားပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ