သင့်ကလေးငယ် ဘယ်အချိန်မှာ လမ်းလျှောက်မလဲ


အောက်ပါ အချက်အလက်တွေကတော့ သင့်ကလေးငယ် ဘယ်အချိန်မှာ လမ်းကောင်းကောင်း လျှောက်တတ်မလဲဆိုတာကို သိရှိနိုင်စေမယ့် အဆင့်တွေပဲဖြစ်ပါတယ်။

အသက်အရွယ် အပိုင်းအခြားအလိုက် လမ်းလျှောက်လာမယ့် အဆင့်ဆင့်ကို လမ်းညွှန်ဖော်ပြပေးထားပါတယ်။

တစ်ချို့ကလေးငယ်လေးတွေကတော့ ၉ လသားကတည်းက စပြီးလမ်းလျှောက်တတ်ကြသလို တစ်ချို့ကတော့ ၁၇ လသားအရွယ်မှ လမ်းလျှောက်တတ်ကြပါတယ်။ ဒါကတော့ ပုံမှန်စတင်လမ်းလျှောက်လေ့ရှိတဲ့ အသက်အရွယ် အပိုင်းအခြားဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ဖွံ့ဖြိုးကြီးထွားမှုနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။ 

မွေးစမှ ၂ လ

ခြေလှမ်းလှမ်း တတ်ဖို့စတင်နေပါပြီ။ မျက်နှာပြင်မာကြောတဲ့ ကြမ်းပြင်ပေါ်မှာ မတ်တပ်အနေထား ရပ်ပေးရင် ခြေထောက်လေးတွေကို ရွှေ့လျားပြီး ခြေလှမ်းလှမ်းဖို့ ပြင်နေပါပြီ။ ဒီလိုအကျင့်ကတော့ အသက် ၂ လသားဆိုရင် ပျောက်သွားလေ့ရှိပါတယ်။

၃ လမှ ၄ လ

မှောက်လျက်အနေအထားမှာဆိုရင် ခေါင်းထောင်လာတတ်ပြီး လက်၂ဘက်ကို အသုံးပြုပြီး ရင်ဘတ်ကိုလည်း ကြမ်းပြင်ကနေ တွန်းကန်ထနေတတ်ပါပြီ။ ဒီလိုထတတ်တာဟာ လမ်းလျှောက်ခြင်းအတွက် အဓိကကျတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြံ့ခိုင်မှုကို ရရှိစေပါတယ်။

၅ လ


မတ်တပ်အနေအထားမှာဆိုရင် ခုန်ဆွခုန်ဆွ လုပ်တတ်နေပါပြီ။ ဒီလိုလုပ်တာဟာ ခြေထောက်တွေ သန်စွမ်းကြံ့ခိုင်လာစေပါတယ်။ ထိုင်နေတဲ့ အချိန်မှာလည်း  လက်၂ဖက်ကိုသုံးပြီး ရှေ့ကိုမီလျက်အနေအထား နေတတ်နေပါပြီ။

၆ လမှ ၉ လ

အကူအညီမပါဘဲ ထိုင်တတ်ပါပြီ။ ခေါင်းနဲ့ လည်ပင်းကို ကောင်းကောင်းထောင်မတ်ထားနိုင်ပြီး ခန္ဓာကိုယ်ထိန်းညှိခြင်း စတဲ့ လမ်းလျှောက်ဖို့အတွက် အရေးကြီးတဲ့ စွမ်းရည်တွေလည်း ရရှိနေပြီဖြစ်ပါတယ်။ ကလေးငယ်အများစုဟာ အသက် ၇ လနဲ့ ၁၀ လကြားမှာ လေးဘက်သွားတတ်ကြပြီး တစ်ချို့ကတော့ ဒီအဆင့်ကိုကျော်ပြီး တစ်ခါတည်း လမ်းစလျှောက်တတ်ကြပါတယ်။

၉ လမှ ၁၂ လ

ဆိုဖါခုံတွေ၊ စားပွဲကိုခြေထောက်တွေကို အားပြုပြီး မတ်တပ်ထရပ်နေတတ်ပါပြီ။ မတ်တပ်ရပ်နိုင်သွားပြီဆိုရင်တော့ ဒူးတွေကိုကွေးပြီး ဘယ်လိုထချရမယ်ဆိုတာကို စူးစမ်းသင်ယူတော့မှာ ဖြစ်ပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Baby Centre 



       
       
       
       
        
       
   
   

    
    
    
    
    
    
    

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ