ဆေးယဉ်ပါးဗက်တီးရီးယားကို သုတ်သင်နိုင်ရန် ပဋိဇီဝပဆေးဝါးများကို ပြင်ဆင်ထုတ်လုပ်မည်



လူ့ အသက်ပေါင်း သန်းပေါင်းများစွာကို ချိမ်းခြောက်လာနေပြီဖြစ်သည့် ဆေးယဉ်ပါးဗက်တီးရီးယားများကို သုတ်သင်ရှင်းလင်းနိုင်ရန် အမေရိကန်ပြည်ထောင်စု၊ ဆန်ဒီယာဂိုမြို့ ရှိ သုတေသီများက လက်ရှိအသုံးပြု လျက်ရှိသည့် ပဋိပစ္စည်းများ၏ နောက်ဆုံးအဆင့်ဆေးဝါးများကို ပြန်လည်ပြင်ဆင်ထုတ်လုပ်သွားမည် ဖြစ် ကြောင်း သိရသည်။ဆေးယဉ်ပါးဗက်တီးရီးယားတွေက ကြောက်စရာကောင်းတဲ့အမြန်နှုန်းနဲ့  ကမ္ဘာ တ၀န်းကို ပျံ့ နှံ့ လျက်ရှိပါ တယ်။ သူတို့ ကို အချိန်မီမထိန်းချုပ်နိုင်ရင် ကမ္ဘာလောကကြီးဟာ သမိုင်းဦး ကာလကလို ဘယ်လိုဗက်တီး ရီးယားပိုးမွှားကိုမှ ခုခံနိုင်ခြင်းမရှိဘဲ သာမန် ဖျားနာမှုဝေဒနာကြောင့် လည်း အသက်သေဆုံးနိုင်ပါလိမ့်မယ် ဟု အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့် တားဆီး ကာကွယ်ရေးဌာန CDC က ထုတ်ပြန်ကြေ ညာသည်။
ယခုပင်လျင် ဆေးယဉ်ပါးဗက်တီးရီးယားကူးစက်ခံရသူဦးရေမှာ အမေရိကန်ပြည်ထောင်စု တစ်ခုတည်း တွင်ပင် တစ်နှစ်လျင် ၂ သန်း ထက်မနည်းရှိပြီး ၄င်းတို့ အနက် သေဆုံးသူမှာ ၂၃၀၀၀ ဦးထက်မနည်း ရှိ နေကြောင်း၊ ဆေးယဉ်ပါးဗက်တီးရီးယားကို သုတ်သင်နိုင်ရန် ဆေးပညာကို အမြန်ဆုံးအဆင့်မမြှင့်တင်နိုင် ပါက လူသေဆုံးမှုနှုန်းမှာ တိုးလာရန်သာရှိကြောင်း သိရသည်။ ပဋိဇီဝဆေးပစ္စည်းတွေကို အဆင့်ဆင့် အသုံးပြုလာရာကနေ အခု နောက်ဆုံးအဆင့် ပဋိဇီဝဆေးတွေပဲ ကျန်ပါတော့တယ်။

 ဒီဆေးတွေကို နည်းပညာအသစ်နဲ့ ပြန်လည်ပြင်ဆင်ထုတ်လုပ်ရင်တော့ အဲဒီ ဆေး ယဉ်နေတဲ့ ဗက်တီးရီးယားတွေကို သုတ်သင်နိုင်လိမ့်မယ်လို့  မျှော်လင့်ရပါတယ်။ အဲဒီနည်းပညာအသစ် နဲ့  ထုတ်လုပ်လိုက်တဲ့ ပဋိဇီဝဆေးအသစ် ထုတ်လုပ်နိုင်တဲ့နေ့ ဟာ ကမ္ဘာကြီးအပေါ် ကျရောက်နေတဲ့ အရိပ်မည်းကြီးကို ရှင်းထုတ်နိုင်တဲ့နေ့  ဖြစ်ပါလိမ့်မယ်ဟု ဆန်ဒီယာဂိုမြို့ အခြေစိုက် Scripps Research Institute မှ သုတေသီ Dale Boger က ပြောသည်။ သုတေသီများသည် Vancomycin မူကွဲ ၃ မျိုး ထုတ်လုပ်ထားကြောင်း၊ ၄င်း ဆေး ၃ မျိုးလုံးသည် ဗက်တီး ရီးယားကို သတ်ဖြတ်နိုင်သည့် ပဋိဇီဝဆေးများဖြစ်ပြီး တစ်ခုအပေါ်တစ်ခု အမှီသဟဲ ပြုလုပ်ထားခြင်းမရှိ ကြောင်း၊ ၄င်းဆေး ၃ မျိုးလုံးကိုအသုံးပြုခြင်းအားဖြင့် ဆေးယဉ်ပါးဗက်တီးရီးယားများက ၄င်းဆေး ၃ မျိုး လုံး၏ ပြောင်းလဲမှုကို ကျော်လွှားနိုင်ရမည်ဖြစ်ကြောင်း၊ သို့ သော် မည်သို့ မျှ ကျော်လွှားနိုင်လိမ့်မည် မဟုတ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ