ကျန်းမာပြီးကြံ့ခိုင်သော အရိုးများကို ပိုင်ဆိုင်စေဖို့ နည်းလမ်းများ

ကယ်လစီယမ်နဲ့ ဗီတာမင်ဒီပါဝင်တဲ့ အာဟာရတွေကို နေ့စဉ်စားသုံးဖို့ဆိုတာ အရိုးကျန်းမာရေး
အတွက်အရေးကြီးလှပါတယ်။ အသက် (၃၀) ကျော်လာပြီဆိုတာနဲ့ လူ့အရိုးဟာ ပျက်စီးဖို့လွယ်ကူလာပြီး ပြန်လည်တည်ဆောက်ဖို့ဆိုလည်း ငယ်စဉ်ကထက် အချိန်ပိုကြာပါတယ်။ ဒါ့အပြင် အရိုးသိပ်သည်းဆဟာလည်း အသက်ကြီးလာလေလေ လျော့လာလေလေဖြစ်ပါတယ်။ အရိုး သိပ်သည်းဆဟာ ကျန်းမာတဲ့ အခြေအနေမှာ ရှိနေစေဖို့ နည်းလမ်းကို တင်ပြပေးလိုပါတယ်။

၁။ ကယ်လစီယမ်စားသုံးမှုကို မြှင့်တင်ပါ။ သွားနဲ့အရိုးတွေရဲ့ ပုံမှန် ဖွံ့ဖြိုးသန်စွမ်းမှုအတွက် ကယ်လစီယမ်ဟာ အရေးပါတဲ့ သတ္တုဓာတ်ဖြစ် ပါတယ်။ နေ့စဉ်စားသုံးတဲ့ အာဟာရတွေထဲကမှ ဒိန်ချဉ်၊ ချိစ်နွားနို့လို နို့ထွက် အစားအစာတွေ၊ ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်လို အစိမ်းရောင်ဟင်းသီး ဟင်းရွက်တွေ ကကယ်လစီယမ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်လို့နေ့စဉ် စားသုံးပေးသင့်ပါတယ်။

၂။ နေရောင်ခြည်ကိုခံယူပါ။ ပူပြင်းတဲ့နေ့လယ်ခင်းနေရောင်ကိုဆိုလိုတာမဟုတ်ပါဘူး။ မနက်ခင်းနေရောင်ခြည်ကို ဆိုလိုပါတယ်။ ဗီတာမင်ဒီ ခန္ဓာကိုယ်ထဲမှာ လုံလောက်စွာ မရှိနေရင် ကယ်လစီယမ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေမယ့်လည်း အဲဒီကယ်လစီယမ်တွေကို မစုပ်ယူနိုင်ပါဘူး။ နေရောင်ခြည်ဟာ အကောင်းဆုံးနဲ့ သဘာဝအတိုင်းများ များရရှိတဲ့ ဗီတာမင်ဒီ ရင်းမြစ်ကြီးပဲ ဖြစ်ပါတယ်။ မနက်ခင်းနေရောင်ခြည်ကို (၁၅)မိနစ်ကြာခံယူပြီးကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လိုက်ပါ။ ဒါ့အပြင် ပုစွန်ဆိတ်၊ ဆာဒင်းငါး၊ ကျူနာငါး၊ ဆော်လမွန်ငါး၊ ကြက်ဥနှစ်တွေဟာလည်း ဗီတာမင်ဒီတွေကြွယ်ဝစွာ ပါဝင်နေပါတယ်။

၃။ ပရိုတင်းစားသုံးမှုကို စစ်ဆေးပါ။ ဘယ်အရာကိုမှ လွန်လွန်ကျူးကျူး မစားသုံးသင့်ပါဘူး။ ပရိုတင်းလို့ခေါ် တဲ့ အသားဓာတ်လည်း ထို့အတူပါပဲ။ ကိုယ်ခန္ဓာကြွက်သားတွေနဲ့အရိုးကို တည်ဆောက်မှုမှာအရေးပါပေမယ့်လည်း ပရိုတင်းပုံမှန်ထက်များနေပြီဆိုရင် ကိုယ်ခန္ဓာထဲမှာ PH  အပြောင်းအလဲတွေဖြစ်စေပါတယ်။ အဲဒီအခါမှာအရိုးပျက်စီးမှုကို ဖြစ်စေတဲ့ acidic  ပတ်ဝန်းကျင်ကို အရိုးတွင်းမှာ ဖြစ်ပေါ်လာစေပါတယ်။

၎။ အငန်စားသုံးမှုကို ထိန်းချုပ်ပါ၊ မိမိတို့အများစုဟာ တစ်နေ့ကို ဆိုဒီယမ်၂၃၀၀၀မီလီဂရမ်လောက် ပျမ်းမျှစားသုံးမိနေကြပါတယ်။ ဆိုဒီယမ် ကိုစားသုံးမှုမြင့်မားခြင်းဟာ ကယ်လစီယမ်တွေကို ဆီးနဲ့ချွေးတွေကနေ တစ်ဆင့် စွန့်ထုတ်မှုများပြီးဆုံးရှုံးစေပါတယ်။

၅။ ကဖင်းနဲ့ ဆိုဒါကို လျှောချပါ။ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည် စတာတွေနဲ့ ဆိုဒါပါ ၀င်တဲ့ snacks၊ အချိုရည်တွေဟာ ကိုယ်ခန္ဓာကနေ ကယ်လစီယမ် စုပ်ယူမှုကိုတားဆီးပါတယ်။ ဆိုဒါအရသာပြုလုပ်ရာမှာပါဝင်တဲ့ ဖော့စဖောရပ်ကလည်း ကယ်လစီယမ်စုပ်ယူမှု ကိုအနှောက်အယှက်ဖြစ်စေပါတယ်။

၆။ အရက်အလွန်အကျွံသောက်ခြင်း ကိုရှောင်ကြည်ပါ။ အရက်အလွန် အကျွံသောက်ခြင်းသည် အရိုးကြံ့ခိုင် ကျန်းမာရေးကို ထိခိုက်စေသဖြင့် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။

သက်ကို
Ref;ANI

Health Updates Journal No. 94

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ