ခါးနာခြင်း အတွက် အိမ်တွင်း ကုထုံး


ကျောရိုးအဆစ်ကြား အရွတ်ဝိုင်းနေရာ လွဲသွားခြင်းကြောင့် ကျောရိုးဆစ် တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသောအခါ ခါးနာခြင်း ဖြစ်ပေါ်လာရသည်။ ယေဘုယျ အားဖြင့် ခါးနာခြင်းသည် သက်ကြီးပိုင်း အမျိုးသားများတွင် အဖြစ်များလေ့ရှိသည်။
သို့သော် အနေအထိုင်ပုံစံမမှန်ခြင်း၊ ဟန်ချက်မညီဘဲ အားစိုက်မိ၍ ကြွက်သားနှင့် အကြောများတွင် ဒဏ်ဖြစ်ခြင်း၊ အဝလွန်၍ ဝမ်းဗိုက်တွင် အဆီစုဝေးခြင်း၊ အားကစား လုပ်နည်းပုံစံ မမှန်ခြင်း၊ လေ့ကျင့်ခန်း ပြင်းပြင်းလုပ်ခြင်း၊ အလေး အပင်မခြင်း၊ ကွန်ပျူတာ ရှေ့အထိုင်များခြင်း စသည်တို့ကြောင့်လည်း သက်ကြီး ပိုင်းသာမက သက်လတ်ပိုင်း အမျိုး သား၊ အမျိုးသမီးများပါ ခါးနာတတ်ကြသည်။

ထို့ပြင် သားအိမ်ပတ်ဝန်းကျင် အရိုးနှင့်ကပ်နေသည့် အရွတ်များ ဆွဲဆန့်ရခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အားလုံးနီးပါး ခါးနာလေ့ရှိကြသည်။ အနေ အထိုင် အပြုအမူပုံစံ မှားယွင်းမှုကြောင့် ခါးနာခြင်းကို ဖြစ်စေနိုင်သဖြင့် အောက်ပါအတိုင်း ပြုမူနေထိုင်သင့်သည်-

စနစ်တကျ သယ်မပါ

ဖြစ်နိုင်ရင် လေးလံသော အရာဝတ္ထုပစ္စည်းများကို မိမိတစ်ဦးတည်း သယ်မခြင်းရှောင်ပါ။ အကယ်၍ မဖြစ်မနေသယ် မရမည်ဆိုပါလျှင် ခါးကိုအသုံးပြု၍ သယ် မခြင်းမပြုရ။ ခြေထောက်များကိုသာ အသုံးပြုပြီးသယ်မရမည်။ မတ်တတ်ရပ် နည်းမှန်ကန်ပါစေ မတ်တတ်ရပ်ပုံစံ မှားယွင်းခြင်းကလည်း ခါးနာခြင်းကို ဖြစ်စေနိုင်သည်။ မှန်ကန်သော မတ်တတ်ရပ် နည်းပုံစံများမှာ ခေါင်းမှခြေထောက်အထိ ခန္ဓာကိုယ်တစ်လျှောက် တစ်ပြေးညီ မတ်တတ်ရပ်ပါ။ နားရွက်၊ တင်ပါးနှင့် ဒူးများ တစ်ဖြောင့်တည်း ဖြစ်ရမည်။ ဦးခေါင်းကိုရှေ့သို့မကုန်းဘဲ လည်ပင်းနှင့်တစ်ဖြောင့်တည်း ဖြစ်နေရန်လိုအပ် သည်။

ခါးကိုမတ်မတ်ထား၍ ထိုင်ပါ ခါးနောက်ကျောပေါ်သို့ ဖိအားသက်ရောက်မှု လျော့ပါးစေရန် ခါးကိုမတ်မတ်ထား၍ ထိုင်ရမည်။ ခါးရိုးဆစ်များသည် မူလသဘာဝ အားဖြင့် အင်္ဂလိပ်စာလုံး S ပုံစံဖြင့် တည်ဆောက်ထား၍ ထိုင်သောအခါတွင် S ပုံစံ အနေအထားဖြစ်အောင် ထိုင်ရမည်။C ပုံစံအနေအထားမျိုးမဖြစ်စေရန် သတိထားရမည်။ ထိုင်ပြီးနာရီဝက်ကြာ တိုင်း ထိုင်ခုံပေါ်မှထရပ်ပြီး စက္ကန့်အနည်းငယ်ခန့် လမ်းထလျှောက်ရမည်။ ထို့ပြင် ဆိုဖာထူသော ကုလားထိုင်တွင် ကြာရှည်စွာထိုင်ရခြင်း၊ ကုလားထိုင်အစွန်းတွင် ကြာရှည်စွာ ထိုင်မိခြင်းတို့ကြောင့်လည်း ခါးနာခြင်းနှင့် ကျောဆစ်ရိုး လွဲခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။

နူးညံ့ပျော့ပျောင်းသော ဖိနပ်ကိုစီးပါမိမိစီးသော ဖိနပ်များကြောင့် ခါးနာခြင်းကို ပိုမိုဆိုးရွားနိုင်သည်။ ခါးနာနေသော အမျိုးသမီးများအဖို့ ပွိုင့်သေး၍ ချွန်မြသော ဒေါက်ဖိနပ်မျိုးကို အထူးရှောင်ရှားရမည်။ ခါးနာလေ့ရှိသော အမျိုးသားများ အနေဖြင့် နူးညံ့ပျော့ပျောင်းပြီး ကူရှင်ကောင်းသော ရှူးဖိနပ်ကို ရွေးချယ်ရန်လို အပ်သည်။ ခေါင်းအုံးခပ်ပါးပါးဖြင့် အိပ် စက်ပါခေါင်းအုံးထူထူဖြင့် အိပ်စက်ခြင်းက ခါးနာခြင်းကို ဖြစ်စေနိုင်သည်။ ခါးနာသူများသာမက ခါးမနာသေး သူများ လည်း ကြိုတင်ကာကွယ်မှုအနေဖြင့် ခေါင်းအုံးပါးပါးသို့မဟုတ် ခေါင်းအုံးတစ်လုံးတည်းဖြင့်သာ အိပ်စက်အနားယူ သင့်သည်။ ခေါင်းအုံးထူခြင်း သို့မဟုတ် ခေါင်းအုံးနှစ် လုံး၊ သုံးလုံးဖြင့် အိပ်စက်ခြင်းက ခါးနောက်ကျောရှိ ကြွက်သား များကို ဒဏ်ဖြစ်စေသလို လည်ပင်းကိုလည်း ဒဏ်ဖြစ်စေနိုင်သည်။

မွေ့ရာအသစ်လဲပါပျမ်းမျှလူ ၁ဝ ဦးတွင် ကိုးဦးခန့်က မွေ့ရာနှင့်ပတ်သက်၍ ကျန်းမာရေး အခြေအနေကို လျစ်လျူရှု တတ်ကြသည်။ အမေရိကန် အမျိုးသား အိပ်စက်ခြင်းဆိုင်ရာ ဖောင်ဒေးရှင်းမှ သုတေသီများ၏ လေ့လာဆန်းစစ်မှု မှတ်တမ်းများအရ အရည်အသွေးကောင်းသော မွေ့ရာတစ်ခု၏ သက်တမ်းသည် ကိုးနှစ်မှ ၁ဝ နှစ်အကြားရှိသည်။ အရည်အသွေး ညံ့သောမွေ့ရာများကြောင့် ခါးနာခြင်းကို ဖြစ်စေနိုင်သည်။

ဒါ့ပြင် အလွန်ပျော့သော မွေ့ရာနှင့် အလွန်မာသော မွေ့ရာတို့ကလည်း ခါးနာခြင်းကိုဖြစ်စေသည်။ ဆေးလိပ် မသောက်ရ ဆေးလိပ်သောက်ခြင်းကြောင့် ကျောရိုး မဆီသို့ သွေးစီးဆင်းမှု လျော့ကျစေသည်။ ဆေးလိပ်သောက်သူများ သည် မသောက်သူများထက် ခါးနာနိုင်ခြေပိုများသည်။ ကျန်းမာရေး အသိအမြင်ရှိပါ မိမိသေ ဘာဖြင့် ခါးနာပျောက် ဆေးများကို မသောက်သင့်ပေ။ ၎င်းဆေးများ၏ ဘေးထွက်ဆိုးကျိုးများအဖြစ် အစာအိမ်သွေးကြောပေါက်ခြင်း၊ ဦး နှောက်သွေးကြောေ ပါက်ခြင်း၊ အသည်းပျက်စီးခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်းများ ဖြစ်လာနိုင်သည်။

လမ်းလျှောက်ခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ပါ လမ်းလျှောက်ခြင်းသည် ခါးရိုးဆစ်အတွက် များစွာအထောက်အကူပြု သည်။ ခါးရိုးကြွက်သားများကို သန်မာစေပြီး အဆစ်များလှုပ်ရှားမှုနှင့် အရွတ်အဝိုင်းပြားများကို ပိုမိုကောင်းမွန်လာစေ သည်။ မလှုပ်ရှားဘဲ ဥပမာ- တစ်နေကုန်တီဗွီထိုင်ကြည့်သူများသည် ခါးနာခြင်းကို အများဆုံးဖြစ်စေနိုင်သည်။ လမ်း မှန်မှန်လျှောက်ကာ လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် ခါးနာခြင်းမှ ကင်းဝေးစေနိုင်သည်။

စိတ်ဖိစီးမှုများကို လျှော့ချပါ အချို့လူများတွင် ပြဿနာ အခက်အခဲ တစ်ခုခုနှင့် ရင်ဆိုင်တွေ့ရတိုင်း ခါးနာတတ်ကြသည်။ အကြောက်လွန်ခြင်း၊ ထိတ်လန့်ခြင်း၊ တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေခြင်းသည် စိတ်ဖိစီးမှုကို မြင့်မားစေပြီး ခါးနာမှုကို ဖြစ်ပေါ်စေသည်။ ဇက်ကြော ပခုံးကြောများ ကိုက်ခဲခြင်း၊ လည်ပင်းအဆစ်များ နာခြင်းနှင့် ခါးနာခြင်းတို့ ဖြစ်ပွားမှု ရာခိုင်နှုန်း အတော်များများသည် သောကဖိစီးမှုကြောင့် ဖြစ်လာရကြောင်း သုတေသီများက အကြံပြုထားသည်။ ခရီးသွား၍ ခါးနာခြင်းမှ ကင်းဝေးစေရန် ထိုင်ခုံကို ရွေးချယ်ပြီး ရှေ့နောက်ဆန့်နိုင်သော ထိုင်ခုံပါသည့်ယာဉ်ကို ရွေးချယ်ပါ။ သားရေထိုင်ခုံများဖြစ်လျှင် အပူဒဏ်ကာကွယ် သည့် အဝတ်ခင်း၊ ထိုင်ခုံအစွပ်များပို၍ ကောင်းသည်။ လေဝင်လေထွက်ကောင်းသော ခေါင်မိုးမြင့်သည့် ယာဉ်ကို ရွေးချယ်ပါ။ လေအေးပေးစက် အလွန်အကျွံဖွင့် လျှင် အအေးဒဏ်ကြောင့် ခါးဆစ်ကိုက်ခဲခြင်း မဖြစ်စေရန် ခါးမနာစေသော ခါးပတ် သို့မဟုတ် စောင်တဘက်ဖြင့် အအေးဒဏ်ကာကွယ်ရန် ဆောင်ထားပါ။

ယာဉ်ရပ်သည့်အခါတိုင်း အပေါ့အပါးသွားခြင်း၊ ခါးဆန့်၍ လေ့ကျင့်ခန်းလုပ်ခြင်းများပြုလုပ်ပါ။ ခါးနာခြင်းအတွက် အိမ်တွင်းကုထုံး ကျောက်ကပ်၊ ဆီးအိမ်၊ သား အိမ်ရောဂါ အမျိုးမျိုးတို့ကြောင့်လည်း ခါးနာတတ်ပေရာ ဝေဒနာ မပြင်းထန် ခင်နည်းမှန်လမ်းမှန်ဖြင့် ကုသမှုခံယူရင်း အောက်ပါအိမ်တွင်းကုထုံးများဖြင့် သက်သာနိုင်ကြပါစေရန် မျှဝေလိုက်ရပါ သည်-

ခါးနာသည့် နေရာသို့ ရေနွေးအိတ်ကပ်ပေး၍ ပူနွေးသော အစားအစာများကို စားပေးပါ။ ထမင်းစားသည့်အခါတိုင်း ကြက်သွန်ဖြူ စားပေးပါ။ အထူးသဖြင့် နံနက်အိပ်ရာထ ဘာမျှမစားခင် ကြက်သွန်ဖြူ စားပေးနိုင်ရင် ပိုကောင်းသည်။ ခါးနာခြင်းအတွက် ပင်စိမ်းရွက်က အကောင်းဆုံး သမားတော်ဟု အဆိုရှိရာ ပင်စိမ်းရွက်ကို နှစ်ခွက်တစ်ခွက်တင် ပြုတ် ၍ အအေးခံကာ ဆားအနည်းငယ် ထည့်သောက်ပါ။ ယူကလစ်ဆီနှင့် မုန်ညင်းဆီတို့ရော၍ အရေပြားထဲ စိမ့်ဝင် အောင် အသာအယာ နှိပ်နယ်ပေးပါ။ ထမင်းစားပြီးတိုင်း သကာရည် သို့မဟုတ် တင်လဲရည် စားပွဲတင်ဇွန်း တစ်ဇွန်း ခန့်ကို ရေနွေးဖြူဖြင့်သောက်ပေးပါ။

ဖာလာစေ့ကို ပျားရည်ဖြင့်နှဲ၍ သောက်ခြင်းကလည်း အမြန်ဆုံး သက်သာလာစေသည်။ ကယ်လ်ဆီယမ် ကြွယ်ဝ သည့်နွားနို့ကို တစ်ရက်လျှင် နှစ်ခွက်မှ သုံးခွက်အထိ သောက်ပေးခြင်းဖြင့် ခါးမနာအောင် ကြိုတင်ကာကွယ်ပေးနိုင် သည်။ အသာအယာ နှိပ်နယ်ပြီးဆေးဖယောင်းချက် ကပ်ပေးပါ။ ရေခဲတုံးလေးများကို အဝတ် သို့မဟုတ် ဂုန်နီအိတ်ပါး ထဲထည့်၍ အသာအယာ လှိမ့်ပေးနိုင်ပါသည်။ တစ်ရက်လျှင် လေးကြိမ်လောက် လုပ်ပေးနိုင်လျှင် ခါးနာပျောက်ပါ သည်။

မွေ့ရာခင်းမထားသော ခုတင် သို့မဟုတ် ကြမ်းပြင်ပေါ် ငြိမ်သက်စွာ ပက်လက်လှဲခြင်းက သွေးများကောင်းစွာ စီးဆင်း လည်ပတ်စေသလို အကြောအခြင်ပြေ၍ ခါးနာခြင်းကို သက်သာစေသည်။ ဒဏ်ကြေဆေး ပူလိမ်းပေးနိုင်သည်။(ကိုယ် ဝန်ဆောင်များကို မဆိုလိုပါ။) နံ့သာဖြူနှင့်ချင်းကို ဆတူရော၍ လိမ်းပါ သို့မဟုတ် ချင်းအနည်းငယ်ကို ထောင်း၍ နာနေသော နေရာကို မိနစ် ၂ဝ လောက်လိမ်းပေးပါ။ တစ်နေ့လျှင် လေးကြိမ်လောက် လုပ်ပေးခြင်းဖြင့် ခါးနာရောဂါ ပျောက်ကင်းပါ သည်။ မပြင်းထန်သော ခပ်ဖော့ဖော့ အကြောပြင် လေ့ကျင့်ခန်းများကလည်း ခါးနာသက်သာအောင် အထောက်အကူဖြစ်စေသည်။ (အမှန်တကယ် အရိုးအေ ကြာ နားလည်တတ်ကျွမ်းသူနှင့် ကုသမှုခံယူပါ။)

အာလူးတစ်လုံးကို စင်ကြယ်အောင် ရေဆေးပြီး ခပ်ပါးပါးလေး အကွင်းလိုက်လှီးပါ။ ညအိပ်ခါနီး နာနေတဲ့ခါးပေါ်ကို အာလူးအကွင်းများ ကပ်ပေးပြီး အားကစား သမားများ သုံးတဲ့အီလပ်စတစ်ခါးပတ်ကို အပေါ်ကနေ ပတ်ပေးထားပါ။ ထိုခါးပတ်မျိုး မရှိသော်လည်း အဝတ်သန့်သန့်ဖြင့် အာလူးများ ကွာကျမသွားအောင် စည်းပေးထားပါ။ နံနက်အိပ်ရာ ထတဲ့အချိန် ၎င်းအာလူးများကို ခွာလိုက်ပါ။ ဤနည်းဖြင့် သုံးရက်ခန့် ဆက်တိုက်လုပ်ပေးပါက ခါးနာဝေဒနာ သိသိ သာသာ သက် သာပါလိမ့်မည်။ ငါးရက်တစ်ပတ်ခန့် ဆက်လုပ်ပေးပါက ခါးနာဝေဒနာကို ယူပစ်လိုက်သလို ပျောက် ကင်းသွားပါလိမ့်မည်။

တရုတ်နိုင်ငံတွင် အေဒီ ၁၈၉ မှ ၂ဝဝ အတွင်း ဟန်မင်းဆက်လက်ထက်တွင် ရှေးတရုတ်ဆေးပညာရှင်များက ခါးနာ ဝေဒနာသည်များအား မြေကြီးပေါ်မှာ လေးဖက်ထောက်သည့် လေ့ကျင့်ခန်းကုထုံးဖြင့် ကုသပေးခဲ့ကြသည်။ ဤနည်းက ကျောနှင့်ခါးပေါ်ရှိ ကိုယ်အလေးချိန်ဟာ ခြေနဲ့လက်များသို့ ပျံ့နှံ့သွားတာကြောင့် ခါးကျောနာခြင်းသာမက လည် ပင်းနာခြင်းတို့ကိုပါ သက်သာပျောက်ကင်း သွားစေပါသည်။ ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ် တစ် ရွက်ခူးယူပြီး အင်္ကျီအတွင်း နာနေသော ခါးပေါ်ကိုကပ်ထားပြီး ပက်လက်လှန်ပြီးအိပ်ပါ။ ခန္ဓာကိုယ်မှ အပူများကို သင်္ဘောရွက်မှ သဘာဝ ဓာတ်သဘောဖြင့် စုပ်ယူပေးပါ သည်။ ပူရှိန်းရှိန်းလေး ခံစားရပါမည်။ ခါးနာသက်သာသည် အထိ တစ်ပတ် ဆယ်ရက်ခန့် ညစဉ်လုပ်ပေးနိုင်သည်။

နံနက်အိပ်ရာထတဲ့အချိန် ရေတစ်ခွက်သောက်ပြီးလျှင် နောက်ဖေးမဝင်မီ ခါးနာသက်သာစေမည့် လေ့ကျင့်ခန်းကို အရင်လုပ်ပေးပါ။ လုပ်ရမည့် လေ့ကျင့်ခန်းကေ တာ့ တည့်တည့် မတ်တတ်ရပ်ပြီး ခါးကိုရှေ့သို့ အနည်းငယ်ကိုင်းပြီး လျှင် ခါးကိုအားပြုပြီး ဖြည်းဖြည်းချင်းစီ စကောဝိုင်းသလိုမျိုး ဘယ်ပြန်ညာပြန် ၁ဝ ကြိမ်ခန့် လှည့်ပေးပါ။ ၎င်းလေ့ကျင့်ခန်းကို လုပ်ပေးခြင်းအားဖြင့် ခါးရိုးခါးဆစ်မှ အပူများထွက်သွားပြီး အကြောများလည်း ပွင့်သွားသလို အညောင်း အညာများလည်း ပြေသွားစေသည်။ ညနေပိုင်းရေချိုးခါနီးမှာလည်း နောက်တစ်ကြိမ် လေ့ကျင့်ပေးနိုင်သည်။ တစ်နေ့ ကို နှစ်ကြိမ်ခန့်ပြုလုပ်နိုင်သည်။ (သတိပြုရန်မှာ ခါးလှည့်ေ သာအခါတွင် ဖြည်းညင်းစွာလှည့်ပါ။ ခွန်အားထည့်၍ အလျင်အမြန် လှည့်မိပါက အခန့်မသင့်လျှင် ပို၍နာသွားတတ်သည်။)

ဘဲဥပြုတ်သည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ် စေနိုင်ပါသဖြင့် ဘဲဥကို မကျက်တကျက်ပြုတ်၍ နေ့စဉ်တစ်လုံးစီ စားသုံးပါ။ အနည်းဆုံး မိမိအသက်၏ တစ်ဝက်အလုံးရေအထိ စားသုံးရပါမည်။ ဥပမာ-အသက်၎ဝ နှစ်ရှိလျှင် အနည်းဆုံး ဘဲဥအလုံးရေ ၂ဝ စားသုံးရမည်။ ထို့ထက်များများ စား သုံးနိုင်လျှင် ပို၍ကောင်းသည်။ (ဒူးနာ တတ်သူများလည်း ဤနည်းအတိုင်း စားပေးသင့်သည်။) မလေးရှားနိုင်ငံတွင် ခေါင်းကိုက်ခြင်း၊ အဆစ်အမျက် နာ ကျင် ကိုက်ခဲခြင်းနှင့် ခါးနာခြင်း ဝေဒနာများအတွက် အပူပေးထားသော အုန်းဆီကို ကွမ်းရွက်သတ္တုရည်ဖြင့် ရောကာ လိမ်းကျံလေ့ရှိသည်။

ပေါက်ပေါက်
မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ