မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူထက်ဗိုက်ဘာ (Viber) သုံးစွဲသူက ပိုများကြောင်းသတင်းရရှိသည်။ ထို့အပြင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူ ၂ ဒသမ ၄သန်းခန့်ရှိချိန်တွင်Viber အကောင့်များဖွင့်လှစ်ပြီးမိုဘိုင်ဖုန်းဖြင့်သာမက ကွန်ပျူတာဖြင့် သုံးစွဲသူပေါင်း ၃ ဒသမ ၈ သန်းရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
Viber အသုံးပြုရာတွင် မြန်မာနိုင်ငံဖြင့် စာရင်းပေးသွင်း အသုံးပြုနေသူ ၃ ဒသမ ၈ သန်းခန့် ရှိပြီး မိုဘိုင်းဖုန်းအပြင် ကွန်ပျူတာများဖြင့် ဖွင့်လှစ်သုံးစွဲနေကြောင်း Viber ၏ စာရင်းများအရ သိရသည်။
ပြည်တွင်း၌ Viber ဖွင့်လှစ်သုံးစွဲနေသူမှာ မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲနေသည့် စာရင်းများထက်သာမက မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်အကောင့်ဖွင့်လှစ်သုံးစွဲနေသည့် စာရင်းများထက်ပင် ပိုမိုများပြားနေပြီး လက်ရှိပြည် တွင်းတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူပင် ၁ ဒသမ ၇ သန်းကျော်သာရှိနေသည်။
‘‘အင်တာနက်ချိတ်ထားပေ မယ့်လွယ်လွယ်ကူကူသုံးလို့ရတာက Viber ပဲရှိတော့ တခြား ဖေ့စ်ဘွတ်ခ်တွေလည်းမသုံးဖြစ်ဘူး။ ဖေ့စ်ဘွတ်ခ်ကျတော့ သိပ်လည်း မသုံးတတ်ဘူး။ Viber ကျတော့ ဖုန်းလိုပဲ သုံးရတာ သိပ်မကွာတော့ သုံးဖြစ်တာ’’ ဟုပုဇွန်တောင်မြို့နယ်တွင် နေထိုင်သည့်မိခင်တစ်ဦးကပြောသည်။
Viberမှာ မိုဘိုင်းဖုန်းဖြင့် မက်ဆေ့ခ်ျပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ ရုပ်သံဖိုင်ပေးပို့ခြင်းစသည့်ဝန်ဆောင်မှုများဆောင်ရွက်နေပြီး ကွန်ပျူတာမှ တစ်ဆင့်အသုံးပြုနိုင်သည့်Viber Desk-top ဗားရှင်းကိုလည် ဖြန့်ချိထားသောကြောင့် မြန်မာနိုင်ငံတွင် ကွန်ပျူတာမှတစ်ဆင့်အသုံးပြုသူ အများအပြားရှိနေပြီဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် Viber ကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ သုံးစွဲသူပေါင်းသန်း ၃၀၀ ကျော်ရှိနေပြီး Viber Out အနေဖြင့်လည်း နိုင်ငံတိုင်းရှိ မည်သည့်ဖုန်းနံပါတ်ကိုမဆို ကုန်ကျစရိတ်သက်သာစွာဖြင့် ခေါ်ဆိုနိုင်ကြောင်း သတင်းရရှိသည်။
By ဆွေမွန်
7DAY DAILY
http://7daydaily.com/story/14495#.U7DJv7HCdnE
ဖေ့စ်ဘွတ်ခ်သုံးသူထက် ဗိုက်ဘာသုံးသူပိုများ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
နည်းပညာ
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin