ခိုးမှုတရားခံ(၃)ဦးအားစစ်ဆေးရာမှ အခြားခိုးမှု(၄)မှုပေါ်

ရန်ကုန်၊ ဇွန် ၂၈

၈.၆.၂၀၁၄ရက်နေ့ ၁၃၀၀အချိန် ရန်ကင်းမြို့နယ်နေဒေါ်သူဇာရွှေသည်
ခင်ပွန်းဖြစ်သူ နှင့်အတူ နေအိမ်တံခါးပိတ်ပြီး အပြင်သို့သွားရာမှ ၁၄၃၀အချိန်
နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် နေအိမ်အတွင်းမှ အမျိုးသား(၃)ဦးမှာ အထုပ်(၁)ထုပ်ကိုင်ကာ ထွက်ပြေးသွားသဖြင့် ပတ်ဝန်းကျင်အား အကူအညီတောင်း၍ဖမ်းဆီးခဲ့ရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူများ
ဖြစ်သည့် ပေါတာကြီး(ခ) ကျော်ဇေယျ(ခ) ကျော်ဇေယျာလင်း (၂၂)နှစ်၊
(ဘ)ဦးလွင်ဦးနှင့် လပြည့်(ခ)မင်းထိုက် (၂၂)နှစ်၊(ဘ)ဦးခင်မောင်ဝင်း
တို့(၂)ဦးအားဖမ်းဆီးရမိခဲ့ပြီး မောင်မောင်(ခ)ဇော်ဇော်(ခ)စည်သူမှာ ခိုးယူခဲ့သည့် ရွှေထည်လက်ဝတ်ရတနာများ၊ အမေရိကန်ဒေါ်လာ(၂)သောင်း၊ စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း(၂၁၀)ခန့်နှင့်အတူ ထွက်ပြေးလွတ်မြောက်သွား
သဖြင့်၎င်းတို့(၃)ဦးအား ရန်ကင်းမြို့မရဲစခန်း(ပ)၁၃၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

အမှုမှထွက်ပြေးလွတ်မြောက်သွားသူ မောင်မောင်(ခ)ဇော်ဇော်(ခ)စည်သူအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)ရှိတပ်ဖွဲ့ဝင်များမှစုံစမ်းဆောင်ရွက်ခဲ့ရာ၂၁.၆.၂၀၁၄ရက်နေ့ ၁၃၀၀အချိန်တွင် လှိုင်သာယာမြို့နယ်၊ အတွင်းဗဒံကျေးရွာနေ မောင်မောင်
(ခ)ဇော်ဇော်(ခ)စည်သူ (၂၃)နှစ်၊(ဘ)ဦးရဲတင်အားဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်း အချို့ကို ပြန်လည်သိမ်းဆည်းခဲ့ပါသည်။

၎င်းအပြင်မောင်မောင်(ခ)ဇော်ဇော်(ခ)စည်သူသည်၂၀၁၂ခုနှစ်၊ဧပြီလအတွင်းက
ရန်ကင်းမြို့နယ်၊ (၁၅/၁၆)ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်အတွင်းမှ
ရွှေထည်လက်ဝတ်ရတနာများခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ရန်ကင်း
မြို့မရဲစခန်း(ပ)၁၅၀/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း၊ ၁၅.၃.၂၀၁၄ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊
(၂၅)ရပ်ကွက်၊ပြည် ထောင်စုလမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ ရွှေထည်
လက်ဝတ်ရတနာများနှင့်အသုံးအဆောင်ပစ္စည်းများအားခိုးယူခဲ့ကြောင်း
ပေါ်ပေါက်ခဲ့သဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၂၃၉/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်လည်းကောင်း၊ ၂၀.၆.၂၀၁၄ရက်နေ့ ၀၈၀၀အချိန်ခန့်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၃၄)ရပ်ကွက်၊ သင်းဝင်(၆)လမ်းရှိနေအိမ်
အတွင်းမှ ရွှေထည်လက်ဝတ် ရတနာ များ၊ လက်တော့ပ်နှင့်ဟန်းဆက်တို့အား ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်း
(ပ)၃၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်လည်းကောင်း၊ ၁၅.၃.၂၀၁၄ ရက်နေ့ ၁၂၀၀အချိန် ခန့်တွင် ပေါတာကြီး(ခ)ကျော်ဇေယျ(ခ)ကျော်ဇေယျာလင်းနှင့်အတူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၄)ရပ်ကွက်၊ ပျဉ်းကတိုးလမ်းရှိနေအိမ်
တစ်အိမ်အတွင်းမှ လက်တော့ပ်(၁)လုံးနှင့် ဆက်စပ်ပစ္စည်း များခိုးယူခဲ့ကြောင်း
ပေါ်ပေါက်ခဲ့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၃၄၇/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၈၀/၅၄ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ