ပန်းဘဲတန်းမြို့နယ်၊ ကုန်ဈေးတန်းကားမှတ်တိုင်၌ ခါးပိုက်နှိုက်(၂)ဦးဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၂၂

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်များဖမ်းဆီးအရေးယူနိုင်ရေးအတွက် ၂၀.၆.၂၀၁၄ ရက်နေ့တွင် ပန်းဘဲတန်းမြို့နယ်၊ အနော်ရထာလမ်းနှင့် ကုန်ဈေးတန်းကားမှတ်တိုင်၌စောင့်ကြည့် သတင်းစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စောင့်ကြည့်နေစဉ် ၁၇၀၀ အချိန်ခန့်၌ မှတ်တိုင်သို့ဆိုက်ရောက်လာသည့် အမှတ်(၃၅) ယာဉ်လိုင်း ခရီးသည်တင်ယာဉ်ပေါ်မှဆင်းလာသော ခါးပိုက်နှိုက် ပြစ်ချက်ဟောင်းရှိသူ ရွှေပြည်သာ မြို့နယ်နေ ၀တုတ်(ခ)အောင်ကျော်စိုး(ခ) ထွန်းအောင်ကျော်၊ (၃၉)နှစ်၊ (ဘ)ဦးအေးမြင့်အား တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ရာ ၎င်း၏ကျောပိုး အိတ်အတွင်းမှ ငွေကျပ်(၁၁၆၀၀)ကိုတွေ့ရှိရပြီးယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှ နှိုက်ယူရရှိခဲ့သော ငွေများဖြစ်ကြောင်း သိရှိရသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း(ပ)၂၀၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ပါသည်။

ဆက်လက်၍ ၁၇၅၀ အချိန်တွင် အဆိုပါမှတ်တိုင်၌ အမှတ်(၃၃)ယာဉ်လိုင်း ခရီးသည်တင်ယာဉ် ပေါ်မှဆင်းလာသော ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ သင်္ဃန်းကျွန်းမြို့နယ်နေ ငြိမ်းမောင်(ခ) မျိုးမင်းထိုက်၊ (၃၃)နှစ်၊ (ဘ)ဦးသိန်းဇံ အားတွေ့ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ရာ ၎င်း၏ကျောပိုးအိတ်အတွင်းမှ ငွေကျပ် (၃၅၂၀၀)ကိုတွေ့ရှိရပြီး ယာဉ်ပေါ်ပါအမျိုးသမီးတစ်ဦး၏ စလင်းဘက်အိတ် အတွင်းမှ နှိုက်ယူရရှိခဲ့သောငွေများဖြစ်ကြောင်း သိရှိရသဖြင့် ပန်းဘဲတန်း မြို့မရဲစခန်း(ပ) ၂၀၃/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ