လင်မယားစကားများကြစဉ် ဇနီးဖြစ်သူမှဓါးဖြင့်ခုတ်ခဲ့သဖြင့် ခင်ပွန်းသေဆုံး

ရန်ကုန်၊ ဇွန် ၂၈

၂၇.၆.၂၀၁၄ရက်နေ့ ၁၇၃၀အချိန်ခန့်တွင် ကျောက်တန်းမြို့နယ်၊ ကမာကလုတ်
နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကျောက်တန်းမြို့နယ်၊ ရွှေပြည်သစ်
ကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ ကိုကျော်နိုင်ဦး(၄၂)နှစ်မှာ လည်ပင်းယာဘက်၌ အရှည် (၄)လက်မခန့်၊ အနက် (၁)လက်မခန့်ရှိပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူ ကိုကျော်နိုင်ဦးမှာ နေအိမ်၌ အရက်သေစာ
သောက်စားမူးယစ်ပြီး ဆူပူသောင်းကျန်းနေ၍ ဇနီးဖြစ်သူမနန်းဌေး(၃၈)နှစ်မှ တားမြစ်ပြောဆိုခဲ့သဖြင့် အပြန်အလှန် စကားများခဲ့ကြောင်း၊ ထိုသို့စကားများစဉ် ကိုကျော်နိုင်ဦးမှ ရိုက်နှက်ရန်ပြုလုပ်သဖြင့် မနန်းဌေးမှ မီးဖိုချောင်တွင်ထားသော အရိုးအသွား (၂၂)လက်မခန့်ရှိ ဓါးမဖြင့်ခုတ်ခဲ့သဖြင့် ဒဏ်ရာရသေဆုံး ခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ ဖြစ်ပွားခဲ့သဖြင့် မနန်းဌေးအား ကမာကလုတ်နယ်မြေရဲစခန်း(ပ)၁၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ