လေ့ကျင့်ခန်းအလွန်အကျွံ လုပ်ခြင်းဟာ သွေးထဲမှာ အဆိပ်မိခြင်းကို ဖြစ်ပေါ်စေနိုင်



International Journal of Sports Medicine နဲ့ Exercise Immunology Reviews စာစောင်တွေမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ ဒီလေ့လာမှုတွေကို သြစတြေးလျနိုင်ငံ Monash တက္ကသိုလ် ၊ Nutrition and Dietetics ဌာနမှ ဒေါက်တာ Ricardo Costa က ဦးဆောင်လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

သွေးမသန့် ခြင်းကို ဖြစ်ပေါ်စေပြီး Sepsis လို့လည်း လူသိများတဲ့ သွေးထဲမှာ အဆိပ်မိခြင်း ( Blood Poisoning )  ဟာ ရောဂါမှ ကင်းလွတ်ပြီးဖြစ်တဲ့ ဓါတုဗေဒ ပစ္စည်းတွေ သွေးကြောထဲကို စိမ့်ဝင်တဲ့အခါမှာ ဖူးရောင်မှုတွေကို အလွန်အကျွံ တုံ့ပြန်မှု ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒီနောက်မှာတော့ သွေးခဲတွေ နဲ့ သွေးကြော ယိုစိမ့်မှု ကို ထပ်မံ ဖြစ်ပေါ်စေနိုင်ပါတယ်။

ရောဂါထိန်းချုပ်မှု နဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ ပြောကြားချက်တွေအရ  အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ပြည်သူ ၁ သန်းကျော်ခန့်ဟာ နှစ်စဉ် သွေးထဲမှာ အဆိပ်မိခြင်း ( Sepsis ) ကို ရင်ဆိုင်နေရပါတယ်။ အဲဒီ လူဦးရေ ရဲ့ ၂၈ ကနေ ၅၀ ရာခိုင်နှုန်း ခန့်ဟာ ထို အခြေအနေ ကနေ ပဲ သေဆုံးသွားကြတာတွေလည်း ရှိပါတယ်။

မွေးကာစကလေးတွေ ၊ ကလေးငယ်တွေ ၊ အသက် ကြီးသူတွေ ၊ ကင်ဆာ နဲ့ အေအိုင်ဒီအက်စ် တို့လို ရောဂါကြီးကြီးမားမား ဖြစ်နေသူတွေ ဟာ လောင်ကျွမ်းမှု အမျိုးမျိုးကို ခံစားရပြီး ကိုယ်ခန္ဓာ ခုခံအား စနစ် အားအနည်းဆုံး အချိန်ဖြစ်နေတဲ့အတွက် Sepsis ဖြစ်စေဖို့ အခွင့်အလမ်းတွေ က အမြင့်ဆုံး အခြေအနေမှာ ရှိနေပါတယ်။

ဒေါက်တာ Costa နဲ့ အဖွဲ့ကတော့ လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ခြင်း ဟာလည်း Sepsis ဖြစ်စေဖို့ အခွင့်အလမ်းအများဆုံး ဖြစ်တယ်ဆိုတာကို သုတေသန ပြုလုပ်ပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အမေရိကန် နိုင်ငံသားတွေအတွက် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု လမ်းညွှန်မှာတော့ အရွယ်ရောက်ပြီးသူတွေဟာ ထိန်းချုပ်ပြီး လှုပ်ရှားရတဲ့ အေရိုးဗစ် ကစားခြင်းမျိုးကို တစ်ပတ်မှာ အနည်းဆုံး ၁၅၀ မိနစ် နဲ့ ဖြတ်ဖြတ်လတ်လတ် လှုပ်ရှားရတဲ့ အေရိုးဗစ် ကစားခြင်းမျိုးကို တစ်ပတ်မှာ ၇၅ မိနစ် ခန့် လုပ်ပေးသင့်တယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့်လည်း ကျွန်ုပ်တို့အများစု ဟာ ထို လမ်းညွှန်ကို ရောက်ရှိနိုင်ဖို့ မဖြစ်နိုင်ခဲ့ကြပဲ တစ်ချို့ကတော့ ဆန့်ကျင်ဘက်လုပ်ရပ် ဖြစ်နေတဲ့ လေ့ကျင့်ခန်း အလွံအကျွံ လုပ်ခြင်းကို ရောက်ရှိနေကြပါတယ်။

ဒေါက်တာ Costa ရဲ့ ပြောကြားချက်အရ  ၁ နေ့ကို လေ့ကျင့်ခန်း ၄ နာရီထက်ပိုလုပ်ခြင်းဟာ အလွန်အကျွံ ဖြစ်သွားပါပြီ။ မာရသွန် လိုမျိုး အလွန် အကျွံ ကြိုးစား ယှဉ်ပြိုင်ရတဲ့ ပွဲတော်တွေမှာ ပါဝင်တဲ့သူတွေဟာ ၁ နေ့ကို လေ့ကျင့်ခန်း ၄ နာရီ လောက်လုပ်ရင်း ပြိုင်ပွဲ ၀င်ဖို့ လေ့ကျင့်ရတဲ့အတွက် ခန္ဓာကိုယ်တွင်း အပူချိန်တွေကို မြင့်မားလာစေကာ ခန္ဓာကိုယ်ပေါ် အပို အားစိုက်မှု တွေ ကျရောက်လာစေနိုင်ပါတယ်။

အဲဒီ လို မာရသွန်အားကစားသမားတွေကို လေ့ကျင့်ခန်း အလွန်အကျွံလုပ်ပြီးပြီးချင်း သွေး နမူနာ ယူကာ စစ်ဆေးကြည့်တဲ့အခါမှာတော့ Sepsis ရောဂါ ကြောင့် ဆေးရုံရောက်သွားတဲ့ လူနာတွေရဲ့ သွေးနမူနာ နဲ့ တူညီတဲ့ အမှတ်အသားတွေ ရှိနေတာကိုတွေ့ရမှာပါ။

( Mario ) 

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Medical News Today

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ