နန်းခင်ဇေယျာက ရန်ကုန်တိုင်းဒေသကြီး (၁၀) မြို့နယ်မှ ပရဟိတဂေဟာ (၁၂) ခုနှင့် ဆင်းရဲနွမ်းပါးကလေး ငယ် (၁၃၅၀) ဦးတို့၏ စိတ်ဓာတ် ပိုင်းဆိုင်ရာမြင့်တင်ပေးခြင်း အားသစ်လောင်းအစီအစဉ်ကို မေလ ၁ ရက် ( အလုပ်သမားနေ့)တွင် ပြည်သူ့ရင်ပြင်၌ နံနက် (၁၀)နာရီ မှညေ(၅)နာရီထိပြုလုပ်မည်ဖြစ်ကြောင်းသူ၏လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားချက်အရသိရသည်။
- ကလေးတိုင်းမိမိကိုယ်မိမိ ယုံကြည်မှုရှိလာစေ ရန်။ မျှော်လင့်ချက်များရှင်သန်လာစေရန်။
- ကလေးတိုင်းအားသိမ်ငယ်မှုများပပျောက်စေရန်။ရဲရင့်ခြင်းရှိလာစေရန်။
- ကိုယ်ကျင့်တရားနှင့်စည်း စနစ်စံနှုန်းများကိုလေးစားထိန်းသိမ်းတတ်သူများဖြစ်လာစေရန် ။
- စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ပညာရေးကိုပိုမိုအလေးထား တတ်စေရန်။
- လူအချင်းချင်းစာနာစိတ်ဖြင့်ရင်းနှီးပွင့်လင်းစွာဆက်ဆံတတ်စေရန်။
ရည်ရွယ်ပြီး ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်ကြောင်းနန်းခင်ဇေယျာက လူမှုကွန်ရက် စာမျက်နှာ တွင်ဖော်ပြထား သည်။ယင်းအတွက် သူနှင့်အတူ အားပေးစကားပြောရင်းကလေးငယ်တို့၏ ယုံကြည်မှု၊စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင် မှုရရှိအောင် ၀ိုင်းဝန်းကူညီထောက်ပံ့ကြရရန် မိဘပြည်သူများ၊စိတ်ပါဝင်စားသူများ ကိုဖိတ်ခေါ်ထားကြောင်း သိရသည်။
NLA
By Popular Myanmar
ဝေဠုကျော်ရဲ့ သွေးမေတ္တာ ပရဟိတအဖွဲ့က ဦးစီးပြီး ဘာသာပေါင်းစုံပါဝင်တဲ့ သွေးကွန်ရက်အဖွဲ့ ကြီးက ဧပြီ ၂၇ရက်နေ့မှာ သွေးလှူဒါန်းခဲ့ပါတယ်။ လူမျိုးဘာသာ ပေါင်းစုံ ပါဝင်တဲ့ သွေးကွန်ရက်အဖွဲ့ကို တည်ထောင်ဖြစ်ရခြင်းအကြောင်းကို ဝေဠုကျော်က “လူမျိုးဘာသာ ပေါင်းစုံ၊ ညီညွတ်ရေး၊ သွေးကွန်ရက်ဆိုတာကို ဖွဲ့စည်းပြီး သွေးလှူဒါန်း ဖြစ်တာပါ။ ဒီထဲမှာဗုဒ္ဓဘာသာရော၊ ဟိန္ဒူရော၊ ခရစ်ယန်ရော၊ မူဆလင်ရော အားလုံးပေါင်း ဘာသာ ၄ခုလုံးပါပါတယ်။ သွေးက လူသားတိုင်းမှာ ဘာသာ လည်းမကွဲဘူး၊ လူမျိုးလဲမကွဲဘူး။ တူညီစွာ လိုအပ်နေကြတယ်။ တူညီစွာ လည်ပတ်နေကြတယ်။ ဘယ်ဘာသာက သွေးကိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာကို ထည့်လို့ရသလို၊ ဗုဒ္ဓဘာသာက သွေးကိုလည်း မည်သည့်ဘာသာကိုမဆို ထည့်လို့ရပါတယ်။ သွေးကွန်ရက်တစ်ခုဖြစ်သွားမယ်ဆိုရင် တာမွေမှာရှိတဲ့ အသင်းကို သွေးလှမ်းတောင်း ရင်လည်း အင်းစိန်ဆိုရင် အင်းစိန်မှာရှိတဲ့ သွေးအသင်းကို လွှဲပေးလိုက်ပါမယ်။ အဲဒါဆိုရင်ပို့ရ၊ယူရတာလည်း မြန်တယ်။ ကုန်ကျစရိတ်လည်း လျော့သွားတယ်။ အချိန် လည်း တိုတောင်းသွားမယ်။ မြန်ဆန်သွားမယ်”လို့သွေးကွန်ရက်ဖွဲ့ စည်းရခြင်းအကြောင်းကို ပြောပါတယ်။ ဝေဠုကျော် က ဖောင်ဒေးရှင်တစ်ခုကို တည်ထောင်ထားပြီး စတင်ဆောင်ရွက် ဖို့ စာတင်ထားတုန်းပဲဖြစ်ကြောင်း သိရပါတယ်။ ဝေဠုကျော်ဖောင်ဒေးရှင် တည်ထောင်ရခြင်းရည်ရွယ်ချက်ကိုတော့ ”ငြိမ်းချမ်းမှုကို ဝိုင်းဝန်းရန်၊ ဒေသခံများ၏ ပညာရေးကို ကူညီ သင်ကြားရန်၊ ဒေသခံများ၏ ကျန်းမာရေးကို စောင့်ရှောက်ရန်၊ ဒေသခံများ၏ ဒေသ ဖွံ့ဖြိုးရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ရန်ဆိုတဲ့ ၄ချက်ပါပဲ။ဖောင်ဒေးရှင်း အတွက်ဘယ်သူ့ဆီကမှတော့ အလှူခံဦးမှာမဟုတ်သေးပါဘူး။ ကျွန်တော် ကိုယ်တိုင်ရုန်းကန်ရှာဖွေထားတဲ့ငွေနဲ့စတင် ပြီး လုပ်ပါမယ်”လို့ ပြောပါတယ်။ခိုင်ဝေလွင်By Popular Myanmar
သဉ္ဇာနွယ်ဝင်းက မိသားစုနဲ့ အတူ ဧပြီ ၈ ရက်နေ့က ဥရောပ ၆ နိုင်ငံကို အပန်းဖြေခရီးသွားခဲ့ပြီး ဧပြီ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာပါတယ်။ ၆ နိုင်ငံ ခရီးစဉ်မှာတော့ အနုပညာနဲ့ ပတ်သက်တာတွေ မလေ့လာဖြစ်ခဲ့ပေမယ့် ဗိသုကာလက်ရာ တွေတော့ လေ့လာဖြစ်ခဲ့ကြောင်း သဉ္ဇာနွယ်ဝင်း ပြောပါတယ်။ ”သူတို့ နိုင်ငံ တွေရဲ့ လူနေမှုပုံစံတော့ကြိုက်တယ်။ သူတို့နိုင်ငံက အနုပညာနဲ့ပတ်သက်တာတွေ တော့ မလေ့လာဖြစ်ခဲ့ဘူး။
သူတို့ရဲ့ ဗိသုကာလက်ရာတွေတော့ လေ့လာခဲ့တယ်။ ရောမ နိုင်ငံက ဗိသုကာလက်ရာကတော့ အကောင်းဆုံးပါပဲ။ အမှတ်တရကတော့ထွေထွေထူးထူး မရှိခဲ့ပါဘူး။ ဒါပေမဲ့ မိသားစုနဲ့သွားရတဲ့အတွက် တအားပျော်ပါတယ်” လို့ ပြော ပါတယ်။ နှစ်သစ်ရောက်လာပြီ ဖြစ်တဲ့အတွက် နှစ်ဟောင်းထက် အနုပညာအလုပ်ကိုပိုကြိုးစားပြီး လုပ်သွားမှာ ဖြစ်ကြောင်း၊ လူတွေ အကုန်လုံးကိုလည်း စိတ်ရှည်ရှည် ထားပြီး ဆက်ဆံသွားမှာဖြစ်ကြောင်း သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။
”အဓိကကတော့ နှစ်သစ်မှာ အနုပညာအလုပ်ကို ပိုကြိုးစားပြီး လုပ်သွားမယ်။ ပရိသတ်တွေလည်း ကိုယ့်ကို အားပေးရကျိုးနပ်အောင် ပိုကြိုးစားသွားမယ်။ ပြီးတော့ စိတ် ရှည်ရှည်လေး ထားမယ်။ အဝတ်အစားတွေကိုလည်း ပုံစံတစ်မျိုးနဲ့ဝတ်ဖြစ်သွားမယ်” လို့ပြောပါတယ်။ ဇာတ်ကား ရိုက်ကူးမှုတွေကိုတော့ မေလဆန်းမှသာ ပြန်လည်ရိုက် ကူးသွားမှာဖြစ်ကြောင်း သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။
တွယ်တာ
By Popular Myanmar
ရုပ်ရှင်သရုပ်ဆောင် အတတ်ပညာဆိုတာ လေ့လာသင်ယူလို့ မကုန်ပါဘူးလို့ဆိုလာသူ ဝါဆိုမိုးဦးက သရုပ်ဆောင် ဘက်သာမက အဆိုဘက်ကို ခြေလှမ်းစတော့မယ်လို့ ပြော ပြခဲ့ပါတယ်။ အနုပညာ အားလုံးကိုချစ်တဲ့ ဝါဆို မိုးဦးက အဆိုပိုင်း ကိုလည်း စီစဉ်ထားပြီး တစ်ကိုယ်တော် အခွေထုတ် ဖို့အထိ တော့မလုပ်နိုင်သေး ပေမယ့်အတွဲခွေ တွေမှာတော့ သီဆိုသွား မှာဖြစ်ကြောင်း ပြောလာပါတယ်။ ကိုယ်က သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အတွက် သီချင်းစဆိုဆိုချင်း ဘယ်လိုမျိုး အခက်အခဲတွေ ကြုံတွေ့ရ လဲလို့ မေးကြည့်တော့ “စဆိုတုန်းကဆိုရင် ကြောက်တယ်။
အသံဝင်ပြီး အဆင်မပြေဖြစ်မှာ ကြောက်တယ်။ ပရိသတ်တွေက ကိုယ် ဖျော်ဖြေနေတဲ့အချိန်မှာ ဘာမှ မပြောဘူး။ အနုပညာရှင်ကို ချစ်ကြတာကိုး။ ကိုယ်က စင်ပေါ်မှာဆို၊ သူတို့က စင်အောက်က နေလိုက်ဆို၊ လက်ခုပ်တီးပြီး အားပေးကြတာ အဆင်ကိုပြေနေတာပဲ။
အခုတော့ အေးဆေးလေးဖြစ်သွားပါပြီ”လို့ ပြောပြခဲ့ပါတယ်။ ဇာတ်ကား ရိုက်တဲ့ အခါ ပရိသတ်တွေ ပေးတဲ့မှတ်ချက်နဲ့ သီချင်းဆိုတဲ့အခါ ပရိသတ်ပေးတဲ့ မှတ်ချက် ဘယ် အရာက ဝါဆိုမိုးဦးကို ပိုရင်ခုန်စေလဲလို့မေးတော့…”ဇာတ်ကားက ရိုက်ပြီးမှ ဖြန့်တယ်ဆိုတော့ ပရိသတ်ပေး တဲ့မှတ်ချက်က စောင့်ရတာ နည်းနည်းကြာတယ်။ ထပ်ပြီး လေ့လာတယ်။ အနုပညာ၊ သရုပ်ဆောင်ပညာ ဆိုတာ ဘယ်သောအခါမှ လေ့လာလို့ ကုန်ဆုံးတဲ့ အရာမဟုတ်ပါဘူး”လို့ ပြောပြခဲ့ပါတယ်။
ထူးထူး
By Popular Myanmar
ဖြိုးငွေစိုး က ဒါရိုက်တာ စိုးကျော်ဆန်း ရိုက်ကူးတဲ့ “ကျောင်းတုန်းက” ဇာတ်ကားကို ချမ်းမီမီကို နဲ့ အတူ ရိုက်ကူး နေပါတယ်။ နောက်ပိုင်းမှာ တော့ ထုတ်လုပ်ရေး သုံးခု နဲ့ ရိုက်ကူး သွားမှာဖြစ်တဲ့ ဖြိုးငွေစိုး က “ထုတ်လုပ်ရေး တစ်ခုကို ပုံစံ တစ်မျိုးစီနဲ့ ရိုက်သွားမယ်။ ဇာတ်လမ်း မျိုးစုံ ရိုက်ကူးသွား မယ်။ ဇာတ်လမ်းက ကျွန်တော့် အိုင်ဒီယာလေးကို သူတို့ကို ပြောပြတယ်။ ကျွန်တော်က ဇာတ်လမ်းကို ပဲအဓိက ဦးစားပေး စဉ်းစားလိုက်တယ်။ ဥပမာ ဒရာမာ၊ ဟာသဆိုပြီး ခွဲပြီး မစဉ်းစားတော့ဘူး။ ဒီဇာတ်လမ်းကို ကြိုက်ရင် ဟာသဖြစ်နေ၊ ဒရာမာ ဖြစ်နေပါစေ ရိုက်ကူး သွားတော့မယ်” လို့ပြောပါတယ်။ ဧပြီ ၂၈ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့ကိုတော့ ကြီးကြီးကျယ်ကျယ် မလုပ်ဖြစ်ဘဲ အသိမိတ် ဆွေ သူငယ်ချင်းများ၊ ပရိုဂျူဆာများ နဲ့အတူ ရွှေဂုံတိုင် မှာရှိတဲ့ နာပိုလီ စားသောက်ဆိုင်မှာပဲ ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ ဖြိုးငွေစိုးက ပြောပါတယ်။ “အခု ကျွန်တော် စာချုပ်ချုပ် ထားတဲ့ ပရိုဂျူဆာတွေ နဲ့ တအား ရင်းနှီးတဲ့ သူငယ်ချင်းတွေလောက်ပဲ ကျွေးဖြစ်မယ်။ အဓိက ကတော့ ပရိုဂျူဆာတွေ နဲ့ ဆုံပေးချင်တာပါ တယ်။ မွေးနေ့ပွဲ ကြီးကြီးကျယ်ကျယ် တော့ မလုပ်ဖြစ်ဘူး။ မွေးနေ့ ကိတ်တော့ ခွဲဖြစ်မယ်။ ကျွန်တော်မွေးနေ့ကို ခမ်းခမ်းနားနား နဲ့လုပ်ရတာ မကြိုက်ဘူး။ မွေးနေ့ လက်ဆောင် ကိုတော့ အသက် ထပ်မကြီးတဲ့ဆေး လိုချင်တယ်” လို့ပြောပြခဲ့ပါတယ်။
တွယ်တာ
By Popular Myanmar
Directed by: Andrew Stanton
Duration: 98 min
Genre: Adventure, Animation, Family, Romance, Sci-Fi
Starring: Ben Burtt, Elissa Knight, Jeff Garlin
Country: USA
Language: English
Watch Here
Director:Walter Salles
Cast:Sam Riley, Garrett Hedlund, Kristen Stewart, Amy Adams, Tom Sturridge, Alice Braga, Elisabeth Moss, Danny Morgan, Kirsten Dunst, Viggo Mortensen
Production Co:MK2 Productions, American Zoetrope, Jerry Leider Company
Genres:Adventure | Drama
Runtime:124 min
Country:France | United Kingdom | United States | Brazil
Watch Here
Culture
Culture ဆိုတာကို ကျွန်တော်သိတာတော့ ယဉ်ကျေးမှုပေါ့။ လူတစ်ယောက်အနေနဲ့ပြောရင် သူလုပ်လေ့ရှိတဲ့ Habit လို့ခေါ်တဲ့ အလေ့အကျင့် ပေါ့။ အဲဒီအလေ့အကျင့် ကို သူက ပြုလုပ်တာ ကြာသွားရင် ဒါက သူ့ရဲ့ Character ဖြစ်သွားတယ်။ သူ့ရဲ့အကျင့်စရိုက် ဖြစ်သွားတယ်။ ဒါက လူတစ်ယောက်ချင်းစီနဲ့ပြောရင် Habit ကနေ Character ဖြစ်တာပါ့။ လူ့အဖွဲ့အစည်းအနေနဲ့ ပြောရရင် လူ့အဖွဲ့အစည်းတစ်ခုက Habit တစ်ခု ကို ကြာကြာကျင့်သုံးတဲ့အခါ အဲဒါက Culture ဖြစ်သွားတယ်။
ကျွန်တော်ကတော့ ယဉ်ကျေးမှုဆိုတဲ့နေရာမှာ ကိုယ့်ဟာကိုယ်နှစ်မျိုးခွဲပြီး ပြောချင်တယ်။ အဲဒါက ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနဲ့ စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုဆိုပြီး ခွဲချင် တယ်။ တချို့ကိစ္စတွေမှာ ယဉ်ကျေးမှုဆိုပြီးပြောတာနဲ့ လူတော်တော် များများက မြင်ရတဲ့ရုပ်ပိုင်းဆိုင်ရာတွေပဲ အမြင်က ရောက်ရောက်သွားတယ်။ ဒါမျိုးကို ကျွန်တော်က သဘောမကျဘူး။ ဥပမာ – ကျွန်တော်တို့မြန်မာ မိန်းကလေးတွေက ခြေမျက်စိဖုံးအောင် လုံချည် ဝတ်တယ်။ ဒါက မြင်ရတဲ့ ရုပ်ပိုင်းယဉ်ကျေးမှုပေါ့။ စိတ်ပိုင်း ဆိုင်ရာကျတော့ အရှက်အကြောက်ဖြစ်သွားပြီ။ မြန်မာမိန်းကလေးတွေက အရှက် အကြောက်ကြီးလို့ သူတို့ရဲ့ခြေမျက်စိတောင် လူမြင်မခံဝံ့ကြဘူးလို့ ပြောရမယ်။ အဲဒီတော့ ကျွန်တော်တို့က ယဉ်ကျေးမှုတွေ ထိန်းသိမ်းမယ်ဆိုရင် ရုပ်ပိုင်းယဉ်ကျေးမှုကို ထိန်းမှာလား၊ စိတ် ပိုင်းယဉ်ကျေးမှုကို ထိန်းမှာလားဆိုတာ လိုလာ တယ်။ အဲဒီ မှာ ပြဿနာဖြစ်တာပဲ။
တချို့ကကျတော့ ထဘီအရှည်ကြီးခြေမျက်စိ ဖုံးအောင်ဝတ်မှ ယဉ်ကျေးသိမ်မွေ့တယ်လို့ ထင် တာ။ အဲဒီလိုမဟုတ်ဘဲ ဘောင်းဘီရှည်ကို ခြေမျက်စိဖုံးအောင် လုံလုံခြုံခြုံ ဝတ်ထားရင်ရော။ ဒါက လူငယ်တွေနဲ့ ယဉ်ကျေးမှုထိန်းပါပြောနေတဲ့ တချို့လူကြီးတွေကြားက ပြဿနာဖြစ်နေတယ်။ ကျွန်တော့်အမြင်ကတော့ လူငယ်တွေဘက်ရောက် မလားဘဲ။ တချို့ကိစ္စတွေမှာ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုကိုပဲ ထိန်းသင့်တယ်လို့ ကျွန်တော်တော့ထင်တယ်။ အခုခေတ်ကာလအရ ကျွန်တော်တို့မြန်မာ မိန်းကလေးတွေက နေရာတကာမှာ ထဘီတကားကားနဲ့ သွားနေလို့မရဘူး။ ဒီတော့ ခေတ်နဲ့လျော်ညီတဲ့ ဝတ်စားဆင်ယင်မှုကတော့ ပြောင်းနေမှာပဲ။ ဒါပေမဲ့ အရင်တုန်း ကတည်းက ရှိခဲ့တဲ့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုကိုတော့ ဆက်လက်ထိန်းသိမ်းနေဖို့တော့ လို တယ်။
ယဉ်ကျေးမှုအကြောင်းပြောရင် တချို့ကိစ္စတွေက ပြဿနာရှိနေတတ်တယ်။ ဆိုကြပါစို့ .. ပုဆိုးနဲ့တိုက်ပုံက မြန်မာ့ယဉ်ကျေးမှုလို့ ပြောကြတယ်။ တကယ်တော့ အဲဒီ ပုဆိုးဆိုတာက အိန္ဒိယကနေ ဆင်းသက်လာတဲ့ ဝတ်စားဆင်ယင်မှုပဲ။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းတဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ပေါင်မှာ ထိုးကွင်းကြီးတွေ ထိုးရမှာလား။ နားကပ်ကြီးတွေ ပန်ရမှာလား။ ဒါတောင် နားကပ်ဝတ်တာကို အခုခေတ်မှာဆို ဒါကို သရုပ်ပျက်တယ် ပြောကြပြန်တယ်။ အမှန်တော့ မြန်မာမင်းတွေ လက်ထက်က တည်းက နားကပ်တွေဝတ်ကြ တာပဲလေ။အငြင်းပွားစရာကိစ္စတွေက အများကြီးပဲ။ ဒါကြောင့် ကျွန်တော်က စိတ်ပိုင်းဆိုင်ရာ တွေကိုပဲ အာရုံစိုက်စေချင်တယ်။
ကျွန်တော်တို့ မြန်မာတွေက Hospitality ပေါ့။ ယဉ်ကျေးပျူငှာတယ်။ ပြီးတော့ ကျွန်တော်တို့ မြန်မာတွေရဲ့ယဉ်ကျေးမှုမှာ Smile ဆိုတာပါတယ်။ Smile Land လို့တောင် နိုင်ငံခြားသားတွေက ခေါ်တယ်။ အမြဲတမ်းပြုံးနေတတ်တယ်။ ပြီးတော့ မြန်မာတွေက လူတွေကို ကူညီချင်စိတ်ရှိတယ်။ ဒါမျိုးတွေက စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု တွေပေါ့။ ကျွန်တော်တို့တိုင်းပြည်ရဲ့ အမှတ်လက္ခဏာတွေပဲ။ အဲဒီတိုင်းပြည်ရဲ့ အမှတ်လက္ခဏာ စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုကို ထိန်းမ်းရင်း Identity ပျောက်မသွားဘူး။ ဘယ်လိုထိန်းသိမ်းမလဲဆိုတာလဲ စဉ်းစားရမယ်။ ကျွန်တော်တို့က ပုံစံမပျက်ထိန်းသိမ်းသွားမှာလား။ ဥပမာ – မြန်မာတွေရဲ့အမျိုးသား ဝတ်စုံက တိုက်ပုံပေါ့။ တိုက်ပုံကို ကျွန်တော် တစ်ခါအကယ်ဒမီပေးပွဲမှာ ကြည့်လိုက်တော့ မင်းသားတစ်ယောက်က တိုက်ပုံကို Leather နဲ့ ချုပ်ထားတာတွေ့လိုက် တယ်။ ဒါက ဆန်းသစ်တာပေါ့။ တိုက်ပုံကို ထိန်းသိမ်းတာပဲ။ ဒါပေမဲ့ ပုံစံပြောင်းပြီး ထိန်းသိမ်းတာပါ။ တချို့ဟာတွေက ရေရှည်ခံချင်ရင် အဲဒီလိုပုံစံ ပြောင်းပြီး ထိန်းသိမ်းရမယ်။
ဟိုတစ်လောကဆို ကျွန်တော်တို့ရဲ့ မြန်မာ့ဆိုင်းဝိုင်းကို ဂစ်တာတွေဘာတွေနဲ့တွဲပြီး တီးသွားတယ်။ ဒီလိုတီးတာကို အစိုးရကမကြိုက်ဘူး။ ကျွန်တော်ကတော့ ကြိုက် တယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဆိုင်းဝိုင်းတီးပြီး ဟိုတုန်းက သီချင်းတွေကိုပဲ အရင်အတိုင်းဆိုနေ တီးနေရင် ဘယ်ကလေးမှ စိတ်ဝင်စားမှာမဟုတ်ဘူး။ ဒါဆို အဲဒီဆိုင်းဝိုင်းကြီးက ပျောက်သွားလိမ့်မယ်။ ဒါကြောင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရင် ခေတ်နဲ့ လျော်ညီအောင် ပုံသဏ္ဌာန်လေးတွေပြောင်းပြီး ထိန်းသိမ်းသင့်တယ်။ မိန်းကလေးတွေက ထဘီကို လုံခြုံမှုအတွက်ရော ခေတ်မီဖို့အတွက်ရော စကတ်ထဘီပြောင်းဝတ်ကြတယ်။ ဒါလည်း လက်ခံထိုက်တဲ့ ပြောင်းလဲမှုပါ။ ကျွန်တော် တို့က ခေတ်နဲ့လျော်ညီအောင် မပြောင်းလဲနိုင်ရင် ပြတိုက်ထဲပဲ ရောက်သွားလိမ့်မယ်။ ယဉ်ကျေးမှုမှာလည်း ဆက်လက်သယ်ဆောင်ပြီး ထိန်းသိမ်း ရမှာတွေရှိသလို တချို့ ကျတော့လည်း ပြတိုက်ထဲမှာ သိမ်းရမှာတွေရှိတယ်။ ဒီတော့ တချို့ရုပ်ဝတ္ထု ယဉ်ကျေးမှုတွေကိုတော့ ပြတိုက်ထဲမှာ သိမ်းထားရမှာပေါ့။ ကျွန်တော် တို့ မြန်မာ ယဉ်ကျေးမှုက လှေလှော်တာဆိုပြီး သူများတွေမော်တော်ဘုတ် စီးနေချိန်မှာ ကျွန်တော်တို့က လှေပဲလှော်နေရင် ကျန်ခဲ့မှာဗျ။ ကွမ်းစားတာက မြန်မာ့ ယဉ်ကျေးမှုပဲ။ ဒါပေမဲ့ ကွမ်းစားတာက မကောင်းဘူးဆိုရင် တားမြစ်သင့်ရင် တားမြစ်ရမှာပဲ။ ယဉ်ကျေးမှုတိုင်းကို အတင်းအကျပ်လိုက်ပြီး ထိန်းသိမ်းတာ ထက်စာရင် ဘာတွေ ထိန်းသိမ်းမှာလဲ။ ဘယ်လို ထိန်းသိမ်းမလဲဆိုတာ သေချာစဉ်းစားသင့် တယ်။
ကျွန်တော်တို့ အခုပြောပြောနေတဲ့ Globalizationဆိုတာက Westernlizationဖြစ်နေတယ်။ ဒါကဘာလို့လဲဆိုတော့ ရေက မြင့်ရာကနေ နိမ့်ရာကို စီးသလိုပါပဲ။ အနောက် ဘက်က ပိုပြီးဖွံ့ဖြိုးနေတော့ ကျွန်တော်တို့က တံခါးလည်းဖွင့်လိုက်ရော သူတို့ဆီက ယဉ်ကျေးမှု တွေက ကျွန်တော်တို့ဆီကို စီးပြီးဝင်လာတာပေါ့။ သူတို့ကို ကျွန်တော်တို့က လိုက်တုရတာပေါ့။ အဲဒီလိုဝင်လာသမျှယဉ်ကျေးမှု ကို ကျွန်တော်တို့က လက်ခံလိုက်တယ်ဆိုတာမျိုးကလည်း မဖြစ်သင့် ဘူးဗျ။ Eastern Value ဆိုတာ ရှိသေးတယ်။ အရှေ့တိုင်းရဲ့တန်ဖိုးဆိုတာလည်း ရှိတယ်။ အနောက်တိုင်းယဉ်ကျေးမှုမှ ကောင်းတာမဟုတ် ပါဘူး။ အရှေ့တိုင်းရဲ့ တန်ဖိုးထားအပ်တဲ့ ယဉ်ကျေး မှုတွေရှိသေးတယ်။ ဒါကို ကျွန်တော်တို့ ဘယ်လိုကာကွယ်မလဲဆိုတာကိုပဲ။ အဲဒီလို ကာကွယ်ဖို့ဆိုရင် ကျွန်တော်တို့က ကိုယ့် ယဉ်ကျေးမှုကို ကိုယ်မြှင့်မှဖြစ်မယ်။
ဟိုတစ်လောက စီးပွားရေးပညာရှင် တစ်ယောက် ကျွန်တော်တို့ မြန်မာနိုင်ငံလာသွား တယ်။ သူက ဘာကိုသဘောကျသွားလဲဆိုရင် မြန်မာတွေရဲ့ ဆရာကန်တော့ပွဲကို သဘောကျသွား တယ်။ သူတို့ဆီမှာ ဒါမျိုးမရှိဘူးလေ။ ဆရာတွေကို တပည့်တွေက ရိုသေစွာနဲ့ ကန်တော့တယ်ဆိုတာ ကို သူဟိုရောက်ရင် ပြန်လုပ်မယ်တဲ့။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုလည်း သူတို့ဆီစီးဆင်း နိုင်တာပဲ။ ကျွန်တော်တို့က ကိုယ့်ယဉ်ကျေးမှုကို အားကောင်းအောင်ပဲ လုပ်ရမှာပါ။ ဒါဆို Globalizationဆိုတာ Westernlizationပဲ မဟုတ်ဘူး။ Easternlizationလည်း ဖြစ်သွားနိုင် တယ်။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာဆိုရင် ဒါက Eastern Valueပဲ။ ဒီဗုဒ္ဓဘာသာက အခုဆိုရင် အနောက်ကိုလည်း စီးနေတာပဲ။ ဦးဂိုအင်ကာတို့ ဘာတို့ဆိုလည်း ကမ္ဘာလှည့်ပြီး တရားပြနေတာ ပဲလေ။ ဒါဆိုရင် ဒါက Easternlization ပဲ။ ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှုကို မမြှင့်တင်ရင် တစ်ဖက်က ဝင်လာတဲ့ဟာတွေကပဲ ကျွန်တော်တို့ ကိုစိုးမိုးပြီး ကျွန်တော်တို့ရဲ့ Identity ပျောက်သွား လိမ့်မယ်။ ကျွန်တော်တို့က အရေးမပါတာတွေကိုပဲ မြှင့်တင်ဖို့ကြိုးစားနေရင် ဘယ်တော့မှ လိုချင်တဲ့ Targetကို ထိမှာမဟုတ်ဘူး။ ကျွန်တော်တို့ ဘာတွေကို မြှင့်တင်ဖို့ကြိုးစားရမလဲ ဆိုတာ ကို သေချာစဉ်းစားရမယ်။
Communication
Communicationဆိုတာကို ကျွန်တော် နားလည်တာကတော့ လူအချင်းချင်းဆက်သွယ် ဆောင်ရွက်တာပဲ။ လူဆိုတာက ပတ်ဝန်းကျင်နဲ့ ကင်းကွာလို့မရတဲ့အတွက် လူနဲ့ပတ်ဝန်းကျင်၊ ပတ်ဝန်းကျင်နဲ့လူ အပြန်အလှန်ဆက်သွယ်မှုကို တော့ တစ်နည်းနည်းနဲ့ လုပ်နေကြမှာပဲ။ အရှေ့ ဂျာမနီနဲ့ အနောက်ဂျာမနီကို ဘာလင်တံတိုင်းကြီး နဲ့ ကာထားတဲ့ကာလတုန်းကတောင် ဟိုဘက်နဲ့ ဒီဘက်မရရအောင် နည်းလမ်းတွေရှာပြီး ဆက်သွယ်ခဲ့ကြဖူးတာပဲ။ ဒါပေမဲ့ အဲ့ဒီလိုကာလ တွေတုန်းကလည်း ကျွန်တော်တို့တွေ နည်းလမ်းတွေရှာပြီး အချင်းချင်းဆက်သွယ်ဆောင်ရွက်ခဲ့ ကြတာပဲ။ ပြောချင်တာက လူတစ်ယောက်ဟာ အခြားသောသူတွေနဲ့ အဆက်အသွယ် ပျက်လို့ မရသလို လူတွေကို အခြားသူတွေနဲ့ အဆက် အသွယ်ဖြတ်ဖို့ ကြိုးစားချင်တဲ့သူတွေရှိရင်လည်း လူတွေက သူတို့ရဲ့လုပ်ရပ်ကို တစ်နည်းနည်းနဲ့ နည်းလမ်း ရှာဖောက်ထွက်ကြမှာပဲ ဆိုတာပါ။ ကျွန်တော်က IT သမားဆို တော့ IT နဲ့ဆိုင်တာပဲ ပြောတော့မယ်။ အရင်တုန်းကတော့ ဆက်သွယ်တဲ့ နည်းတွေမျိုးစုံ သုံးခဲ့ကြတယ်။ စစ်တိုက်တဲ့ ခေတ် တုန်းက ခိုငှက်တွေနဲ့ ဆက်သွယ်ကြတယ်။ ခိုတွေ မှာ စာလေးတွေချိတ်ပေးလိုက်တယ်။ ခိုကလည်း လမ်းကြောင်းအတိုင်းပဲ သွားတယ်။ အဲဒီခိုကို လမ်းမှာ တခြားငှက်ကြီးတွေ ဘာတွေမနှောင့် ယှက်နိုင်အောင် ခိုရဲ့ကျောပေါ်မှာ ဝီစီလေး တပ်ပေးလိုက်တယ်။ ခိုကပျံနေရင်း လေတိုးတော့ ဝီစီသံနဲ့တခြားငှက်တွေရဲ့ အန္တရာယ်ကင်းတာပေါ့။ ဒါပေမဲ့ ဒီခိုရဲ့ပျံသန်းမှုက ဘယ်လောက်ထိ စိတ် ချရမလဲ။ လမ်းမှာ မြှား လည်းသင့်သွားနိုင်တာပေါ့။ ပြီးတော့ ခြေမြန်တော်ဆိုပြီး လူတစ်ယောက်ကို ပြေးပြီး စာပို့ခိုင်းခဲ့ကြတယ်။ ကျွန်တော်ပြောချင် တာက လူတွေက ဆက်သွယ်ရေးကို နည်းမျိုးစုံနဲ့ သုံးခဲ့ကြတာ။ အခု လက်ရှိနောက်ဆုံးကတော့ IT စနစ်ပေါ့။ Information & Communication Technology ခေတ်ပေါ့။ အဲဒီတော့ မြန်လာ တယ်။
အရင်တုန်းက ကျွန်တော်တို့က တစ်ယောက် နဲ့တစ်ယောက် ဆက်သွယ်ဖို့က အချိန်တွေယူခဲ့ရ တယ်။ အဲဒီအချိန်က နည်းပညာအကူအညီနဲ့ လျင်မြန်လာတယ်။ အဲဒီလို မြန်လာတော့ တိုင်းပြည်တစ်ခုနဲ့တစ်ခုက ဝေးမနေတော့ဘူး။ နီးကပ်လာပြီး အားလုံးက တစ်သားတည်းဖြစ်လာ တယ်။ Globalizationဆိုတာ အဲဒါကြောင့် ဖြစ်လာတာပဲ။ The World is Flat ဖြစ်သွားပြီ။ အရင်တုန်းက တောင်ဝင်ရိုးစွန်းက မြောက်ဝင်ရိုး စွန်းကို သွားချင်ရင် အချိန်အကြာကြီး ပတ်သွားရ တယ်။ အခုကတော့ Flat ဖြစ်သွားပြီပေါ့။ နီးနီး လေးဖြစ်သွားပြီ။ အဲဒီလိုဖြစ်လာတာရဲ့ ကောင်း ကျိုးကတော့ တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့ အဖြစ် အပျက်တွေကို အချိန်ခဏလေး အတွင်းမှာ သိနိုင်တယ်။ Informationတွေ မြန်မြန်ဆန်ဆန်ရတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရတာ လွယ်တယ်။ အဲဒါတွေက ကောင်းကျိုးပေါ့။
ဆိုးကျိုးလည်း ရှိတာပဲ။ ဘယ်လိုဆိုးကျိုးလဲ ဆိုတော့ တိုင်းပြည်တွေရဲ့ အမှတ်လက္ခဏာလို့ ခေါ်တဲ့ National Identity တွေက ဝေဝါးလာတယ်။ မခိုင်မာတဲ့ တိုင်းပြည်ဆို သူတို့တိုင်းပြည်ရဲ့ Identity က လုံးဝပျောက်သွားတယ်။ တချို့နိုင်ငံ တွေဆိုရင် သူ့နိုင်ငံမှာရှိတဲ့နိုင်ငံသားထက် တခြား နိုင်ငံက လာနေတဲ့ နိုင်ငံသားတွေ က ပိုများနေတတ် တယ်။ ဒါကဆိုးကျိုးပေါ့။
ဒါဆို ကျွန်တော်တို့ မြန်မာနိုင်ငံရော အဲဒီလိုအဖြစ်ခံမလားပေါ့။ မြန်မာနိုင်ငံဆိုတဲ့ Identity ကိုထိန်းမလား။ ကြိုက်တဲ့သူလာ ကြိုက်သလို နေထားမလားပေါ့။ အိန္ဒိယတွေ၊ တရုတ်တွေ ကများများနဲ့ မြန်မာလူမျိုးနည်းနည်းရှိတဲ့ နိုင်ငံအဖြစ်ခံမလား။ ဒီလိုဆိုးကျိုးတွေကို ကျွန်တော်တို့ ဘယ်လိုကာကွယ်မလဲ။ ကျွန်တော်တို့က အရင်တုန်းက Postal Service လို့ခေါ်တဲ့ စာတိုက်က နေ စာထည့်ရတဲ့ခေတ်ရှိခဲ့တယ်။ အခုကတော့ နိုင်ငံတကာက မိသားစုတွေဆီ မိတ်ဆွေတွေဆီ အထိ နည်းပညာ အကူအညီနဲ့ VZO Chat လုပ်တာမျိုးအထိ လုပ်လို့ရပြီ။ ဖုန်းလိုင်းတွေလည်း အဲဒီလိုပေါ့။ ဒါတောင် ကျွန်တော်တို့နိုင်ငံက တိုးတက်မှုနည်းနေသေးတော့ ဖုန်းခေါ်ခတွေ ဈေးကြီးနေတာတို့ ဘာတို့ ရှိသေးတယ်။ ဖုန်းတွေ ကနေတစ်ဆင့် လူတွေအချင်းချင်း အရမ်းကိုလွယ် လွယ်ကူကူ ဆက်သွယ်လို့ ရလာတယ်။ လုံးဝကို ဝေးနေတယ်လို့ မထင်ရတော့ဘူး။ Distantဆိုတဲ့ အကွာအဝေးက ဘယ်လောက်ပဲ ဝေးကွာနေပါစေ။ ဒီနည်းပညာအကူအညီနဲ့ နီးနီးလေးလို့ ခံစားရစေတယ်။ ကျွန်တော်တို့တိုင်းပြည်ကတော့ နည်း နည်းလေးတွေ လိုသေးတယ်။
နိုင်ငံတကာမှာတော့ Communicationက ကောင်းတော့ ဥပမာ – အိုဘားမားက မိန့်ခွန်းပြော တယ်ဆိုပါစို့။ သူပြောတာကို တစ်နိုင်ငံလုံးကို ချက်ချင်းပျံ့နှံ့သွားပြီး အိုးဘားမားတစ်ဖက်တည်း ပြောတာမဟုတ်ဘဲ အပြန်အလှန်ကို ဆွေးနွေးနိုင် တယ်။ ဒါက နည်းပညာဖွံ့ဖြိုးမှုကြောင့် ဖြစ်လာတာပေါ့။ ကျွန်တော်တို့ဆီက Internet Connection တွေက နှေးနေတော့ အဲဒီလို Life တွေကို မခံစားရသေးဘူး။
အိုဘားမားနဲ့ ရွန်မနီနဲ့ပြိုင်တာကို တစ်ခါတည်း U-tube ကနေကြည့်ပြီး စာသင်ခန်းတွေမှာ ဆရာနဲ့ကျောင်းသားက ဆွေးနွေးတာ လုပ်နိုင်တယ်။ ဒါက Internet ကောင်းမွန်တော့ ဒီလို ကောင်းကျိုးတွေ ခံစားရတယ်။ ကျွန်တော်တို့က တော့ ဒါမျိုးတွေ မခံစားရဘူး။ အရင်တုန်းကတော့ ကျွန်တော်တို့ဆီမှာ ဆက်သွယ်ရေး စနစ်က အရမ်းကို ဆိုးခဲ့ပါတယ်။ အခုတော့ အဲဒီလောက်တော့ မဆိုးတော့ဘူး။ ဖုန်းတစ်လုံး ၂ သိန်း လောက်နဲ့ ရနိုင်ပေမယ့်လည်း အဲဒါက များသေးတာပဲဗျ။ ဆက်သွယ်ရေးစနစ်ကောင်းမှ ကျွန်တော် တို့ရဲ့ လူနေမှုစနစ်က မြင့်လာမှာပါ။ ဆက်သွယ် ရေးစနစ်ကောင်းတာကလည်း နိုင်ငံရေးစနစ်ကို အထောက်အကူပြုတယ်။ ဒါမှ အုပ်ချုပ်သူနဲ့ပဲ ဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်နဲ့ပဲဖြစ်ဖြစ် ပြည်သူနဲ့ဆက်သွယ်တဲ့ ချိတ်ဆက်မှုတွေက ပိုပြီး ကောင်းလာမယ်။ ဒါဆို ဒီမိုကရေစီစနစ်ကြီးက ပိုပြီး ခိုင်မာမှာ။ သမ္မတနဲ့ ပြည်သူကြား၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူကြားက ဆက်သွယ်ရေး လမ်းကြောင်းတွေက ရှင်းရှင်းလင်းလင်းနဲ့ ပွင့်နေမှ အပြန်အလှန် ချိတ်ဆက်နိုင်မှာ။
လွှတ်တော်ကိုယ်စားလှယ်က သူ့ဟာသူနေ၊ ပြည်သူက သူ့ဟာသူနေရင်တော့ ဒီမိုကရေစီစနစ်က အောင်မြင်မှာမဟုတ်ဘူး။ ဒါကြောင့် Communicationက အရမ်း အရေးကြီးတယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းပြည်ရဲ့ နိုင်ငံရေးစနစ်တွေက Communicationသာ ကောင်းခဲ့ရင် ပိုပြီး ထိရောက်မှုရှိလာမှာပါ။ ပြည်သူရယ်၊ အုပ်ချုပ်ရေးရယ်၊ တရားစီရင်ရေးရယ်၊ ဥပဒေပြုရေးရယ်၊ Media ရယ် ဒီမဏ္ဍိုင်ကြီးလေးရပ်ကြား ကဆက်သွယ်ရေးသာ ဒီထက်ပိုပြီးကောင်းရင် အသွင် ကူးပြောင်းရေးကာလ Transition Period ကြီး မြန်မြန်ပြီးသွားပြီး ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းက မြန်မြန်အကောင်အထည် ပေါ်လာမှာပေါ့။
Confidence
Confidence ကတော့ ယုံကြည်မှုပေါ့။ အဓိကစရမှာကSelf Confidence ပေါ့။ မိမိကိုယ်မိမိ ယုံကြည်မှုရှိတဲ့သူကိုမှ တခြားသူတွေက လည်း ယုံကြည်မှာ။ ကိုယ်ကိုယ် တိုင်ကမှ ကိုယ့် ကိုယ်ကိုယ်မယုံကြည်ရင် တခြားလူတွေရဲ့ ယုံကြည်မှုရဖို့ ခဲယဉ်းသွားပြီ။ လူတစ်ယောက်က ဘာပဲလုပ်လုပ် သူ့ကိုယ်သူယုံကြည်မှုရှိရင် သူက သူလုပ်တဲ့ အလုပ်ကို ရဲရဲဝံ့ဝံ့ရှိတယ်။ အဲဒီတော့ သူလုပ်တဲ့အလုပ်တွေက Smart ကျတယ်ပေါ့။
တခြားသူတွေက ကိုယ့်ကိုမယုံကြည်ဘူးဆိုရင် ဒါကကိုယ့်ရဲ့ချို့ယွင်းချက်ပဲ။ ကိုယ်ကိုယ်တိုင်က Self Confidence အားနည်းလို့ပဲ။ ဘာကြောင့် အားနည်းလဲ ဆိုရင် သေချာမကျွမ်းကျင်တာကို လုပ်ရတာမျိုး၊ သေချာနားမလည်တာကို ပြောရ တာမျိုး၊ ကိုယ်မယုံကြည်တာကို လုပ်ရတာမျိုး ဒါမျိုးတွေဆိုရင် Self Confidence အားနည်းမှာပဲ။ ကိုယ်မလုပ်ချင်ဘဲ လုပ်ရတဲ့အလုပ်မှာ Confidence မရှိနိုင်ဘူး။ သူများပြောခိုင်းတာကို ပြောရရင်လည်း Confidence မရှိဘူး။ ဒါဆို ဘေးကကြည့်နေ တဲ့သူတွေကလည်း သူတော့ သူ ကိုယ်သူတောင် ယုံကြည်မှုမရှိဘူးဆိုပြီး တန်းသိ တယ်။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့က ဘာမှ မခဲယဉ်းပါဘူး။ စကားပြောတဲ့အခါမှာ ကိုယ့်ရင် ထဲက စကားတွေကိုပဲပြော။ အပိုတွေ လုပ်မပြော နဲ့။ ဒါဆို ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူ နိုင်တော့ ယုံကြည်မှုရှိတယ်။ အလုပ်လုပ်ရင်လည်း ကိုယ်မယုံကြည်တာ ကိုယ်စိတ်မပါတာကို မလုပ် နဲ့။ ဒါဆို ဒီအလုပ်အပေါ်မှာ ကိုယ်ကစိတ်ပါတော့ ယုံကြည်မှုရှိတယ်။ Confidenceပျောက် တာက ခဏတာပဲ ပျောက်သွားရင် ကိစ္စမရှိဘူး။ သူများ တွေရဲ့ Pressure ကြောင့် ကိုယ်မယုံကြည်တဲ့ အလုပ်တွေ လုပ်နေရ၊ ကိုယ်မယုံကြည်တဲ့ စကားတွေကို ပြောနေရရင် ဘဝတစ်လျှောက်လုံး Confidence ပျောက်သွားရော။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလျော့လာရင် ကိုယ့်ကိုယ်ကိုယ် မကြည်ညိုနိုင်တော့ဘူး။
Self Esteem ဆိုတာ ရှိတယ်။ မိမိကိုယ်မိမိ ကြည်ညိုစိတ်ကိုပြောတာပေါ့။ လူဆိုတာက ကိုယ် မယုံကြည်တာကို လုပ်ရတာများလာရင် မိမိကိုယ် မိမိ ယုံကြည်မှုလျော့ တယ်။ ပြီးရင် ကိုယ့်ကိုယ်ကိုယ် မကြည်ညိုနိုင်တော့ဘူး။ အဲဒီလိုကိစ္စက ဘယ် အဆင့်ထိရောက်နိုင်လဲဆိုရင် ကိုယ့်ကိုယ်ကိုယ် Suicideလုပ်တဲ့အထိ ဖြစ်သွားနိုင်တယ်။
လူတိုင်းမှာ ကိုယ်ပိုင်ဘဝဆိုတာ ရှိတယ်။ ဘာသာရေးစကားနဲ့ပြောရရင် သံသရာဆိုတာ ပေါ့။ မိဘနဲ့သားသမီးဆိုတာ သံသရာရေစက် ကြောင့် ဒီဘဝမှာလာပြီး တွေ့ရ တာပါ။ ဒါပေမဲ့ သားသမီးတိုင်းမှာက ကိုယ်ပိုင်ကံကြမ္မာဆိုတာရှိ တယ်။ သားသမီးတွေရဲ့ ကိုယ်ပိုင်ကံကြမ္မာကို မိဘကဝင်ပြီး ပုံသွင်းလို့မရဘူး။ သားသမီးတွေရဲ့ ကံကြမ္မာလမ်းကြောင်းပေါ်မှာပဲ မိဘတွေ၊ ဆရာ သမားတွေက ဘေးကနေ ထိန်းကြောင်းပေးတာ လောက်ပဲ လုပ်လို့ရတယ်။ ပုံသွင်းပေးလို့မရဘူး။ မဖြစ်သင့်ဘူး။ အဲဒီလို ပုံသွင်းခံရရင် ဆိုးကျိုးတွေ ဖြစ်တယ်။ ကျွန်တော့် ဦးလေးတစ်ယောက်ဆိုရင် သူက အနုပညာသမား ဖြစ်ချင်တယ်။ ဒါပေမဲ့ သူ့ရဲ့မိဘက သူ့ကိုစီးပွားရေးပဲ လုပ်စေချင်တယ်။ သူက မိဘဆန္ဒအတိုင်းလိုက်လုပ်ရတော့ သူ့ကိုယ် သူ ယုံကြည်မှုတွေ ပျောက်သွားတယ်။ အဲဒီတော့ နေမပျော်တော့ ဘူးပေါ့။ ဘဝမှာ အရေးကြီးဆုံးက နေပျော်ဖို့ပါပဲ။ ဘဝမှာ နေမပျော်ရင် ဘေးထွက် ဆိုးကျိုးတွေအနေနဲ့ အရက်စွဲတာမျိုးတို့၊ မူးယစ် ဆေးဝါးစွဲသွားတာမျိုးတို့ ဖြစ်သွားနိုင်တယ်။
လူတွေမှာ ဗီဇဆိုတာလည်း ရှိသေးတယ်ဗျ။ အဖေ၊ အမေဆရာဝန်မို့လို့ ကလေးက မွေးလာတာ နဲ့ ဆရာဝန်လေး မွေးလာရမှာမဟုတ်ဘူး။ သူ့ရဲ့ ဗီဇကိုတွေ့အောင် ရှာပြီး ဘေးကနေ ထိန်းကြောင်း ပေးရမှာ။ ဒါမှ ပုံစံမှန်ရမယ်။ ကလေးရဲ့ဘဝကို ဘောင်မကန့်သင့်ဘူး။ လူဆိုတာက ကိုယ်တကယ် ဝါသနာပါတဲ့အလုပ်ကို လုပ်ရမှ ကိုယ့်ရဲ့စွမ်းအား တွေက အပြည့်ထွက်မှာ။ ဝါသနာမပါတဲ့ အလုပ် တွေကို လူတွေကလုပ်နေရင် တိုင်းပြည်အတွက် လည်းနစ်နာတယ်။ သူက စွမ်းအားတွေမှ အပြည့် မထွက်နိုင်ဘဲ။
ကျွန်တော်ဆိုရင် စာရေးရတာကို ဝါသနာ ပါတယ်။ စာရေးရရင် ပျော်တယ်။ ကျွန်တော် ဝါသနာမပါတာက အင်ဂျင်နီယာအလုပ်ပါ။ ကျွန်တော်က B.E (Civil) နဲ့ ကျောင်း ပြီးတယ်။ ဒါပေမဲ့ ကျွန်တော်က တိုက်တွေဆောက်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော် တိုက်တွေကို တစ်နှစ်လောက်ဆောက်ခဲ့ရတယ်။ ဒီအတိုင်း အလုပ်ဆင်းနေ တာပဲ ရှိခဲ့တယ်။ ကိုယ့်ရဲ့စွမ်းရည်တွေက အပြည့်ထွက်မလာခဲ့ဘူး။ ဒါတိုင်းပြည်အတွက် နစ်နာတာပဲလေ။ ဒါပေမဲ့ ကျွန်တော် ကံကောင်းတယ်ပြောရမယ်။ ကိုယ့် လမ်းကြောင်းကို ကိုယ်ပြန်တည့်အောင် လုပ်နိုင်ခဲ့တယ်။ တိုင်း ပြည်က လူ့စွမ်းအားတွေက လူမှန်နေရာမှန်ဖြစ် နေဖို့ လိုအပ်တယ်။ ဘောလုံးပွဲနဲ့ ဥပမာပေးရရင် ဝင်းအောင်လို ခေါင်းတိုက်ကောင်းတဲ့ လူတစ်ယောက်ကို နောက်တန်းမှာ ပေးကစားလို့ မရဘူး။ လူတွေကို ဘယ်နေရာမှာ ဘယ်လိုချ ထားရမလဲဆိုတာက သူ့ရဲ့ အားသာချက်တွေပေါ် မူတည်ပြီး စဉ်းစားရမယ်။ တူးလော့လောက်ထရပ် (Toulouse – Lautrec) ဆိုတဲ့ ပန်းချီဆရာ တစ်ယောက် ရှိခဲ့တယ်။ သူက ငယ်ငယ်လေးက တည်းက ပုံတွေဆွဲတာပဲ။ ဒါပေမဲ့ သူ့မိဘက အားမပေးဘဲ သူ့ကို တခြားသင်တန်းတွေပဲ ပို့တယ်။ သူ ဘာမှဖြစ်မလာခဲ့ဘူး။ နောက်ဆုံးပန်းချီပြန်ဆွဲမှပဲ သူ ကမ္ဘာကျော်အောင်ကို အောင်မြင်ခဲ့တယ်။ ဒါကြောင့် လူက ကိုယ့်ရဲ့ယုံကြည်ရာကိုပဲ လုပ် သင့်တယ်။ ဒါမှ ယုံကြည်မှုရှိရှိနဲ့လုပ်နိုင်ပြီး အောင်မြင်မှာပါ။
လင်းသိုက်ညွန့် (မြန်မာ့မြေ)
By Yati Magazine
Culture
--------
Cultureဆိုတာ ယဉ်ကျေးမှုအမွေအနှစ်ပါ။ တိုင်းပြည်တစ်ပြည်အတွက် ယဉ်ကျေးမှုအမွေ အနှစ်က အရမ်းအရေးကြီးပါတယ်။ ညီမတို့ မြန်မာပြည်မှာ ဆိုရင် မြန်မာနိုင်ငံ ရဲ့ ယဉ်ကျေးမှု အမွေ အနှစ်ကိုကြည့်ချင်ရင် ပုဂံမှာ ကြည့်ရမယ်။ အကယ်၍သာ ပုဂံမှာ ယဉ်ကျေးမှုအမွေအနှစ်တွေ မကျန်ခဲ့ရင် ညီမတို့လူမျိုးတွေရဲ့ Resources တွေကို ဘယ်မှာရှာရမှန်း ဘယ်လိုဖော်ထုတ် ရမယ် မှန်း သိမှာမဟုတ်ပါဘူး။ နိုင်ငံတစ်ခုရဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုတာ အဲဒီနိုင်ငံရဲ့ရှေးဟောင်း အမွေအနှစ်ကို လေ့လာပြီးမှ သိနိုင်တာပါ။
ပုဂံကိုသွားရင် ညီမတို့လူမျိုးတွေက ကျောက်ခေတ် တို့၊ ဟန်လင်းတို့ခေတ်မှာ ဘာတွေဝတ်ခဲ့ကြတယ်။ ဘယ်လိုအပြင်အဆင်တွေ ရှိခဲ့ကြတယ်ဆိုတာ လေ့ လာနိုင်တယ်။ စေတီဘုရားပုထိုးတွေကို ဖူးရင်းနဲ့လည်း ညီမတို့ရဲ့ ဗိသုကာ လက်ရာတွေ၊ အနုပညာတွေကို လေ့လာလို့ရတယ်။ ရွှေတိဂုံ ဘုရားကြီးကို မတည်ခင်မှာ ဘုရားရဲ့ပုံစံငယ်က ခွက်ပုံစံလုပ်ခဲ့တာ။ အဲဒီကမှ ပြောင်းလဲပြီး တည် ထားခဲ့တာပါ။ ဒါကြောင့် ယဉ်ကျေးမှုကတစ်ဆင့် ပြီးတစ်ဆင့် ပြောင်းလဲလာတယ်ဆိုတာလည်း သိထားရပါမယ်။ နံရံဆေးရေးပန်းချီတွေကို လေ့လာတဲ့အခါ ပျူခေတ်တို့၊ သရေခေတ္တရာခေတ် တို့က အဝတ်အစားတွေ က အိန္ဒိယနွယ်တာတွေ တွေ့ရလိမ့်မယ်။ ဒါကြောင့် ညီမတို့က အိန္ဒိယက ဆင်းသက်လာတဲ့ လူမျိုးစုလို့ ခန့်မှန်းပြောဆိုနိုင် ကြတာပါ။ ပြီးတော့ ယဉ်ကျေးမှုက ဖလှယ်တာ ကူးလူးတာလည်း ဖြစ်သေးတယ်။ ဥပမာ - ဒီခေတ်မှာဆို ကိုရီးယားက ခေတ်စားတယ်။ ဒီတော့ ညီမအပါအဝင် လူငယ်တွေတော်တော် များများက ကိုရီးယား Style ဝတ်ကြတယ်။ အမှန်က ညီမတို့မှာ ကိုယ်ပိုင်ဗမာဝတ်စုံဆိုတာ ရှိပြီးသားလေ။ ရင်ဖုံးလေးနဲ့ ထဘီလေးနဲ့ပေါ့။ ဒါပေမဲ့ ညီမတို့ရဲ့ဝတ်စုံက နေရာတိုင်းဝတ်လို့ အဆင်မပြေဘူး။
ဥပမာ - ညီမဆိုရင် ပြိုင်ပွဲဝင် ပြိုင်တော့ Swimming Suit ကို မဝတ်မဖြစ်ဝတ် ရတယ်။ ညီမပြောချင်တာက ညီမတို့တွေက International ကိုဝင်မယ်ဆိုရင် တစ်ခါတလေမှာ အခါအားလျော်စွာ International Style တွေ ဝတ်သင့်ရင် ဝတ်ရမယ်။ ဒါပေမဲ့ တတ်နိုင်သရွေ့ တော့ ကိုယ့်ဗမာဝတ်စုံကိုတော့ ဝတ်စေ ချင်တယ်။ ဒါကြောင့် ညီမက ပြိုင်ပွဲတောက်လျှောက်မှာလည်း မြန်မာဝတ် စုံတွေကိုပဲ ဝတ်ဖြစ်ခဲ့တယ်။ Swimming Suit ကတော့ မဖြစ်မနေဆိုတာ့ ဝတ်ခဲ့ရတာပေါ့။ ဒါပေမဲ့ ညီမဝတ်တဲ့ ဗမာဝတ်စုံ တွေကိုကြည့်ပြီး ညီမနဲ့အတူ ဝင်ပြိုင်တဲ့ပြိုင်ပွဲဝင် တွေကတော့ ညီမတို့မြန်မာရဲ့ ဝတ်ဆင်ပုံတွေကို သူတို့ သိသွားကြပါတယ်။ ရင်ဖုံးလေးနဲ့ ထဘီလေး နဲ့က ဗမာဝတ်စုံဆိုတာကို သတိထားမိသွားကြ တယ်။ ဒါကြောင့် မြန်မာဆိုတာ ဘယ်လိုပါဆိုတာကို သိစေချင်ရင် ညီမတို့က Internationalပွဲတွေ ကနေ Promotionလုပ်ကို လုပ်ရမယ်။ ညီမတို့ရဲ့ ယဉ်ကျေးမှုအဆင့်အတန်း က မြင့်မားပါတယ်။
ညီမတို့လူမျိုးက ပျူငှာတယ်၊ နွေးထွေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် တွေ့တဲ့အခါမှာ ရယ် မောပြုံးပြီး နှုတ်ဆက်လေ့ရှိတယ်။ နိုင်ငံတကာက ဧည့်သည်တွေက ညီမတို့ရဲ့ဒီဓလေ့တွေကို အထင်ကြီးသဘောကျကြတယ်။ ပြီးတော့ ညီမတို့လူမျိုးက သဘောထားပြည့်ပြီး ခွင့်လွှတ် တတ်ကြတယ်။ နိုင်ငံခြားသားတွေကကျတော့ ခွင့်မလွှတ်တတ်ကြဘူး။ ဒါကြောင့် သူတို့တွေ က Complain တွေ သိပ်တက်တာလေ။ ပြီးတော့ ညီမတို့ မြန်မာဓလေ့က မိသားစုသိုင်းဝိုင်းပြီး နေတတ်တယ်။ သူတို့ တွေကတော့ အသက် ၁၈ နှစ်ပြည့်တာနဲ့ သတ်သတ်စီ ခွဲပြီး နေကြတယ်။ မိဘဆီကနေ မေတ္တာတွေ မရတော့ဘူး။ ညီမရဲ့ ဧည့်လမ်းညွှန်လုပ်တဲ့ အတွေ့အကြုံအရဆိုရင်တော့ ညီမတို့ရဲ့ ယဉ်ကျေးမှု ဓလေ့တွေ ကို နိုင်ငံခြားသားတွေထဲမှာ ၈ဝ ရာခိုင်နှုန်းလောက်က တော်တော်သဘောကျ ကြတယ်။
ညီမတို့ရဲ့ယဉ်ကျေးမှုကို Promotion လုပ်မယ်ဆိုရင်လည်း ဖျော်ဖြေရေး ဝင်ပြီးလုပ်ရင် ပိုပြီးထိရောက်လိမ့်မယ်။ ရုပ်ရှင်တို့၊ သီချင်းတို့ကို ပြောတာပေါ့။ ဘာလို့လဲဆိုတော့ အခု ညီမတို့ လူငယ်တွေက ကိုရီးယားယဉ်ကျေးမှုကို အတုခိုး နေကြတယ်ဆိုတာ လည်း ကိုရီးယားကားတွေက နေပဲ ကြည့်ကြ တာလေ။ ညီမတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အန်တီဒေါ်အောင်ဆန်း စုကြည် ဆိုရင် သူက ဘယ်နိုင်ငံက ဘယ်လို Conference တွေပဲတက်တက် ဘယ်ကိုပဲသွားသွား သူက ဗမာဝတ်စုံကိုပဲ စွဲစွဲလမ်းလမ်းဝတ်တယ်။ ဒါကိုညီမတို့ကအတုယူသင့်တယ်။ ပြီးတော့ အခုဆိုရင် မြန်မာရုပ်ရှင်ကားတွေကို Internationalမှာ သွားပြီးပြတာတို့ ဘာတို့လုပ်နေပြီ။ ဒါဆို ဒီလို ရုပ်ရှင်တွေ ထဲမှာ ညီမတို့က ညီမတို့ရဲ့မြန်မာ့ ယဉ်ကျေးမှုအကြောင်းတွေကို ဇောင်းပေး ပြီး များများလေးပြပေးရမယ်။ ဒါက ညီမတို့ရဲ့ ယဉ်ကျေးမှုကို Promotion လုပ်ဖို့ အလွယ်ဆုံး နည်းတွေပါပဲ။
Communication
--------
Communicationဆိုတာက တစ်ယောက် နဲ့တစ်ယောက် ဆက်သွယ်တာပါ။ ညီမအနေနဲ့ တော့ Communicationဆိုတာကို ၃ ခုခွဲချင်ပါ တယ်။ အဲဒါတွေက One Way Communication , Two Way Communication နဲ့ Star Communication ဆိုတာတွေပေါ့။ One Way ဆိုတာက ဥပမာ - အခုညီမတို့ Internet သုံးတယ်။ Mail ကနေ စာပို့လိုက်တယ်။ ဒါက ကိုယ်ကပဲ တစ်ယောက်တည်းရေးပြီး ပို့လိုက်တယ်။ သူက Accept လုပ်ပြီ ဆိုမှ နှစ်ယောက်က Communication ရှိသွားတာပေါ့။ ဒါက တစ်ယောက် တည်းပဲ ပြောရတဲ့ Feeling နဲ့ပေါ့။ Two Way ကကျတော့ အပြန်အလှန် ဆိုတာတွေ ပါပြီပေါ့။ Internetကနေ Chatting လုပ်တယ် ဆိုရင်လည်း ဒါက Two Way ပါပဲ။ တစ်ယောက် နဲ့တစ်ယောက် အပြန်အလှန်ပြောတာတွေ ဆွေးနွေးတာတွေကို ပြောတာပေါ့။ ပြီးတော့ Y Communication ဆိုတာ ရှိသေးတယ်။ ဒါကိုတော့ ညီမက သဘောမကျဘူး။ ဒါက ဘာလဲဆို တော့ Yကို ဇောက်ထိုးလုပ်လိုက်ရင် ဘယ်လိုပုံစံ ဖြစ်သွားလဲဆိုရင် အထက်ပြောတဲ့ အမိန့်က အောက်ကနာခံရတာပေါ့။ ဒီမှာ အောက်ကလူက ဘယ်လို ဆွေးနွေး တာမှ လုပ်လို့မရဘူး။ အထက် ကပြောတာပဲ နာခံဆိုတဲ့သဘောပေါ့။ ပြီးတော့ Star Communication ကတော့ အဲဒီလိုမဟုတ် တော့ဘူး။ အားလုံးက ပြန်ပြီးဆွေးနွေးလို့ရတယ်။ အခု Facebook သုံးကြတယ်။ ညီမက ညီမရဲ့ Account ကနေ Post တစ်ခုတင်လိုက်ပြီဆိုရင် ဒါကို ဝိုင်းပြီး Comment ပေးနိုင်တယ်။ ဒါက Star Communicationပေါ့။ နှစ်ယောက်ပဲ လုပ်လို့ရတဲ့ Communicationမဟုတ်ဘူး။ အများကြီးနဲ့ Communicationလုပ်လို့ရတယ်။
ညီမ အခုလုပ်နေတဲ့ ဧည့်လမ်းညွှန်အလုပ်ဆိုရင် Two Way လို့ ပြောလို့ရတယ်။ ဒီအလုပ်မှာ ဘယ်လိုခက်ခဲမှုတွေ ရှိနိုင်လဲဆိုတော့ ဘာသာ စကားပေါ့။ ညီမတို့က ကိုယ့်လူမျိုးအချင်းချင်း ပြောရင် ကိစ္စမရှိဘူး။ ဒါပေမဲ့ နိုင်ငံခြားသားနဲ့ Communicate လုပ်ဖို့ကျတော့ ဘာသာစကားက အရေးပါ လာပြီ။ ဒါတောင် ကိုယ်ကလည်း သူ့စကားမပြောတတ်၊ သူကလည်း ကိုယ့် စကား မပြောနိုင်၊ အင်္ဂလိပ်လိုလည်း မပြောတတ်ဆိုရင် ပြဿနာ တက်ပြီပဲ။ ဒါကြောင့် ညီမတို့တွေက အင်္ဂလိပ်စာကို အခြေခံကစပြီး လုပ်ထားဖို့လို တယ်။ ညီမတို့တွေက International ကို ဝင်ချင်တယ်ဆိုရင် အင်္ဂလိပ်က မဖြစ်မနေ လိုကိုလိုတယ်။ တစ်ကမ္ဘာလုံးက အင်္ဂလိပ်က အဓိကဘာသာ စကားဖြစ်နေ တာလေ။ အခုဆိုရင် ညီမတို့နိုင်ငံမှာက အခွင့်အလမ်းတွေ ပွင့်လမ်းလာပြီ ဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက ဝင်နေပြီ။ ဒါဆို အင်္ဂလိပ်စာကောင်းတဲ့ သူက အခွင့်အရေးသာသွားမှာပဲ။ အမှန်ကလေ ညီမတို့မြန်မာက အင်္ဂလိပ်စာ မညံပါဘူး။ သင်လွယ်တတ်လွယ်ပါတယ်။ ညီမ သွားပြိုင်တဲ့ Miss International ပွဲမှာဆိုရင် တချို့နိုင်ငံတွေက ဘာသာပြန်တွေတောင် ပါကြ တယ်။ ဂျပန်နဲ့ပြင်သစ်ဆိုလည်း အင်္ဂလိပ်မကောင်း ကြဘူး။ သူတို့က မြန်မာ ကို အင်္ဂလိပ် စကား မပြောတတ်ဘူးလို့ပဲ ထင်နေကြတာ။ ညီမက အင်္ဂလိပ်လို ပြောတော့ သူတို့က တအံ့တသြနဲ့ ''သြော် နင်တို့ မြန်မာတွေက အင်္ဂလိပ် စကား ပြောတတ် ပါလား'' ဆိုပြီး ပြောကြတယ်။ သူတို့မြန်မာဆိုရင် အထင် သေးတတ်ကြတယ်။ အမှန်ကတော့ သူတို့က မပြောတတ်တာပါ။ ဒါကလည်း နိုင်ငံကဖွံ့ဖြိုးတော့ သူတို့ ဘာသာ စကားကို တခြားဘာသာစကားထက် သုံးကြလို့လေ။ ညီမတို့နိုင်ငံကတော့ ဖွံ့ဖြိုးမှုက နည်းနေသေးတော့ သူများနိုင်ငံကို Depandလုပ်ရမှာတွေ ရှိတယ်။ ဒါကြောင့် ဘာသာစကား က Communication မှာ လိုတာပါ။
Confidence
--------
Confidenceက ယုံကြည်မှုပါ။ ယုံကြည်မှု က Experience နဲ့လည်း ဆက်စပ်နေတတ်တယ်။ ညီမတို့က အလုပ်တစ်ခုလုပ်မယ်ဆိုရင် အဲဒီ အလုပ်မှာ လုံလောက်တဲ့ Experience ရှိမှ ကိုယ် က ယုံကြည်မှုရှိမှာပေါ့။ ဒီလို Experience ရှိဖို့ ဆိုရင် လေ့ကျင့်မှုရှိဖို့ လိုတယ်။ ညီမဆိုရင် အရင်တုန်းက နိုင်ငံခြားသားက ကိုယ့်ကို Hi , Hello ပြောမှာတောင် စိုးတယ်။ ငါ့ကို လာပြောရင် ငါဘာပြန်ပြောရမလဲဆိုပြီး ကြောက်နေခဲ့တာ။ အခု အလုပ်လုပ် တာကြာသွားတော့ အတွေ့အကြုံ ရှိသွားပြီဆိုတော့ အဲဒီလိုမဖြစ်တော့ဘူး။ ဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသွားတာပဲ။ Confidence မှာလည်း ယုံကြည်မှုက လွန်သွားခဲ့ ရင် Over Confidence ဖြစ်သွားတယ်။ ဒါက မကောင်းဘူး။ Over Confidence ဖြစ်သွားလို့ ကိုယ့်ဘဝ ဆုံးရှုံးသွားတာမျိုး လည်း ရှိတယ်။ ယုံကြည်မှုက လူကိုရင့်ကျက်မှုလည်း ဖြစ်သွားတယ်။
ညီမ International ပွဲသွားပြိုင်တုန်းက တစ်ယောက်တည်း သွားခဲ့ရတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် Confidence ရှိရှိနဲ့ သွားခဲ့ရတယ်။ ဘာကပါ အရေးကြီးသေးလဲ ဆိုတော့ တာဝန်ယူမှု ပါရှိသေးတယ်။ ညီမက နန်းခင်ဇေယျာဆိုတာ ထက် Miss Myanmar ။ မြန်မာနိုင်ငံရဲ့ ကိုယ်စား လှယ်ပေါ့။ ညီမသာ မဟုတ်တာတစ်ခုခု လုပ်မိ ဒါက မြန်မာလုပ်တာပဲလေ။ အဲဒီတော့ Myanmarဆိုတဲ့ Image နဲ့ နေရတယ်။ ကိုယ့် ဘာသာ ယုံကြည်မှု ရှိရှိ ဆုံးဖြတ်ခဲ့ရတာတွေရှိတယ်။ ဆံပင်ဆိုရင် ညီမက အဲဒီတုန်းကအရောင် တင်ထားတာ။ အမည်းမဟုတ်ဘူး။ ဒါပေမဲ့ ညီမက စဉ်းစားတယ်။ မြန်မာ ဆိုရင် ဆံပင်အမည်းမှ ဖြစ်မယ်။ အရောင်နဲ့က မသင့်တော်ဘူး။ ဒါကြောင့် ညီမ အောက်က Store ဆိုင်ကိုဆင်းပြီး ဆံပင်ကို အမည်းဆိုးလိုက်တယ်။ ကိုယ့်ရဲ့ဆုံးဖြတ် ချက်နဲ့ပဲ လုပ်ခဲ့တာပါ။ ဧည့်လမ်းညွှန်ဆိုတာလည်း တာဝန်ကြီးတာပဲ။ ကိုယ့်နိုင်ငံကိုလာတဲ့ ဧည့်သည်ကို ကိုယ့်ကြောင့် ကိုယ့်နိုင်ငံ ကို အထင်သေးသွားတာမျိုး ဖြစ်လို့မရဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက တာဝန်ယူမှုကိုလည်း ရှိသွားတတ်ပါတယ်။
ဖြိုးစုပိုပို
By Yati Magazine
Directed by: Sanaa Hamri
Year: 2013
Genre: Comedy, Fantasy, Musical
Starring: Chelsea Kane, Drew Seeley, Sara Paxton
Country: USA
Original Language: English
Watch Here
Directed by: Shane Black
Year: 2013
Duration: 130 min
Genre: Action, Thriller, Sci-Fi
Starring: Robert Downey Jr., Gwyneth Paltrow, Guy Pearce
Countries: USA, China
Original Language: English
Watch Here
သင်္ကြန်အတွင်း Plus 3 Band နဲ့ အတူ ချောင်းသာမှာ ဖြတ်သန်းခဲ့တဲ့ လင်းလင်း က ပထမအခွေ “စဉ်းစားပါ” နဲ့ ဒုတိယအခွေ “အမှန်တရား” တို့ နောက်မှာ တတိယတစ်ကိုယ်တော် အခွေကို ထွက်ရှိလာတော့ မှာဖြစ်ကြောင်း ဆိုပါတယ်။
“နာမည်ကတော့ မစဉ်းစားရသေးဘူး။ သင်္ကြန်အပြီး တစ်လ၊ နှစ်လ အတွင်း မှာ ထွက်နိုင် ပါလိမ့်မယ်။ ဒီအခွေမှာ ကျွန်တော် ပြောချင်တဲ့ အကြောင်း အရာတွေ၊ ကျွန်တော် ပို့ချင်တဲ့ မက်ဆေ့ခ်ျတွေ ကို ရောက် အောင် ပို့ပေးထားပါတယ်။ အချစ်သီချင်း အနေနဲ့ သုံးပုဒ်၊လေးပုဒ် လောက် ပဲပါမယ်။ ကျွန်တော့်ရဲ့ ပထမ အခွေနဲ့ ဒုတိယအခွေမှာ ပုံစံတွေ၊ အကြောင်း အရာတွေ မတူသလို အခုတတိယ အခွေက လည်း ရှေ့က အခွေ တွေနဲ့ မတူဘဲ ကွဲထွက် သွားမယ်။ ၁ဝ တန်း ဖြေသလိုပေါ့။ ဒီနှစ် မှာ ဒီပုံစံ နဲ့ဖြေ သလို နောက်နှစ်မှာ ဒီပုံစံ ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။ ဒီ တတိယ အခွေ ထွက်ပြီးသွားရင် ဒီနှစ်ထဲမှာပဲ ကျွန် တော့်ရဲ့တစ် ကိုယ် တော် ရှိုးလုပ် ဖြစ် မယ်” လို့လင်းလင်း က ပြောပါတယ်။
မျိုးမောင် - Popular Journal
Directed by: Russell Mulcahy
Duration: 109 min
Genre: Action, Adventure, Fantasy
Starring: Michael Copon, Karen David, Simon Quarterman
Countries: USA, South Africa, Germany
Language: English
Watch Here
Directed by: Wolfgang Petersen
Duration: 98 min
Genre: Action, Adventure, Drama, Thriller
Starring: Richard Dreyfuss, Kurt Russell, Emmy Rossum
Country: USA
Languages: English, Spanish
Watch Here
Duration: 60 min
Genre: Documentary, Family
Starring: F. Murray Abraham, Steve Murphy
Watch Here
Directed by: Oliver Hirschbiegel
Duration: 156 min
Genre: Drama, Biography, History, War
Starring: Bruno Ganz, Alexandra Maria Lara, Ulrich Matthes
Countries: Germany, Austria, Italy
Original Languages: German, Russian
Watch Here
Directed by: Jeff Orlowski
Duration: 75 min
Genre: Biography, Documentary
Starring: James Balog, Svavar Jonatansson, Adam LeWinter
Country: USA
Original Language: English
Watch Here
Directed by: Malcolm D. Lee
Year: 2013
Duration: 86 min
Genre: Comedy
Starring: Ashley Tisdale, Simon Rex, Charlie Sheen
Country: USA
Original Language: English
Watch Here
Directed by: Brian Helgeland
Year: 2013
Duration: 128 min
Genre: Drama, Biography, Sport
Starring: Chadwick Boseman, Harrison Ford, Nicole Beharie
Country: USA
Original Language: English
Watch Here
Directed by: Greg Marcks
Duration: 105 min
Genre: Action, Crime, Thriller, Mystery
Starring: Shane West, Edward Burns, Ving Rhames
Country: USA
Original Languages: English, Russian
Watch Here