မွေးနေ့ လက်ဆောင် အဖြစ် အသက် ထပ်မကြီးတဲ့ဆေးကို လိုချင်သူ ဧပြီ ၂၈ ရက် မွေးနေ့ရှင် ဖြိုးငွေစိုး

ဖြိုးငွေစိုး က ဒါရိုက်တာ စိုးကျော်ဆန်း ရိုက်ကူးတဲ့ “ကျောင်းတုန်းက” ဇာတ်ကားကို ချမ်းမီမီကို နဲ့ အတူ  ရိုက်ကူး နေပါတယ်။ နောက်ပိုင်းမှာ တော့ ထုတ်လုပ်ရေး သုံးခု နဲ့ ရိုက်ကူး သွားမှာဖြစ်တဲ့ ဖြိုးငွေစိုး က “ထုတ်လုပ်ရေး တစ်ခုကို ပုံစံ တစ်မျိုးစီနဲ့ ရိုက်သွားမယ်။ ဇာတ်လမ်း မျိုးစုံ ရိုက်ကူးသွား မယ်။ ဇာတ်လမ်းက ကျွန်တော့် အိုင်ဒီယာလေးကို သူတို့ကို ပြောပြတယ်။ ကျွန်တော်က ဇာတ်လမ်းကို ပဲအဓိက ဦးစားပေး စဉ်းစားလိုက်တယ်။ ဥပမာ ဒရာမာ၊ ဟာသဆိုပြီး ခွဲပြီး မစဉ်းစားတော့ဘူး။ ဒီဇာတ်လမ်းကို ကြိုက်ရင် ဟာသဖြစ်နေ၊ ဒရာမာ ဖြစ်နေပါစေ ရိုက်ကူး သွားတော့မယ်” လို့ပြောပါတယ်။ ဧပြီ ၂၈ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့ကိုတော့ ကြီးကြီးကျယ်ကျယ် မလုပ်ဖြစ်ဘဲ အသိမိတ် ဆွေ သူငယ်ချင်းများ၊ ပရိုဂျူဆာများ နဲ့အတူ ရွှေဂုံတိုင် မှာရှိတဲ့ နာပိုလီ စားသောက်ဆိုင်မှာပဲ ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ ဖြိုးငွေစိုးက ပြောပါတယ်။ “အခု ကျွန်တော် စာချုပ်ချုပ် ထားတဲ့ ပရိုဂျူဆာတွေ နဲ့ တအား ရင်းနှီးတဲ့ သူငယ်ချင်းတွေလောက်ပဲ ကျွေးဖြစ်မယ်။ အဓိက ကတော့ ပရိုဂျူဆာတွေ နဲ့ ဆုံပေးချင်တာပါ တယ်။ မွေးနေ့ပွဲ ကြီးကြီးကျယ်ကျယ် တော့ မလုပ်ဖြစ်ဘူး။ မွေးနေ့ ကိတ်တော့ ခွဲဖြစ်မယ်။ ကျွန်တော်မွေးနေ့ကို ခမ်းခမ်းနားနား နဲ့လုပ်ရတာ မကြိုက်ဘူး။ မွေးနေ့ လက်ဆောင် ကိုတော့ အသက် ထပ်မကြီးတဲ့ဆေး လိုချင်တယ်” လို့ပြောပြခဲ့ပါတယ်။

တွယ်တာ
By Popular Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ