ဥရောပ ၆ နိုင်ငံခရီးနှင့် သဉ္ဇာနွယ်ဝင်း


သဉ္ဇာနွယ်ဝင်းက မိသားစုနဲ့ အတူ ဧပြီ ၈ ရက်နေ့က ဥရောပ ၆ နိုင်ငံကို အပန်းဖြေခရီးသွားခဲ့ပြီး ဧပြီ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာပါတယ်။ ၆ နိုင်ငံ ခရီးစဉ်မှာတော့ အနုပညာနဲ့ ပတ်သက်တာတွေ မလေ့လာဖြစ်ခဲ့ပေမယ့် ဗိသုကာလက်ရာ တွေတော့ လေ့လာဖြစ်ခဲ့ကြောင်း သဉ္ဇာနွယ်ဝင်း ပြောပါတယ်။ ”သူတို့ နိုင်ငံ တွေရဲ့ လူနေမှုပုံစံတော့ကြိုက်တယ်။ သူတို့နိုင်ငံက အနုပညာနဲ့ပတ်သက်တာတွေ တော့ မလေ့လာဖြစ်ခဲ့ဘူး။ 

သူတို့ရဲ့ ဗိသုကာလက်ရာတွေတော့ လေ့လာခဲ့တယ်။ ရောမ နိုင်ငံက ဗိသုကာလက်ရာကတော့ အကောင်းဆုံးပါပဲ။ အမှတ်တရကတော့ထွေထွေထူးထူး မရှိခဲ့ပါဘူး။ ဒါပေမဲ့ မိသားစုနဲ့သွားရတဲ့အတွက် တအားပျော်ပါတယ်” လို့ ပြော ပါတယ်။ နှစ်သစ်ရောက်လာပြီ ဖြစ်တဲ့အတွက် နှစ်ဟောင်းထက် အနုပညာအလုပ်ကိုပိုကြိုးစားပြီး လုပ်သွားမှာ ဖြစ်ကြောင်း၊ လူတွေ အကုန်လုံးကိုလည်း စိတ်ရှည်ရှည် ထားပြီး ဆက်ဆံသွားမှာဖြစ်ကြောင်း သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။

”အဓိကကတော့ နှစ်သစ်မှာ အနုပညာအလုပ်ကို ပိုကြိုးစားပြီး လုပ်သွားမယ်။ ပရိသတ်တွေလည်း ကိုယ့်ကို အားပေးရကျိုးနပ်အောင် ပိုကြိုးစားသွားမယ်။ ပြီးတော့ စိတ် ရှည်ရှည်လေး ထားမယ်။ အဝတ်အစားတွေကိုလည်း ပုံစံတစ်မျိုးနဲ့ဝတ်ဖြစ်သွားမယ်” လို့ပြောပါတယ်။ ဇာတ်ကား ရိုက်ကူးမှုတွေကိုတော့ မေလဆန်းမှသာ ပြန်လည်ရိုက် ကူးသွားမှာဖြစ်ကြောင်း သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။

တွယ်တာ
By Popular Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ