နန်းခင်ဇေယျာက မေလ ၁ ရက်တွင်ပြုလုပ်မည့် ဆင်းရဲနွမ်းပါးကလေးငယ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခြင်း လုပ်ငန်းအတွက် ဗော်လန်တီယာများဖိတ်ခေါ်

နန်းခင်ဇေယျာက ရန်ကုန်တိုင်းဒေသကြီး (၁၀) မြို့နယ်မှ ပရဟိတဂေဟာ (၁၂) ခုနှင့် ဆင်းရဲနွမ်းပါးကလေး ငယ် (၁၃၅၀) ဦးတို့၏ စိတ်ဓာတ် ပိုင်းဆိုင်ရာမြင့်တင်ပေးခြင်း အားသစ်လောင်းအစီအစဉ်ကို မေလ ၁ ရက် ( အလုပ်သမားနေ့)တွင် ပြည်သူ့ရင်ပြင်၌ နံနက် (၁၀)နာရီ မှညေ(၅)နာရီထိပြုလုပ်မည်ဖြစ်ကြောင်းသူ၏လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားချက်အရသိရသည်။

  • ကလေးတိုင်းမိမိကိုယ်မိမိ ယုံကြည်မှုရှိလာစေ ရန်။ မျှော်လင့်ချက်များရှင်သန်လာစေရန်။
  • ကလေးတိုင်းအားသိမ်ငယ်မှုများပပျောက်စေရန်။ရဲရင့်ခြင်းရှိလာစေရန်။
  •  ကိုယ်ကျင့်တရားနှင့်စည်း စနစ်စံနှုန်းများကိုလေးစားထိန်းသိမ်းတတ်သူများဖြစ်လာစေရန် ။
  • စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ပညာရေးကိုပိုမိုအလေးထား တတ်စေရန်။ 
  • လူအချင်းချင်းစာနာစိတ်ဖြင့်ရင်းနှီးပွင့်လင်းစွာဆက်ဆံတတ်စေရန်။
ရည်ရွယ်ပြီး ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်ကြောင်းနန်းခင်ဇေယျာက လူမှုကွန်ရက် စာမျက်နှာ တွင်ဖော်ပြထား သည်။ယင်းအတွက် သူနှင့်အတူ အားပေးစကားပြောရင်းကလေးငယ်တို့၏ ယုံကြည်မှု၊စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင် မှုရရှိအောင် ၀ိုင်းဝန်းကူညီထောက်ပံ့ကြရရန် မိဘပြည်သူများ၊စိတ်ပါဝင်စားသူများ ကိုဖိတ်ခေါ်ထားကြောင်း သိရသည်။

NLA
By Popular Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ