ချစ်တင်းနှောခြင်းက အံ့ဖွယ် ကုသပေးနိုင်တဲ့ ရောဂါများ


ချစ်တင်းနှောခြင်းက ကောင်းကျိုးပေးနိုင်တယ်ဆိုတာ အံ့သြစရာ မဟုတ်ပါဘူးဆိုတဲ့ အချက်ကို သက်သေပြနိုင်ဖို့ ချစ်တင်းနှောခြင်းကြောင့် ပျောက်ကင်းနိုင်တဲ့ ရောဂါတွေကို ဖော်ပြပေးချင်ပါတယ်။

၁)ခေါင်းကိုက်ခြင်း

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ခံစားနေရသူ ထက်ဝက်ကျော်ဟာ ချစ်တင်းနှောပြီးနောက် ရောဂါလက္ခဏာများ သက်သာသွားတာကို လက်တွေ့ခံစားခဲ့ရပြီး ၂၀%ကတော့ ခေါင်းကိုက်ရောဂါ လုံးဝ ပျောက်ကင်းသွားတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကတော့ လိင်ဆက်ဆံစဉ်အတွင်း ထွက်ရှိတဲ့ အန်ဒိုဖင်ဟော်မုန်းကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

၂)ဓမ္မတာလာစဉ်နာကျင်မှု

ချစ်တင်းနှောခြင်းကရရှိတဲ့ စိတ်ကျေနပ်မှုက သားအိမ်ကြွက်သားတွေကို ကျုံ့စေပြီး ဦးနှောက်ကနေ သဘာဝနာကျင်မှုပျောက်ဆေးတစ်မျိုးလိုဖြစ်တဲ့ ဓာတုပစ္စည်းတွေ ထုတ်ပေးပါတယ်။ ဒါကြောင့် ဓမ္မတာလာစဉ်မှာ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုများကို ချက်ချင်းသက်သာ ပျောက်ကင်းစေပါတယ်။

၃)အအေးမိခြင်း

ပုံမှန် ချစ်တင်းနှောခြင်းက ကိုယ်ခံအားကို တိုးမြှင့်စေတဲ့ အကျိုးသက်ရောက်နိုင်ပြီး သာမန်ဖျားနာမှုကို တိုက်ဖျက်ပေးနိုင်တဲ့ ပဋိပစ္စည်းတစ်မျိုးဖြစ်တဲ့ အင်မျူနို ဂလိုဘင် A ကို ထုတ်ပေးနိုင်ပါတယ်။

၎)အိပ်မပျော်ခြင်း

ချစ်တင်းနှောပြီးနောက် ထွက်ရှိတဲ့ အချစ်ဟော်မုန်း အောက်ဆီတိုနင်က နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး အမျိုးသမီးများဟာ အမျိုးသားများထက် အောက်ဆီတိုနင် ပိုမိုထွက်ရှိတတ်ပါတယ်။

၅)ကြို့ထိုးခြင်း

ကြို့ထိုးတာကို ပျောက်ကင်းစေတဲ့ ထူးခြားတဲ့ဆေးနည်းကတော့ ချစ်တင်းနှောခြင်းကြောင့် ဖြစ်တဲ့ အထွတ်အထိပ်ရောက်ခြင်းပဲ ဖြစ်ပါတယ်။

၆)စိတ်ကျရောဂါ

ချစ်တင်းနှောခြင်းက စိတ်ကျန်းမာရေးနဲ့ ဆက်စပ်နေကြောင်းကို လေ့လာတွေ့ရှိမှု အမျိုးမျိုးအရ သိနိုင်ပါတယ်။ချစ်တင်းနှောခြင်းက ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတွေကို ထုတ်ပေးပြီး အမျိုးသားရဲ့ သုတ်ပိုးထဲမှာ ချစ်ခင်စွဲလန်းစိတ်ကို တိုးစေတဲ့ စိတ်ကျရောဂါကို ဆန့်ကျင်နိုင်တဲ့ဓာတ်တွေပါဝင်တာကို မကြာမီက ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ သိရှိခဲ့ကြပါတယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ