ဓာတ်ဆားမှုန့်ရေဖျော်သောက်တော့မယ်ဆိုရင်သတိထား


(ဓာတ်ဆားဆိုတာ ဘာလဲ…ဘာအတွက်သုံးတာလဲ)…

ဓာတ်ဆားမှုန့်(Oral Rehydration Salts)ဆိုတာ…ဝမ်း
ပျက်ဝမ်းလျှောခြင်းနဲ့အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာ
ရှိတဲ့ ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက်ရေနဲ့
ဖျော်သောက်တာပါ…ယခုလို အလွန်ပူပြင်းတဲ့အချိန်မှာ ချွေး
ထွက်လို့ဆုံးရှုံးသွားတဲ့ ရေနဲ့ဆားဓာတ်တွေပြန်လည်ဖြည့်တင်း
ဖို့အကောင်းဆုံးဆေးမှုံ့ပေါ့…

(ဘယ်လိုဓာတ်ဆားသောက်ရင်အကောင်းဆုံးလဲ)…

မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံကထုတ်လုပ်တဲ့ဓာတ်ဆား…
နိုင်ငံတကာမှတင်သွင်းရောင်းချတဲ့ဓာတ်ဆားမျိုးစုံ…အပြင်
ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများ…
အများအပြားရောင်းချနေပြီး တမျိုးနဲ့တမျိုး အာနိသင်သိသာ
စွာကွာခြားခြင်းမရှိပဲ…အားလုံးကောင်းကြပါတယ်…

အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့…မြန်
မာနိုင်ငံဆေးဝါးစက်ရုံ(MPF)ကထုတ်တဲ့ ဓာတ်ဆားပါ…

(ဓာတ်ဆားထုတ်ဝယ်ရင် ဘာတွေသိထားသင့်လဲ)…

ဓာတ်တားထုတ်ဝယ်တဲ့အခါပထမဆုံးကြည့်သင့်တာက သက်
တမ်းကုန်ဆုံးရက်(Expiry date)ပါ…Date ကောင်းတာ
နဲ့တင်မပြီးပါဘူး…လတ်ဆပ်မှု့ရှိ/မရှိ လှုပ်ကြည့်ရပါမယ်…
ကပ်နေရင်(သို့)အထဲကအမှုံ့အရောင်ပြောင်းနေရင် လုံးဝ
မသောက်သင့်ပါဘူး…

(ဓာတ်ဆားထုတ်ကို ဘယ်လိုထားသိုရမလဲ…ဘယ်ရေနဲ့ဖျော်
ရမလဲ)…

ဓာတ်ဆားတထုတ်ကို ရေကျက်အေး(သို့)ရေတစ်လီတာ/ရေ
သန့်တဗူးနဲ့ဖျော်ရမှာပါ…သတိထားရမှာက ရေနွေးနဲ့မဖျော်
ရသလို…ရေခဲသေတ္တာထဲကရေအေးနဲ့လဲမဖျော်သင့်ပါဘူး…
ဓာတ်ပျယ်သွားတတ်လို့ပါ…

ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသို
ရမှာဖြစ်ပြီး…နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာ
မထားသင့်ပါဘူး…

ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်းကုန်အောင်သောက်
ရမှာဖြစ်ပြီး ၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်
ပစ်ရမှာပါ…

(တစ်နေ့ဘယ်နှစ်ထုတ်သောက်ရမလဲ…ဘယ်လိုလူတွေမ
သောက်ရဘူးလဲ)…

ပုံမှန်အားဖြင့်ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာသုံး
သင့်ပါတယ်…၂ ထုတ်ထက်ပိုသောက်မိရင် ခန္ဓာကိုယ်ကပိုနေ
မဲ့ ဆားဓာတ်ကိုမစွန့်ထုတ်နိုင်ပဲသွေးတိုးရောဂါဖြစ်တတ်လို့ပါ

ဓာတ်ဆားထုတ်ကို ဆီးချို /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်
ကြားချက်နဲ့မှသောက်သင့်ပါတယ်…

(ဒါကြောင့်)တန်ဆေး လွန်ဘေးဆိုသလို ချွေးထွက်အလွန်များ
တဲ့ ယခုလိုနွေရာသီမှာ ဓာတ်ဆားထုတ်သောက်တဲ့အခါ…ဆင်
ခြင်စရာလေးတွေကို ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြ
လိုက်ရပါတယ်

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ