ဘရာဇီးနိုင်ငံ၌ ငန်းဝါရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ ၂ဝဝ ကျော်ထိ မြင့်တက်


ဘရာဇီးနိုင်ငံ၌ ငန်းဝါအဖျားရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၂ဝဝ ကျော်ထိ မြင့်တက် လာပြီဖြစ်ကြောင်း ယင်းနိုင်ငံ အစိုးရက ထုတ်ပြန်သည်။

အဆိုပါ ငန်းဝါရောဂါသည် နိုင်ငံ၏ အရှေ့တောင် ပိုင်းရှိ ပြည်နယ်များ၌ အများဆုံး ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ လတွင် နိုင်ငံ အတွင်း ငန်းဝါရောဂါကြောင့် သေဆုံးသူ ၂ဝ၂ ဦး အနက် ၁၄၈ ဦးသည် အရှေ့တောင်ပိုင်း ပြည်နယ် ဖြစ်သော မီနပ်ဂီရေ့ပြည်နယ်မှ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ အလားတူ အက်စပီရီကိုဆန်တို ပြည်နယ်၊ ဆောင်ပေါလိုပြည်နယ်နှင့် ရီယိုဒီဂျနေးရိုး ပြည်နယ်တို့ ၌လည်း ငန်းဝါရောဂါ ဖြစ်ပွားလျက်ရှိပြီး သေဆုံးမှုများ ရှိနေကြောင်း သိရသည်။ ကျန်းမာရေး အာဏာပိုင်များသည် ဆယ်စု နှစ်များစွာကြာ ငန်းဝါရောဂါကို တိုက်ဖျက်ရန်အတွက် ငန်းဝါရောဂါ ကာကွယ်ဆေးများကို ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရသည်။

မြဝတီ
https://www.facebook.com/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ